ချိန်ဘာလိန် လေ့ကျင့်ရေးမှာ ဒူးဒဏ်ရာရခဲ့တာကြောင့် သြစတြီးယား ရာသီကြိုကို ဆက်မလုပ်နိုင်ဘဲ မဲဝုဒ်ကို ပြန်ရမှာဖြစ်ကြောင်း မန်နေဂျာကလော့ပ်က အတည်ပြုလိုက်ပါတယ်။

ဘရိုက်တန်အသင်းဟာ ခံစစ်မှူး ဘမ်ဝိုက်အတွက် လိဒ်ယူနိုက်တက် ကမ်းလှမ်းတဲ့ ပေါင် ၂၅ သန်းတန် စာချုပ်ကို ငြင်းဆန်လိုက်ပါပြီ။ ဘမ်ဝိုက်ကို ခေါ်ယူဖို့ လီဗာပူးနဲ့ ချယ်ဆီးတို့ စောင့်ကြည့်နေတာပါ။

ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်က ရိုင်ကန့်အတွက် လိဒ်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ကြောင်း အတည်ပြုပါတယ်။ ရိန်းဂျာဟာ ကန့်ကို လီဗာပူးကနေ ပေါင် ၇ သန်းဖြင့် ခေါ်ယူထားရာမှာ အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ ၂၀% ခံစားခွင့်ပေးမယ်လို့ သဘောတူထားပါတယ်။

လီဗာပူးရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ဟန်ဒိုနဲ့ မာတစ်တို့ ပြန်လည် သက်သာလာပြီဖြစ်ကာ လက်ရှိမှာ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေကို ပြန်လည် လုပ်ဆောင်ဖို့ အစပျိုးတဲ့ ကာလကို ရောက်နေပြီလို့ မန်နေဂျာကလော့ပ်က ထုတ်ပြောပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ကွင်းလယ်လူ ဂရုဂျစ်ကို ရောင်းချသွားတော့မှာဖြစ်ကြောင်း လီဗာပူးသတင်းထောက် Neil Jones က အတည်ပြုလိုက်ပါပြီ။ ဂရုဂျစ်ကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာတော့ ဂျာမနီမှ ၄ သင်း၊ ပရီးမီးယားလိဂ်မှ ၁ သင်းနဲ့ စီးရီးအေမှ ၁ သင်းတို့ ဖြစ်ပါတယ်။

စနေနေ့မှာတော့ ဗြိတိန်အစိုးရဟာ ကွာရန်တင်းဝင်ဖို့ရာ စည်းမျဉ်းသစ်အဖြစ် သြစတြီးယားကိုပါ ကန့်သတ် နိုင်ငံများ စာရင်းထဲ ထည့်သွင်းသွားတော့မှာဖြစ်ပေမယ့် သီးခြားလေ့ကျင့်မှုတွေပဲ လုပ်နေတဲ့ လီဗာပူးအသင်းက ကွာရန်တင်းဝင်ခွင့် ကင်းလွှတ်မယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ် အတွက် ယူအီးအက်ဖ်အေရဲ့ ဥရောပကလပ်တွေကို အဆင့် သက်မှတ်ချက်ပေးရာမှာ လီဗာပူးအသင်းဟာ ထိပ်တန်း ၁၀ သင်းစာရင်းထဲကို ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ အဆင့် သက်မှတ်ချက်ဟာ ၅ နှစ်တစ်ကြိမ် ဥရောပအဆင့် ရမှတ်တွေကို ပေါင်းထည့်ပေးခြင်း ဖြစ်ပါတယ်။

လီဗာပူးရဲ့ အာရှသား ကစားသမားဖြစ်သူ တာကူမီက အသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တာကို ပျော်ရွှင်ပေမယ့် ကိုယ်တိုင် ပါဝင်စွမ်းဆောင်နိုင်ချင်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဘာစီလိုနာ မန်နေဂျာသစ် ရော်နယ် ကိုးမန်းဟာ လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို အတော်လေး အထင်ကြီးသူဖြစ်ပေမယ့် ကက်တလန်ကလပ်က ကွင်းလယ်လူကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ရှိမနေသေးပါဘူးလို့ စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။

ဇင်းနစ် ခံစစ်မှူး လိုဗရန်က ချန်ပီယံလိဂ်မှာ ဆာလက်နဲ့ ရာမိုစ့် တို့ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အတွက် စပိန်ခံစစ်မှူးကို သူလက်စားချေတဲ့ အနေနဲ့ ခရိုအေးရှားနဲ့ စပိန်ပွဲမှာ ရာမိုစ့်ကို တံတောက်နဲ့ တွက်ခဲ့ကာ ‘ငါတို့ကျေပြီ’ လို့ ပြောခဲ့ကြောင်းကို ဖွင့်ဟသွားပါတယ်။

ZAWGYI

ခ်ိန္ဘာလိန္ ေလ့က်င့္ေရးမွာ ဒူးဒဏ္ရာရခဲ့တာေၾကာင့္ ၾသစႀတီးယား ရာသီႀကိဳကို ဆက္မလုပ္ႏိုင္ဘဲ မဲဝုဒ္ကို ျပန္ရမွာျဖစ္ေၾကာင္း မန္ေနဂ်ာကေလာ့ပ္က အတည္ျပဳလိုက္ပါတယ္။

