လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲနဲ့ ၁၆ သင်း အဆင့် တက်ဖို့ အဆုံး အဖြတ် ပွဲအဖြစ် အင်္ဂါနေ့ညမှာ ဆဲလ်ဘတ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အောက်တိုဘာလထဲက သြစတြီးယားကလပ်ကို အိမ်ကွင်း အန်းဖီးမှာ ရင်ဆိုင် ကစားစဉ်ကတော့ လီဗာပူးက ၄-၃ နဲ့ အနိုင်ရရှိထားပါတယ်။
ထိုပွဲမှာ ထိပ်သီးကလပ်တွေ အပြိုင် စိတ်ဝင်စားတဲ့ တိုက်စစ်မှူး ဟာလင်း ဂိုးသွင်းခဲ့သလို ဒီတကျော့မှာလည်း ဆဲလ်ဘတ် ကြယ်ပွင့် တိုက်စစ်မှူးက ထပ်မံ အစွမ်းပြဖို့ တာစူနေပါလိမ့်မယ်။ ဒီပွဲ မတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာတော့ ကလော့ပ်နဲ့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဆဲလ်ဘတ်နဲ့ ပွဲကို သေချာ အာရုံစိုက် ကစားမယ် ပြောဆိုထားပါတယ်။
ပွဲချိန်ကတော့ အင်္ဂါနေ့ည/ ဗုဒ္ဓဟူးနေ့ မနက်အစော မြန်မာစံတော်ချိန် ၁၂း၂၅ နာရီ ဖြစ်ပါတယ်။ ဒီပွဲ အတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ ချာလီ နစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်း ရလဒ်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
” ဒီပွဲမှာ ရက်ဘူး ဆဲလ်ဘတ်သာ နိုင်ရင် လီဗာပူး ထွက်ရပြီဖြစ်တယ်။ ဒီတော့ သူတို့က အစွမ်းကုန် အားထုတ်ပါလိမ့်မယ် အန်းဖီးမှလည်း ဘယ်လို ကစားခဲ့တယ်ဆိုတာ မြင်ခဲ့ပြီးသားပါ။ လီဗာပူးက ပြည်တွင်း ပရီးမီးယားလိဂ် နောက်ဆုံး ကစားထားတဲ့ ဘုန်းမောက်နဲ့ ပွဲမှာတော့ သက်တောင့်သက်သာ အနိုင်ရရှိထားပါတယ်။
အဲဒီပွဲမှာ ဆဲလ်ဘတ်ကစားသမားဟောင်း နာဘေ ကိတ်တာ လီဗာပူးအတွက် ပါဝင်ခဲ့ပြီး ဂိုးလည်း သွင်းခဲ့ပါတယ်။ ယာဂင်ကလော့ပ်ကတော့ ကစားသမားတွေကို လန်းဆန်းနေအောင် အလှည့်ကျနဲ့ သူ တတ်နိုင်သလောက် ကြိုးစားထားပါတယ်။ ဒီကြားရက် ချန်ပီယံလိဂ် ပွဲမှာ သရေ တစ်မှတ် ရရင် လီဗား အတွက် လုံလောက်ပါပြီ။ ဒါပေမယ့် လီဗာပူး ထုံးစံအတိုင်း ရင်ခုန်သံတွေ တော်တော်မြန်စေဦးမှာပါ။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။
ချာလီ နစ်ကိုးလပ်စ် ခန့်မှန်း ရလဒ်ကတော့ ရက်ဘူး ဆဲလ်ဘတ် ၂-၂ လီဗာပူး ဖြစ်ပါတယ်။
Zawgyi
လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆံုးပြဲနဲ႕ ၁၆ သင္း အဆင့္ တက္ဖို႔ အဆံုး အျဖတ္ ပြဲအျဖစ္ အဂၤါေန႔ညမွာ ဆဲလ္ဘတ္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ေအာက္တိုဘာလထဲက ၾသစၾတီးယားကလပ္ကို အိမ္ကြင္း အန္းဖီးမွာ ရင္ဆုိင္ ကစားစဥ္ကေတာ့ လီဗာပူးက ၄-၃ နဲ႕ အနုိင္ရရွိထားပါတယ္။
ထိုပြဲမွာ ထိပ္သီးကလပ္ေတြ အျပိဳင္ စိတ္၀င္စားတဲ့ တိုက္စစ္မွဴး ဟာလင္း ဂိုးသြင္းခဲ့သလို ဒီတေက်ာ့မွာလည္း ဆဲလ္ဘတ္ ၾကယ္ပြင့္ တိုက္စစ္မွဴးက ထပ္မံ အစြမ္းျပဖို႔ တာစူေနပါလိမ့္မယ္။ ဒီပြဲ မတိုင္ခင္ ပြဲၾကိဳ ရွင္းလင္းပြဲမွာေတာ့ ကေလာ့ပ္နဲ႕ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဆဲလ္ဘတ္နဲ႕ ပြဲကို ေသခ်ာ အာရံုစိုက္ ကစားမယ္ ေျပာဆိုထားပါတယ္။
ပြဲခ်ိန္ကေတာ့ အဂၤါေန႔ည/ ဗုဒၶဟူးေန႔ မနက္အေစာ ျမန္မာစံေတာ္ခ်ိန္ ၁၂း၂၅ နာရီ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ စကိုင္းစေပါ့မွ နာမည္ေက်ာ္ သံုးသပ္သူ ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။
” ဒီပြဲမွာ ရက္ဘူး ဆဲလ္ဘတ္သာ နုိင္ရင္ လီဗာပူး ထြက္ရျပီျဖစ္တယ္။ ဒီေတာ့ သူတို႔က အစြမ္းကုန္ အားထုတ္ပါလိမ့္မယ္ အန္းဖီးမွလည္း ဘယ္လို ကစားခဲ့တယ္ဆုိတာ ျမင္ခဲ့ျပီးသားပါ။ လီဗာပူးက ျပည္တြင္း ပရီးမီးယားလိဂ္ ေနာက္ဆံုး ကစားထားတဲ့ ဘုန္းေမာက္နဲ႕ ပြဲမွာေတာ့ သက္ေတာင့္သက္သာ အနိုင္ရရွိထားပါတယ္။
အဲဒီပြဲမွာ ဆဲလ္ဘတ္ကစားသမားေဟာင္း နာေဘ ကိတ္တာ လီဗာပူးအတြက္ ပါ၀င္ခဲ့ျပီး ဂိုးလည္း သြင္းခဲ့ပါတယ္။ ယာဂင္ကေလာ့ပ္ကေတာ့ ကစားသမားေတြကို လန္းဆန္းေနေအာင္ အလွည့္က်နဲ႕ သူ တတ္နုိင္သေလာက္ ၾကိဳးစားထားပါတယ္။ ဒီၾကားရက္ ခ်န္ပီယံလိဂ္ ပြဲမွာ သေရ တစ္မွတ္ ရရင္ လီဗား အတြက္ လံုေလာက္ပါျပီ။ ဒါေပမယ့္ လီဗာပူး ထံုးစံအတိုင္း ရင္ခုန္သံေတြ ေတာ္ေတာ္ျမန္ေစဦးမွာပါ။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။
ခ်ာလီ နစ္ကိုးလပ္စ္ ခန္႔မွန္း ရလဒ္ကေတာ့ ရက္ဘူး ဆဲလ္ဘတ္ ၂-၂ လီဗာပူး ျဖစ္ပါတယ္။