လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က ထရန့်ကို ကွင်းလယ်ပြောင်းကစားစေဖို့ စီစဉ်နေကြတဲ့ ကိစ္စကို သူ နားမလည်နိုင်အောင် ဖြစ်နေရခြင်းကို လိဒ်ယူနိုက်တက်ပွဲကြိုမှာ ထုတ်ပြောလာပါတယ်။

ဖန်တီးမှုကောင်းတဲ့ ထရန့်ကို ညာအစွန်နေရာမှာထက် ကွင်းလယ်မှာ ပြောင်းလဲနေရာချဖို့ ဝါရင့် အားကစားကလောင်ရှင်တွေက စတင်ထောက်ပြလာခဲ့တာပါ။ ဒီအပတ် နိုင်ငံတကာသီတင်းပတ်အဖြစ် အင်္ဂလန်အသင်းပွဲမှာတော့ မန်နေဂျာဆောက်ဂိတ်က ထရန့်ကို ကွင်းလယ်သုံးယောက်တန်းရဲ့ ညာခြမ်းမှာ ပွဲထုတ်လာခဲ့တယ်။

ကလော့ပ်ကတော့ သူ့ရဲ့ အကောင်းဆုံး ကစားသမားကို ကွင်းလယ်မှာ ကစားစေဖို့ လူတွေ ပြောနေကြတာအတွက် နားလည်ရ ခက်ခဲနေပါတယ်။ ထရန့်လို နိုင်ငံအသင်းမှာလိုပဲ နေရာပြောင်းကစားစေမလား ကိစ္စအတွက် တုန့်ပြန်မှုလည်း ပြုလုပ်သွားခဲ့ပါသေးတယ်။

ယာဂင်က ” ကျနေ်ာတို့ရဲ့ပွဲတွေကို ကြည့်မယ်ဆိုရင် ထရန့်က နေရာ အတော်များများကို ပြောင်းကစားနေတာကို မြင်ကြမှာပါ။ သူ့ကို ကွင်းလယ် ပို့စရာ မလိုပါဘူး။ ဒီကနေ့လို ၂၀၂၁ ခုနှစ်မှာ အဲ့အကြောင်း ပြောနေရတာက စိတ်ပျက်စရာ ကောင်းပါတယ်။ ကစားသမားကောင်းတွေက နေရာစုံ ကစားနိုင်ပါတယ်။ ထရန့်က ညာ အစွန်-တောင်ပံကော နေရာတိုင်းမှာ ကစားနေတာပါ။

သူက ကွင်းလယ်မှာ ကစားနိုင်တယ်။ ကွင်းလယ် နံပါတ် ၆ ထက်စာရင် နံပါတ် ၈ နေရာကိုလည်း ပိုကစားနေရပါတယ်။ ဒါပေမယ့် ဘာလို့ ကမ္ဘာအကောင်းဆုံး ညာအစွန်လူကို ကွင်းလယ်နေရာ ကစားခိုင်းရမှာလဲ? ဒါကြီးကို ဘယ်လိုတောင် တွေးနိုင်ကြတယ်ဆိုတာ နားလည်ဖို့ ကျနော်တော့ ဉာဏ်ကို မမှီပါဘူး။

အချို့တွေက ကွင်းလယ်မှာကစားရင် ထရန့်က ပိုပြီး လွှမ်းမိုးနိုင်မယ်လို့ ထင်နေကြတယ်။ ဘယ်လိုလုပ်ပြီး ထရန့် အခုကစားနေတာထက် ပိုပြီး လွှမ်းမိုးကစားနိုင်ဖို့က ဖြစ်နိုင်မှာတဲ့လဲ? ကျနေ်ာတို့ အကောင်းဆုံး သုံးနိုင်သလောက် သူ့ကို သုံးနေတာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာယာဂင္ကေလာ့ပ္က ထရန္႔ကို ကြင္းလယ္ေျပာင္းကစားေစဖို႔ စီစဥ္ေနၾကတဲ့ ကိစၥကို သူ နားမလည္ႏုိင္ေအာင္ ျဖစ္ေနရျခင္းကို လိဒ္ယူႏုိက္တက္ပြဲၾကိဳမွာ ထုတ္ေျပာလာပါတယ္။

