အဲဗာတန်ကို အဝေးကွင်းမှာ ၂-၀ ဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြပိုချက်တီနိုက ဂိုးမသွင်းတတ်တဲ့ သူ့ရဲ့ အသင်းသားတွေကို ဝေဖန်သွားပါတယ်။

အထောင်တိုက်စစ်နေရာက ပွဲထွက်လာတဲ့ တိုက်စစ်မှူး ဘရိုဂျာအပြင် လူစားဝင် တိုက်စစ်သမား ဂျက်ဆက်နဲ့တကွ စတာလင်၊ ပါးမားတို့ပါ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရခြင်းနဲ့အတူ ချယ်ဆီးတိုက်စစ်က သွင်းဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။

နည်းပြပိုချက်တီနိုကတော့ ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ယူလိုတဲ့ သဘောမျိုးကို ပွဲအပြီး ထုတ်ပြောလာခဲ့တယ်။

ပိုချက်တီနိုက ” ဘောလုံးဆိုတာ ဂိုးသွင်းရတာပါ။ ကျနော်တို့ကတော့ တိုက်စစ်မှာ ထိရောက်မှုရှိရှိ မလုပ်နိုင်ခဲ့ပါဘူး။ ကျနော် တကယ့်ကိုပဲ စိတ်ပျက်ခဲ့ရပါတယ်။ ကျနော်တို့ ပိုကောင်းခဲ့ပေမယ့် ကိုယ်လိုချင်သလို မလုပ်နိုင်ခဲ့ပါဘူး။

ဒီပွဲက ကစားပြီး နိုင်ဖို့ လိုခဲ့တာပါ။ ကျနော်တို့ ကိုယ့်ဘာသာ ဆန်းစစ်ပြီး ပြဿနာတွေကို အမှန်အတိုင်း မြင်နိုင်ဖို့ လိုနေပါတယ်။ နောက်ထပ် အပြောင်းအရွှေ့ စျေးကွက်ကနေ အသင်းတိုးတက်လာအောင် ကြိုးစားရေး စကားပြောဖို့ လိုပါမယ် ” လို့ ပြောဆိုသွားပါတယ်။

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီးမှာ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်ထက် တန်းဆင်းသွားရဖို့ကတောင် ပိုပြီး နီးစပ်နေတာပဲ ဖြစ်ပါတယ်။