ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းဟာ ချန်ပီယံ ဖြစ်ဖို့ အဓိက ပြိုင်ဘက် ဖြစ်လာမယ့် မန်စီးတီး အသင်းကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာပါ။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ လီဗာပူးနဲ့ စီးတီးတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လီဗာပူး Vs မန်စီးတီ
ပရီးမီးယားလိဂ် ပွဲစဉ် (၇)
အောက်တိုဘာလ ၃ ရက်၊ တနင်္ဂနွေနေ့။
မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ။

လော်ရိုး၏ ပွဲကြို သုံးသပ်ချက်။ ။ မန်စီးတီးက ကြားရက်က ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီကို ရှုံးနိမ့်ထားပါတယ်၊ ဒါပေမယ့် သူတို့က ခြေစွမ်းကောင်း တွေတော့ ပြသခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုပွဲဟာ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက်လာနေတဲ့ သီတင်းပတ်ထဲမှာ မန်စီးတီး အတွက်တော့ အရေးပါမှု အနည်းဆုံး ပွဲ ဖြစ်ပါတယ်။ စီးတီးအတွက် စတန်းဖို့ဘရစ်ချ်မှာ နိုင်ပွဲနဲ့ အစကောင်းထားပြီး အန်းဖီးမှာ ဒီသီတင်းပတ်ကို အဆုံးသတ်မှာပါ။

မန်စီးတီးက ဒီပွဲမှာ ခြေမှန်ပြဦးမှာပါပဲ၊ လီဗာပူးလည်း အတူတူပါ။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ကြားရက်ကပွဲမှာ မန်စီးတီးလို အရည်အသွေးမျိုးရှိတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရတာ မဟုတ်ပေမယ့် သူတို့က ပေါ်တိုကို အညှာအတာ မရှိ ချေမှုန်းခဲ့ပါတယ်။

ဒီပွဲအတွက် ကျနော် အန်းဖီးမှာ ရှိနေမှာပါ၊ စောင့်ကို မစောင့်နိုင်အောင်ပါပဲ။ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ကစားကြမယ့် ဒီပွဲက ကြည့်ကောင်းဦးမှာ ဖြစ်ပြီး များသော အားဖြင့် ဒီလိုပွဲတွေက သူမသာ ကိုယ်မသာနဲ့ပဲ ပြီးသွားမှာပါ။

ပွဲစဉ်အတွက် လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၁-၁ မန်စီးတီး

ZAWGYI

ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ လီဗာပူးအသင္းဟာ ခ်န္ပီယံ ျဖစ္ဖို႔ အဓိက ျပိဳင္ဘက္ ျဖစ္လာမယ့္ မန္စီးတီး အသင္းကို အိမ္ကြင္း အန္းဖီးမွာ ဧည့္ခံ ကစားရမွာပါ။ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးကေတာ့ လီဗာပူးနဲ႕ စီးတီးတို႔ ပြဲ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

လီဗာပူး Vs မန္စီးတီ
ပရီးမီးယားလိဂ္ ပြဲစဥ္ (၇)
ေအာက္တိုဘာလ ၃ ရက္၊ တနဂၤေႏြေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၀း၀၀ နာရီ။

ေလာ္ရိုး၏ ပြဲၾကိဳ သံုးသပ္ခ်က္။ ။ မန္စီးတီးက ၾကားရက္က ခ်န္ပီယံလိဂ္ပြဲမွာ ပီအက္စ္ဂ်ီကို ရံႈးနိမ့္ထားပါတယ္၊ ဒါေပမယ့္ သူတို႔က ေျခစြမ္းေကာင္း ေတြေတာ့ ျပသခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုပြဲဟာ ပြဲၾကီးပြဲေကာင္းေတြ ဆက္တိုက္လာေနတဲ့ သီတင္းပတ္ထဲမွာ မန္စီးတီး အတြက္ေတာ့ အေရးပါမႈ အနည္းဆံုး ပြဲ ျဖစ္ပါတယ္။ စီးတီးအတြက္ စတန္းဖို႔ဘရစ္ခ်္မွာ နုိင္ပြဲနဲ႕ အစေကာင္းထားျပီး အန္းဖီးမွာ ဒီသီတင္းပတ္ကို အဆံုးသတ္မွာပါ။

မန္စီးတီးက ဒီပြဲမွာ ေျခမွန္ျပဦးမွာပါပဲ၊ လီဗာပူးလည္း အတူတူပါ။ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ၾကားရက္ကပြဲမွာ မန္စီးတီးလို အရည္အေသြးမ်ိဳးရွိတဲ့ ျပိဳင္ဘက္ကို ရင္ဆိုင္ခဲ့ရတာ မဟုတ္ေပမယ့္ သူတို႔က ေပၚတိုကို အညွာအတာ မရွိ ေခ်မႈန္းခဲ့ပါတယ္။

ဒီပြဲအတြက္ က်ေနာ္ အန္းဖီးမွာ ရွိေနမွာပါ၊ ေစာင့္ကို မေစာင့္နုိင္ေအာင္ပါပဲ။ ျပင္းထန္တဲ့ ျပိဳင္ဆိုင္မႈေတြနဲ႕ ကစားၾကမယ့္ ဒီပြဲက ၾကည့္ေကာင္းဦးမွာ ျဖစ္ျပီး မ်ားေသာ အားျဖင့္ ဒီလိုပြဲေတြက သူမသာ ကိုယ္မသာနဲ႕ပဲ ျပီးသြားမွာပါ။

ပြဲစဥ္အတြက္ ေလာ္ရိုး၏ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၁-၁ မန္စီးတီး