ဖန္တီးမႈေကာင္းတဲ့ ထရန္႔ကို ညာအစြန္ေနရာမွာထက္ ကြင္းလယ္မွာ ေျပာင္းလဲေနရာခ်ဖို႔ ဝါရင့္ အားကစားကေလာင္ရွင္ေတြက စတင္ေထာက္ျပလာခဲ့တာပါ။ ဒီအပတ္ ႏုိင္ငံတကာသီတင္းပတ္အျဖစ္ အဂၤလန္အသင္းပြဲမွာေတာ့ မန္ေနဂ်ာေဆာက္ဂိတ္က ထရန္႔ကို ကြင္းလယ္သံုးေယာက္တန္းရဲ႕ ညာျခမ္းမွာ ပြဲထုတ္လာခဲ့တယ္။

ကေလာ့ပ္ကေတာ့ သူ႔ရဲ႕ အေကာင္းဆံုး ကစားသမားကို ကြင္းလယ္မွာ ကစားေစဖို႔ လူေတြ ေျပာေနၾကတာအတြက္ နားလည္ရ ခက္ခဲေနပါတယ္။ ထရန္႔လို ႏုိင္ငံအသင္းမွာလိုပဲ ေနရာေျပာင္းကစားေစမလား ကိစၥအတြက္ တုန္႔ျပန္မႈလည္း ျပဳလုပ္သြားခဲ့ပါေသးတယ္။

ယာဂင္က ” က်ေန္ာတို႔ရဲ႕ပြဲေတြကို ၾကည့္မယ္ဆိုရင္ ထရန္႔က ေနရာ အေတာ္မ်ားမ်ားကို ေျပာင္းကစားေနတာကို ျမင္ၾကမွာပါ။ သူ႔ကို ကြင္းလယ္ ပို႔စရာ မလိုပါဘူး။ ဒီကေန႔လို ၂၀၂၁ ခုႏွစ္မွာ အဲ့အေၾကာင္း ေျပာေနရတာက စိတ္ပ်က္စရာ ေကာင္းပါတယ္။ ကစားသမားေကာင္းေတြက ေနရာစံု ကစားႏုိင္ပါတယ္။ ထရန္႔က ညာ အစြန္-ေတာင္ပံေကာ ေနရာတိုင္းမွာ ကစားေနတာပါ။

သူက ကြင္းလယ္မွာ ကစားႏုိင္တယ္။ ကြင္းလယ္ နံပါတ္ ၆ ထက္စာရင္ နံပါတ္ ၈ ေနရာကိုလည္း ပိုကစားေနရပါတယ္။ ဒါေပမယ့္ ဘာလို႔ ကမၻာအေကာင္းဆံုး ညာအစြန္လူကို ကြင္းလယ္ေနရာ ကစားခုိင္းရမွာလဲ? ဒါၾကီးကို ဘယ္လိုေတာင္ ေတြးႏုိင္ၾကတယ္ဆိုတာ နားလည္ဖို႔ က်ေနာ္ေတာ့ ဥာဏ္ကို မမွီပါဘူး။

အခ်ိဳ႔ေတြက ကြင္းလယ္မွာကစားရင္ ထရန္႔က ပိုျပီး လႊမ္းမိုးႏုိင္မယ္လို႔ ထင္ေနၾကတယ္။ ဘယ္လိုလုပ္ျပီး ထရန္႔ အခုကစားေနတာထက္ ပိုျပီး လႊမ္းမိုးကစားႏုိင္ဖို႔က ျဖစ္ႏုိင္မွာတဲ့လဲ? က်ေန္ာတို႔ အေကာင္းဆံုး သံုးႏုိင္သေလာက္ သူ႔ကို သံုးေနတာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။