ပရီးမီးယားလိဂ် ပွဲတွေမှာ ပွဲ ရလဒ်ပိုင်း ပြောင်းလဲလာစေတဲ့ ထိ VAR ဆုံးဖြတ်ချက် မမျှတမှုတွေအတွက် ရှေ့ထွက် စကားပြောကြဖို့ အာဆင်နယ် နည်းပြ အာတီတာက တခြား အသင်း မန်နေဂျာတွေကို တောင်းဆိုထားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာလည်း ဒီတလောမှာ VAR ကြောင့် ရလဒ်တွေ ထိခိုက်နေပြီး ချန်ပီယံလိဂ်မှာတော့ ကိုပင်ဟေဂင်ကို ၄-၃ ဖြင့် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ VAR အကြောင်းကို စကားပြောကြရမှာ ဖြစ်ပေမယ့်လို့ လူအများရှေ့ ငြင်းခုံကြတဲ့ ပုံစံမျိုးနဲ့ မဟုတ်ပါဘူးလို့ ဆိုခဲ့ပါတယ်။
ကစားပွဲတွေအပေါ် မကောင်းမြင်စရာ သက်ရောက်မှု ရှိလာတဲ့ VAR အပေါ် စိတ်ပျက်မိလားလို့ မေးခံရချိန်မှာ ယူနိုက်တက် နည်းပြက
” ဟုတ်ပါတယ်၊ ကျနော် စိတ်ပျက်ပါတယ်။ ဒါပေမယ့် မန်နေဂျာတွေ အနေနဲ့ ကျနော်တို့ အားလုံးဟာ ဘောလုံးပိုင်း တိုးတက်လာရေး ဖြေရှင်းနည်းတွေကို အတူတကွပဲ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် PGMOL နဲ့ စကားပြောကြရမှာ ဖြစ်ပါတယ်။
လူ အများရှေ့မှာ ဆွေးနွေးငြင်းခုံတာတွေ လုပ်ဖို့ မလိုပါဘူး။ ” လို့ ရိုးရိုးရှင်းရှင်းပဲ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။