အာဆင်နယ် နည်းပြ အာတီတာကတော့ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ အာဆင်နယ် အသင်းသားတွေ့ရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ အတွက် ထူးခြားတဲ့ ဆင်ခြေ အကြောင်းပြချက်မျိုး ပေးခဲ့ပါတယ်။
အာဆင်နယ် ဟာ အဝေးကွင်း ဗီလာပါ့ခ် မှာ မက်ဂင်းရဲ့ ပွဲချိန် ၇ မိနစ်တည်းက သွင်းဂိုးကို မချေပနိုင်၊ မကျော်ဖြတ်နိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ ၁-ဝ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဂိုးသွင်းခွင့် အပိုင် အခွင့်အရေးတွေ ရခဲ့ပြီး အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကိုယ်တိုင် ၂ ကြိမ်လောက် လွဲချော်ခဲ့သေးတာပါ။
အာဆင်နယ်က ဂိုးပေါက်တည့်တဲ့ ကန်ချက် ၅ ကြိမ် ရှိခဲ့ပြီး ဗီလာက ၃ ကြိမ်သာ ရှိခဲ့တာပါ။ ဒါပေမယ့် ဂိုးဝင်သည်ထိ မပြောင်းလဲနိုင်တာကြောင့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ သူ့ ကစားသမားတွေ လိုအပ်ချက်ကို ဖော့ ပြောပေးခဲ့ပြီး ကွင်းထဲ လေတိုက်နှုန်း ပြင်းနေတာက ဘောလုံးကို ထိန်းရခက်စေခဲ့တယ် လို့ ဆိုလာခဲ့ပါတယ်။
” ကျွန်တော်ကတော့ ဒီနေ့ လေ အတော်တိုက်နေလို့ လို့ ထင်တယ်။ ဘောလုံး ပေး လွဲတာတွေ၊ ထိချက် မမှန်တာတွေ၊ ဘောလုံး ပေးပို့တာ လွဲတာတွေ ဒီနေ့ တော်တော်ကြီးကို တွေ့ခဲ့ရတာ၊ ခင်ဗျားတို့လည်း မြင်ကြမှာပါ။
ကျွန်တော်လည်း သေချာတော့ မပြောတတ်ဘူး။ ဒါပေမယ့် သေချာတာတော့ သူတို့ အဆုံးသတ်ပိုင်း တိုးတက်ဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါကို ကျွန်တော် လက်ခံပါတယ်၊ မှန်ပါတယ်။ ” လို့ အာတီတာက ပြောဆိုခဲ့တာပါ။
အဲဒီပွဲမှာ နည်းပြ အာတီတာက ပွဲပယ်ထိထားတာကြောင့် ကွင်းဘေးက ကြီးကြပ်ခွင့် မရခဲ့ဘဲ ပွဲကြည့်စဉ်ကနေသာ ကြည့်ရှုခဲ့ရတာ ဖြစ်ပါတယ်။