နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ စနေနေ့ညက လူတန်တောင်း အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရာ အတော် ရုန်းကန်လိုက်ရပြီးမှ လင်ဒီလော့ဖ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အတူ ၁-ဝ ဖြင့် အနိုင် ရခဲ့ပါတယ်။
ယူနိုက်တက် အတွက် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ နောက်ခံလူ လင်ဒီလော့ဖ်က သူ့ရဲ့ ပျော်ရွှင် ဝမ်းမြောက်မှုကို ပွဲပြီး အင်တာဗျူးမှာ ဖွင့်ဟခဲ့သလို ယူနိုက်တက် တိုးတက်အောင် လုပ်ရမယ့် နေရာကိုလည်း ထောက်ပြ သွားခဲ့ပါတယ်။
” ကျွန်တော်က ဂိုးတွေ အများကြီး သွင်းလေ့ မရှိဘူး။ အဲ သွင်းပြီဟေ့ ဆိုရင်လည်း ပျော်စရာကြီးပေါ့ဗျာ။ အရေး အကြီးဆုံးက အသင်း အမှတ်တွေ ရဖို့ပဲ ဖြစ်တယ်။ ကံကောင်းစွာပဲ ဒီနေ့ အမှတ်ပြည့် ရခဲ့တယ်။
ဒီနေ့ပွဲ ပထမပိုင်းမှာ ကျွန်တော်တို့ တော်တော် ကောင်းကောင်း ကစားခဲ့တယ် လို့ ထင်ပါတယ်။ ဘောလုံးကို ထိန်းထားတယ် စိတ်ရှည်ရှည်နဲ့ ဖောက်တယ်။ အခွင့်အရေးတွေ ကိုလည်း ဖန်တီးနိုင်ခဲ့တယ်။
ဂိုးသွင်းပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ နည်းနည်း လယ်ယေ် ကျသွားသေးတယ်။ ဒါကို တိုးတက်အောင် လုပ်ရပါဦးမယ်။ ပွဲကို ဆက် ထိန်းချုပ်တဲ့ အပိုင်းပေါ့။
အဓိကကျတာကတော့ ရလဒ်ကောင်း ယူဖို့ပါပဲ။ ကျွန်တော်တို့ အချင်းချင်း လက်တွဲပြီး အတူတကွ ရင်ဆိုင်သွားကြဖို့၊ ကိုယ့် အလုပ်တွေ ကိုယ် လုပ်ဖို့ပဲ။ နောက်လာမယ့် ပွဲတွေမှာ ကျွန်တော်တို့ ပိုပြီး ကောင်းကောင်း ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ လင်ဒီလော့ဖ်က ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ အတွက် ၂ ပွဲဆက် clean sheet နဲ့ နိုင်ပွဲရသွားခဲ့တာ ဖြစ်ပြီး အမှတ်ပေး ဇယားမှာလည်း အဆင့် ၆ မှာ ရပ်တည်ကာ top 4 နဲ့ သုံးမှတ်သာ ကွာတော့တာ ဖြစ်ပါတယ်။