ဇင်းနစ်ခံစစ်မှး လိုဗရန်က လီဗာပူးမှာ ရှိခဲ့စဉ် မာနေး၊ ဆာလက်တို့ရဲ့ အဝတ်လဲခန်းတွင်း အခြေအနေနဲ့ ပက်သက်လိ့ ထုတ်ပြောမှုတစ်ခု ပြုလုပ်သွားပါတယ်။

လိုဗရန်က လီဗာပူးတိုက်စစ်သမား နှစ်ဦးက သွင်းဂိုးတွေကို အပြိုင်အဆိုင် သွင်းယူနေရတာကို ပျော်ရွှင်နေသလို ဆုဖလားတွေ ဆက်လက် အောင်မြင်ဖို့ ဆာလောင်နေဆဲပါလို့ ထုတ်ပြောခဲ့တယ်။ ဆာလက် ဘောလုံးမပေးခြင်းကို မာနေး ဒေါသထွက်ရာက သူတို့ နှစ်ဦးကြား ပြိုင်ဆိုင်မှုဟာ အမြဲတမ်း မေးခွန်းထုတ်ခံခဲ့ရပြီး တိုက်စစ်သမားတွေကတော့ အဆင်ပြေပြေ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

လိုဗရန်က ” ကစားသမားတွေကြားမှာ ပြိုင်ဆိုင်မှုရှိတာက အရမ်းကောင်းပါတယ်။ အဲ့တာက ပုံမှန်ပါပဲ။ ဆာလက်က မာနေးထက် ဂိုးပိုရလိုပါတယ်။ ဒါက ဘောလုံးပဲလေ။ ” ဆိုပြီး ကစားသမားတွေရဲ့ သွင်းဂိုးအတွက် ပြိုင်ဆိုင်မှုအပေါ် မှတ်ချက်ပေးပါတယ်။

သူကပဲ ဆက်လက်ပြီး ” နှစ်ဦးလုံးက ပုံစံကောင်းတွေမှာ ရနေရင် ဒါက အသင်းအတွက် သိပ်ကောင်းတာပါပဲ။ နောက်ပြီး အဲ့တာက အရေးအကြီးဆုံးပါပဲ။ ဆာလက်က ပွဲတွေမှာ ဂိုးမသွင်းနိုင်ရင်လည်း သူက ကိုယ်ဘာသာပဲ အပြစ်တင်ပါတယ်၊ မာနေးကို အပြစ်မတင်ပါဘူး။ ဆာလက်ကက နောက်ပွဲတွေမှာ တိုးတက်လာဖို့ သူ့အမှားတွေကိုပဲ အာရုံစိုက်ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဖရိကတိုက်စစ်အတွဲဟာ လီဗာပူးအတွက် အကျိုးဖြစ်တဲ့ ခေါ်ယူမှုတွေဖြစ်ခဲ့သလို အသင်းအောင်မြင်မှုအတွက် အရေးပါဆုံး ကစားသမားတွေထဲ ပါဝင်ခဲ့တယ်။ သူတို့ နှစ်ဦးဟာ အာဖရိက အကောင်းဆုံးဆုတွေအတွက်ပါ အမြဲတမ်း အပြိုင်အဆိုင် ဖြစ်နေကြသူတွေ ဖြစ်ပါတယ်။

ZAWGYI

ဇင္းနစ္ခံစစ္မွး လိုဗရန္က လီဗာပူးမွာ ရွိခဲ့စဥ္ မာေနး၊ ဆာလက္တို႔ရဲ႕ အဝတ္လဲခန္းတြင္း အေျခအေနနဲ႔ ပက္သက္လိ႔ ထုတ္ေျပာမႈတစ္ခု ျပဳလုပ္သြားပါတယ္။

လိုဗရန္က လီဗာပူးတိုက္စစ္သမား ႏွစ္ဦးက သြင္းဂိုးေတြကို အျပိဳင္အဆုိင္ သြင္းယူေနရတာကို ေပ်ာ္ရႊင္ေနသလို ဆုဖလားေတြ ဆက္လက္ ေအာင္ျမင္ဖို႔ ဆာေလာင္ေနဆဲပါလို႔ ထုတ္ေျပာခဲ့တယ္။ ဆာလက္ ေဘာလံုးမေပးျခင္းကို မာေနး ေဒါသထြက္ရာက သူတို႔ ႏွစ္ဦးၾကား ျပိဳင္ဆိုင္မႈဟာ အျမဲတမ္း ေမးခြန္းထုတ္ခံခဲ့ရျပီး တိုက္စစ္သမားေတြကေတာ့ အဆင္ေျပေျပ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။

လိုဗရန္က ” ကစားသမားေတြၾကားမွာ ျပိဳင္ဆိုင္မႈရွိတာက အရမ္းေကာင္းပါတယ္။ အဲ့တာက ပံုမွန္ပါပဲ။ ဆာလက္က မာေနးထက္ ဂိုးပိုရလိုပါတယ္။ ဒါက ေဘာလံုးပဲေလ။ ” ဆိုျပီး ကစားသမားေတြရဲ႕ သြင္းဂိုးအတြက္ ျပိဳင္ဆိုင္မႈအေပၚ မွတ္ခ်က္ေပးပါတယ္။

သူကပဲ ဆက္လက္ျပီး ” ႏွစ္ဦးလံုးက ပံုစံေကာင္းေတြမွာ ရေနရင္ ဒါက အသင္းအတြက္ သိပ္ေကာင္းတာပါပဲ။ ေနာက္ျပီး အဲ့တာက အေရးအၾကီးဆံုးပါပဲ။ ဆာလက္က ပြဲေတြမွာ ဂိုးမသြင္းႏုိင္ရင္လည္း သူက ကိုယ္ဘာသာပဲ အျပစ္တင္ပါတယ္၊ မာေနးကို အျပစ္မတင္ပါဘူး။ ဆာလက္ကက ေနာက္ပြဲေတြမွာ တိုးတက္လာဖို႔ သူ႔အမွားေတြကိုပဲ အာရံုစိုက္ပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အာဖရိကတိုက္စစ္အတြဲဟာ လီဗာပူးအတြက္ အက်ိဳးျဖစ္တဲ့ ေခၚယူမႈေတြျဖစ္ခဲ့သလို အသင္းေအာင္ျမင္မႈအတြက္ အေရးပါဆံုး ကစားသမားေတြထဲ ပါဝင္ခဲ့တယ္။ သူတို႔ ႏွစ္ဦးဟာ အာဖရိက အေကာင္းဆံုးဆုေတြအတြက္ပါ အျမဲတမ္း အျပိဳင္အဆိုင္ ျဖစ္ေနၾကသူေတြ ျဖစ္ပါတယ္။