လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ မန်စီးတီးရော မန်ချက်စတာ ယူနိုက်တက်လည်း ပါဝင်နေသေးတယ်လို့ ယုံကြည်ကြောင်း အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ လီဗာပူးက ရှက်ဖီးကို ၂-ဝ နဲ့ နိုင်ခဲ့ပေမယ့် မန်စီးတီးက ဗီလာကို ၁-ဝ နဲ့ ကပ်ရှုံးသွားခဲ့ပါတယ်။ ယူနိုက်တက် က ချယ်ဆီးကို နိုင်ကာ အဆင့် ၆ ရောက်လာပြီး အဆင့် ၄ ရောက်သွားတဲ့ မန်စီးတီးနဲ့ ၃ မှတ်သာ ကွာနေပါတယ်။

ကလော့ပ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲဟာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လို့ ယူဆထားပြီး ဘယ်ပြိုင်ဘက်ကိုမှ စာရင်က ဖယ်ထုတ်မထားပါဘူး။

ပရီးမီးယားလိဂ် ချန်ပီယံ အလားလာနဲ့ ပတ်သတ်ပြီး ကလော့ပ်က ” ကျွန်တော်လည်း သေချာတော့ ဘယ် သိဦးမလဲ၊ စောင့်ကြည့်ရမှာပေါ့။ တစ်ယောက်ယောက်က မန်စီးတီးကို ဒီစာရင်းကနေ ဖယ်ထုတ် လိုက်မယ် ဆိုရင် ဘောလုံး သမိုင်းနဲ့ချီပြီး ဟာသကြီး ဖြစ်သွားမယ်။ လုံးဝ အဓိပ္ပါယ် မရှိဘူးလေ။

အာဆင်နယ်ကလည်း ဖိုက်နေတယ်။ သူတို့ လူတန်နဲ့ ပွဲမှာရော ဖူလ်ဟမ်နဲ့ ပွဲမှာရော ဒါမျိုး ပုံစံတွေ လုပ်ပြခဲ့တယ်။ လုံးဝ ကောင်းနေတဲ့ ဖီလင်ပဲ။

အက်စတွန်ဗီလာလည်း မယုံနိုင်စရာ လုပ်ပြနေတယ်၊ ယူနိုက်တက် ရောပဲ။ ယူနိုက်တက်က ဘောလုံးမှာ လူတိုင်း မြင်ချင်တဲ့ ပုံစံမျိုး စိတ်ကြိုက် မကစားပြနိုင်သေးဘူး။ မီဒီယာတွေ ပြောနေတာရောပေါ့။ ဒါပေမယ့် အမှတ်တွေ ရနေတာ ရူးချင်စရာကြီးနော်။ ဒါကြောင့် သူတို့ အခုထိ အနီးနားမှာ ရှိနေသေးတာ။

နောက်ပြီးတော့ ချယ်ဆီး။ သူတို့ လိုက်လာဦးမလား ကျွန်တော်လည်း သေချာ မပြောနိုင်ဘူး။ သူတို့က တောင့်တင်းကြတယ်။ ဒီလိဂ်ကလည်း မယုံနိုင်စရာ တောင့်တင်းလွန်းပါတယ်။ ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။