ချန်ပီယံလိဂ် နောက်တစ်ဆင့် ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ အဆုံးအဖြတ် အဖြစ် ချယ်ဆီးအသင်းဟာ ဒီနေ့ညမှာ လိုင်လီကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဗုဒ္ဓဟူးနေ့ မနက် မြန်မာစံတော်ချိန် ၂း၃၀ နာရီ ဖြစ်ပါတယ်။

ဒီပွဲ မတိုင်ခင် ပွဲကြို ထရိန်နင်မှာ တိုမိုရီနဲ့ ဂျီရူးတို့ မပါဝင်ခဲ့ပါဘူး။ တိုမိုရီက ပေါင်မှာ ဒဏ်ရာ ရှိနေတာလို့ သိရပြီး အခြား ခံစစ်မှူး ရူဒီဂါကတော့ ဒဏ်ရာကနေ သက်သာ ကောင်းမွန်လာကာ အသင်း ထရိနင်မှာ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။

လမ်းပတ်နဲ့ ချယ်ဆီး လူငယ်တွေဟာ အုပ်စုတွင်း ရမှတ် တစ်မှတ်သာ ရသေးတဲ့ လိုင်လီကို ဒီပွဲ အနိုင်ကစားမှ နောက်တစ်ဆင့် တက်ရောက်ဖို့ သေချာမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ ချာလီ နစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းချက်ကို ဖော်ပြပေးပါမယ်။

” ချယ်ဆီးက ဒီပွဲကနေ နိုင်ပွဲ တကယ်ကို လိုအပ်နေတယ်။ လီဗာပူးနဲ့ ပွဲလို ခပ်ဆင်ဆင်ပဲ ဆိုရမှာပါ။ ဒါကြောင့်လည်း တွန်းအားတွေ ရနေသလို စိတ်လှုပ်ရှားမှုတွေလည်း မြင်ရမှာပါ။ ချယ်ဆီး လူငယ်တွေက ဒီပွဲကို အဆင်ပြေပြေ ကစားနိုင်မယ်လို့ ကျနော် ထင်ထားပါတယ်။ ချယ်ဆီး လိုအပ်တဲ့ ရလဒ် အရယူပါလိမ့်မယ်။ ဒါပေမယ့် ဒါမျိုး စိတ်ဓာတ် ကစားအားတွေကို ဒီပြိုင်ပွဲ နောက်အဆင့်တွေမှာ မြင်ရပါ့မလား မသေချာပါဘူး။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်း ရလဒ်ကတော့ ချယ်ဆီး ၂-၀ လိုင်လီ ဖြစ်ပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္ ေနာက္တစ္ဆင့္ ၁၆ သင္း ရွံဳးထြက္ အဆင့္ကို တက္ေရာက္ဖို႔ အဆံုးအျဖတ္ အျဖစ္ ခ်ယ္ဆီးအသင္းဟာ ဒီေန႔ညမွာ လိုင္လီကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဗုဒၶဟူးေန႔ မနက္ ျမန္မာစံေတာ္ခ်ိန္ ၂း၃၀ နာရီ ျဖစ္ပါတယ္။

ဒီပြဲ မတိုင္ခင္ ပြဲၾကိဳ ထရိန္နင္မွာ တိုမိုရီနဲ႕ ဂ်ီရူးတို႕ မပါ၀င္ခဲ့ပါဘူး။ တိုမိုရီက ေပါင္မွာ ဒဏ္ရာ ရွိေနတာလို႔ သိရျပီး အျခား ခံစစ္မွဴး ရူဒီဂါကေတာ့ ဒဏ္ရာကေန သက္သာ ေကာင္းမြန္လာကာ အသင္း ထရိနင္မွာ ပါ၀င္ေလ့က်င့္ခဲ့ပါတယ္။

လမ္းပတ္နဲ႕ ခ်ယ္ဆီး လူငယ္ေတြဟာ အုပ္စုတြင္း ရမွတ္ တစ္မွတ္သာ ရေသးတဲ့ လိုင္လီကို ဒီပြဲ အနုိင္ကစားမွ ေနာက္တစ္ဆင့္ တက္ေရာက္ဖို႔ ေသခ်ာမွာ ျဖစ္ပါတယ္။ ဒီပဲြ အတြက္ စကိုင္းစေပါ့မွ နာမည္ေက်ာ္ သံုးသပ္သူ ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းခ်က္ကို ေဖာ္ျပေပးပါမယ္။

” ခ်ယ္ဆီးက ဒီပြဲကေန နုိင္ပြဲ တကယ္ကို လိုအပ္ေနတယ္။ လီဗာပူးနဲ႕ ပြဲလို ခပ္ဆင္ဆင္ပဲ ဆိုရမွာပါ။ ဒါေၾကာင့္လည္း တြန္းအားေတြ ရေနသလို စိတ္လႈပ္ရွားမႈေတြလည္း ျမင္ရမွာပါ။ ခ်ယ္ဆီး လူငယ္ေတြက ဒီပြဲကို အဆင္ေျပေျပ ကစားနုိင္မယ္လို႔ က်ေနာ္ ထင္ထားပါတယ္။ ခ်ယ္ဆီး လိုအပ္တဲ့ ရလဒ္ အရယူပါလိမ့္မယ္။ ဒါေပမယ့္ ဒါမ်ိဳး စိတ္ဓာတ္ ကစားအားေတြကို ဒီျပိဳင္ပြဲ ေနာက္အဆင့္ေတြမွာ ျမင္ရပါ့မလား မေသခ်ာပါဘူး။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၀ လိုင္လီ ျဖစ္ပါတယ္။