ဘ႐ိုက္တန္အသင္းဟာ ခံစစ္မႉး ဘမ္ဝိုက္အတြက္ လိဒ္ယူႏိုက္တက္ ကမ္းလွမ္းတဲ့ ေပါင္ ၂၅ သန္းတန္ စာခ်ဳပ္ကို ျငင္းဆန္လိုက္ပါၿပီ။ ဘမ္ဝိုက္ကို ေခၚယူဖို႔ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ ေစာင့္ၾကည့္ေနတာပါ။

ရိန္းဂ်ားမန္ေနဂ်ာ စတီဗင္ဂ်ရတ္က ႐ိုင္ကန႔္အတြက္ လိဒ္ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ေၾကာင္း အတည္ျပဳပါတယ္။ ရိန္းဂ်ာဟာ ကန႔္ကို လီဗာပူးကေန ေပါင္ ၇ သန္းျဖင့္ ေခၚယူထားရာမွာ အနာဂတ္ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ၂၀% ခံစားခြင့္ေပးမယ္လို႔ သေဘာတူထားပါတယ္။

လီဗာပူးရဲ႕ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ ဟန္ဒိုနဲ႔ မာတစ္တို႔ ျပန္လည္ သက္သာလာျပီျဖစ္ကာ လက္ရွိမွာ ျပင္းထန္တဲ့ ေလ့က်င့္ေရးေတြကို ျပန္လည္ လုပ္ေဆာင္ဖို႔ အစပ်ိဳးတဲ့ ကာလကို ေရာက္ေနျပီလို႔ မန္ေနဂ်ာကေလာ့ပ္က ထုတ္ေျပာပါတယ္။

လီဗာပူးအသင္းဟာ ဒီေႏြမွာ ကြင္းလယ္လူ ဂရုဂ်စ္ကို ေရာင္းခ်သြားေတာ့မွာျဖစ္ေၾကာင္း လီဗာပူးသတင္းေထာက္ Neil Jones က အတည္ျပဳလိုက္ပါျပီ။ ဂရုဂ်စ္ကို ေခၚယူလိုတဲ့ ကလပ္ေတြထဲမွာေတာ့ ဂ်ာမနီမွ ၄ သင္း၊ ပရီးမီးယားလိဂ္မွ ၁ သင္းနဲ႔ စီးရီးေအမွ ၁ သင္းတို႔ ျဖစ္ပါတယ္။

စေနေန႔မွာေတာ့ ျဗိတိန္အစိုးရဟာ ကြာရန္တင္းဝင္ဖို႔ရာ စည္းမ်ဥ္းသစ္အျဖစ္ ၾသစၾတီးယားကိုပါ ကန္႔သတ္ ႏုိင္ငံမ်ား စာရင္းထဲ ထည့္သြင္းသြားေတာ့မွာျဖစ္ေပမယ့္ သီးျခားေလ့က်င့္မႈေတြပဲ လုပ္ေနတဲ့ လီဗာပူးအသင္းက ကြာရန္တင္းဝင္ခြင့္ ကင္းလႊတ္မယ္လို႔ သိရပါတယ္။

၂၀၂၀ ခုႏွစ္ အတြက္ ယူအီးအက္ဖ္ေအရဲ႕ ဥေရာပကလပ္ေတြကို အဆင့္ သက္မွတ္ခ်က္ေပးရာမွာ လီဗာပူးအသင္းဟာ ထိပ္တန္း ၁၀ သင္းစာရင္းထဲကို ပထမဆံုးအၾကိမ္ ျပန္ေရာက္လာခဲ့ျပီျဖစ္ပါတယ္။ အဆိုပါ အဆင့္ သက္မွတ္ခ်က္ဟာ ၅ ႏွစ္တစ္ၾကိမ္ ဥေရာပအဆင့္ ရမွတ္ေတြကို ေပါင္းထည့္ေပးျခင္း ျဖစ္ပါတယ္။

လီဗာပူးရဲ႕ အာရွသား ကစားသမားျဖစ္သူ တာကူမီက အသင္းနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခဲ့တာကို ေပ်ာ္ရႊင္ေပမယ့္ ကိုယ္တိုင္ ပါဝင္စြမ္းေဆာင္ႏုိင္ခ်င္တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဘာစီလိုနာ မန္ေနဂ်ာသစ္ ေရာ္နယ္ ကိုးမန္းဟာ လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို အေတာ္ေလး အထင္ၾကီးသူျဖစ္ေပမယ့္ ကက္တလန္ကလပ္က ကြင္းလယ္လူကို ေခၚယူဖို႔ ခ်ဥ္းကပ္မႈေတြ ရွိမေနေသးပါဘူးလို႔ စကိုင္းစေပါ့က ေဖာ္ျပသြားပါတယ္။

ဇင္းနစ္ ခံစစ္မွဴး လိုဗရန္က ခ်န္ပီယံလိဂ္မွာ ဆာလက္နဲ႔ ရာမိုစ့္ တို႔ျဖစ္ခဲ့တဲ့ ျဖစ္ရပ္အတြက္ စပိန္ခံစစ္မွဴးကို သူလက္စားေခ်တဲ့ အေနနဲ႔ ခရိုေအးရွားနဲ႔ စပိန္ပြဲမွာ ရာမိုစ့္ကို တံေတာက္နဲ႔ တြက္ခဲ့ကာ ‘ငါတို႔ေက်ျပီ’ လို႔ ေျပာခဲ့ေၾကာင္းကို ဖြင့္ဟသြားပါတယ္။