ချယ်ဆီးအသင်းဟာ မနေ့ညက အိုးထရတ်ဖိုဒ့်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ကို မကျော်နိုင်ဘဲ ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးမှာ ချယ်ဆီး နည်းပြ ပိုချက်တီနိုက ဒီပွဲ အရေးနိမ့်ရတဲ့ အဓိက အကြောင်းရင်းက မန်ယူနိုက်တက် ကစားသမားတွေ လန်းဆန်းနေချိန် ချယ်ဆီး ကစားသမားတွေက ပွဲပန်းထားတာကြောင့်လို့ ဆင်ခြေ ပေးလာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ပွဲဟာ အနည်းငယ် စောခဲ့ပြီး ချယ်ဆီးကတော့ ဘရိုက်တန်ကို ၁ ယောက်ဖြင့် ပွဲချိန် အများကြီး ကစားခဲ့ရသေးတာ ဖြစ်ပါတယ်။

” ခက်ခဲတဲ့ စတင်မှု ဖြစ်ခဲ့ပါတယ်။ မန်ယူနိုက်တက်က ပိုပြီး အင်အားကြီးကြီး ကစားနိုင်ခဲ့ပါတယ်။ ကြည့်ရတာ တနင်္ဂနွေနေ့ ပွဲတုန်းက ၁ ယောက်လျော့နဲ့ မိနစ် ၆၀ လောက် ကစားခဲ့ရတာက ကျနော်တို့ အပေါ် သက်ရောက်မှု ကြီးမားခဲ့ပုံ ရပါတယ်။

ဒီလိုပွဲမျိုးက အကဲဖြတ်ရတာ ခက်ခဲပါတယ်။ ယူနိုက်တက်က ပြန်ပြီး အားဖြည့်ချိန် ၁ ရက် ပိုစော ရခဲ့တာကလည်း အရေးသာသွား တယ်။ ကျနော်တို့ကျတော့ ၁ ယောက်လျော့ကို မိနစ် ၆၀ လောက် ကစားခဲ့ရတာပါ။

ဒီလို အခြေအနေမှာ ပွဲအစကတည်းက ကျနော်တို့ဟာ အင်အားပိုင်း အနည်းငယ် အားပျော့နေ ခဲ့တာ ဖြစ်ပါတယ်။ ” လို့ ပိုချက်တီနိုက နှိုင်းယှဉ် ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။

ဒီပွဲအပြီး မန်ယူနိုက်တက်ဟာ အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၃ မှတ်အကွာ အဆင့် ၆ မှာ ဆက် ရှိနေကာ ချယ်ဆီးကတော့ ရမှတ် ၁၉ မှတ်ဖြင့် အဆင့် ၁၀ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။