ဒီအပတ် တနင်္ဂနွေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် လိဒ်ယူနိုက်တက် အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ လိဒ်ယူနိုက်တက်တို့ဟာ ဒီပွဲမှာ ဘရာဇီး လက်ရွေးစင်တွေဖြစ်တဲ့ အယ်လီဆန်၊ ဖာဘင်ညို၊ ဖာမင်နို၊ ရာဖင်ဟာတို့ကို ထည့်သုံးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ တာဝန်ရှိသူတွေ ညိနှိုင်းနေဆဲဖြစ်ပြီး လီဗာပူးဘက်ကတော့ အဓိက ကစားသမားတွေကို ထည့်သုံးခွင့် ပိတ်ပင်ဖို့ ဖီဖာရဲ့ လုပ်ရပ်ကို ဟန့်တားနိုင်မယ် မျှော်လင့်နေဆဲဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အတွက် ဘောလုံးပွဲခန့်မှန်းသူ မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။

လိဒ်ယူနိုက်တက် Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၄)
စက်တင်ဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။
မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ။

အိုဝင်၏ ပွဲကြို သုံးသပ်ချက်။ ။ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံး ဖျော်ဖြေနိုင်သူတွေ ဖြစ်ခဲ့တဲ့ လိဒ်ဟာ လီဗာပူးအသင်းကို အယ်လန်းရုဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး စာရွက်ပေါ် အမြင်မှာတင် သိပ်ကောင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်နေတဲ့ ပွဲပါ။

ဘီရယ်ဆာရဲ့ လူတွေက စွမ်းအားအပြည့်နဲ့ ဖြစ်နေမှာ သံသယထားစရာ မရှိပါဘူး။ ဒီတော့ လီဗာပူး အနေနဲ့ အစောပိုင်းမှာ စိတ်ရှည်ရှည်ထားဖို့ လိုပါလိမ့်မယ်။ လိဒ်ကို ကြည့်ရတာက သိပ်ကောင်းတာချည်းပါပဲ။ သူတို့ ပွဲအစီအမံတွေ အလုပ်ဖြစ်တဲ့ အခါတိုင်း ချီးကျူးရတာချည်းပဲ။

ဒါပေမယ့် ဒါကပဲ ဒီပွဲမှာ လီဗာပူးလက်ထဲကို သူတို့ ကျရောက်သွားနိုင်တာပါ။ လီဗာပူးကို သွား တိုက်စစ်ဆင်ရင် သူတို့မှာ ပြိုင်ဘက်ကို တစစီ ဖြစ်အောင် လုပ်ပစ်နိုင်တဲ့ လက်နက်အစုံ ရှိပါတယ်။ ဒီပွဲကတော့ သေချာပေါက် သွင်းဂိုးတွေ မြင်ရမှာပါ။ ဒီပွဲမှာ အနီရောင်တွေကပဲ မာဆေးဆိုဒ်ကို အမှတ်တွေသယ်သွားမယ် ကျနော် ထင်ပါတယ်။

ပွဲစဉ်အတွက် အိုဝင်၏ ခန့်မှန်းရလဒ်။ ။ လိဒ် ယူနိုက်တက် ၁-၂ လီဗာပူး

ZAWGYI

ဒီအပတ္ တနဂၤေႏြေန႔မွာေတာ့ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ အျဖစ္ လိဒ္ယူႏုိက္တက္ အိမ္ကြင္းထံသြားျပီး ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

လီဗာပူးအသင္းနဲ႔ လိဒ္ယူႏုိက္တက္တို႔ဟာ ဒီပြဲမွာ ဘရာဇီး လက္ေရြးစင္ေတြျဖစ္တဲ့ အယ္လီဆန္၊ ဖာဘင္ညိဳ၊ ဖာမင္ႏို၊ ရာဖင္ဟာတို႔ကို ထည့္သံုးႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ တာဝန္ရွိသူေတြ ညိႏိႈင္းေနဆဲျဖစ္ျပီး လီဗာပူးဘက္ကေတာ့ အဓိက ကစားသမားေတြကို ထည့္သံုးခြင့္ ပိတ္ပင္ဖို႔ ဖီဖာရဲ႕ လုပ္ရပ္ကို ဟန္႔တားႏုိင္မယ္ ေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္။

အဆိုပါ ပြဲစဥ္အတြက္ ေဘာလံုးပြဲခန္႔မွန္းသူ မိုက္ကယ္အိုဝင္ရဲ႕ သံုးသပ္ခ်က္နဲ႔ ရလဒ္ခန္႔မွန္းအား ေဖာ္ျပလိုက္ပါတယ္။

လိဒ္ယူႏိုက္တက္ Vs လီဗာပူး
ပရီးမီးယားလိဂ္ ပြဲစဥ္ (၄)
စက္တင္ဘာ ၁၂ ရက္၊ တနဂၤေႏြေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၀း၀၀ နာရီ။

အိုဝင္၏ ပြဲၾကိဳ သံုးသပ္ခ်က္။ ။ ျပီးခဲ့တဲ့ရာသီက အေကာငး္ဆံုး ေဖ်ာ္ေျဖနုိင္သူေတြ ျဖစ္ခဲ့တဲ့ လိဒ္ဟာ လီဗာပူးအသင္းကို အယ္လန္းရုဒ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ျပီး စာရြက္ေပၚ အျမင္မွာတင္ သိပ္ေကာငး္တဲ့ ပြဲ တစ္ပြဲ ျဖစ္ေနတဲ့ ပြဲပါ။

ဘီရယ္ဆာရဲ႕ လူေတြက စြမ္းအားအျပည့္နဲ႕ ျဖစ္ေနမွာ သံသယထားစရာ မရွိပါဘူး။ ဒီေတာ့ လီဗာပူး အေနနဲ႕ အေစာပိုင္းမွာ စိတ္ရွည္ရွည္ထားဖို႔ လိုပါလိမ့္မယ္။ လိဒ္ကို ၾကည့္ရတာက သိပ္ေကာငး္တာခ်ည္းပါပဲ။ သူတို႔ ပြဲအစီအမံေတြ အလုပ္ျဖစ္တဲ့ အခါတိုင္း ခ်ီးက်ဴးရတာခ်ည္းပဲ။

ဒါေပမယ့္ ဒါကပဲ ဒီပြဲမွာ လီဗာပူးလက္ထဲကို သူတို႔ က်ေရာက္သြားနိုင္တာပါ။ လီဗာပူးကို သြား တိုက္စစ္ဆင္ရင္ သူတို႔မွာ ျပိဳင္ဘက္ကို တစစီ ျဖစ္ေအာင္ လုပ္ပစ္နုိင္တဲ့ လက္နက္အစံု ရွိပါတယ္။ ဒီပြဲကေတာ့ ေသခ်ာေပါက္ သြင္းဂိုးေတြ ျမင္ရမွာပါ။ ဒီပြဲမွာ အနီေရာင္ေတြကပဲ မာေဆးဆိုဒ္ကို အမွတ္ေတြသယ္သြားမယ္ က်ေနာ္ ထင္ပါတယ္။

ပြဲစဥ္အတြက္ အိုဝင္၏ ခန္႔မွန္းရလဒ္။ ။ လိဒ္ ယူနိုက္တက္ ၁-၂ လီဗာပူး