ဒီအပတ် လီဗာပူးနဲ့ မန်စီးတီးပွဲမှာ အိမ်ရှင်အသင်းက ရလဒ်ပိုင်း အသာရမယ်လို့ ဂျင်မီ ရက်နက်က ယုံကြည်နေပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းက ရပ်တန့်မရနိုင်ဖြစ်နေတဲ့ ဆာလာရဲ့ ပုံစံကောင်းတွေက လီဗာပူးအသင်းဘက်က မန်စီးတီးကို ပြဿနာကြီးတွေ ပေးနိုင်မယ့် အဓိက အားသာချက်လို့ မြင်ပါတယ်။ ဆာလာ တိုက်စစ်မှာ လွတ်လပ်စွာ ကစားရအောင်ကလည်း ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်က အကောင်းဆုံး ဖြစ်နေတယ်လို့ သူက မြင်ပါတယ်။

ရက်နက်က “ ဗန်ဒိုက် ခံစစ်မှာ ပြန်ပါလာတာကို ဆာလာက ပျော်ရွှင်နေရပါတယ်။ အမှတ်ပေးဖလား အနိုင်ရတဲ့ အသင်းမှာ သူပါဝင်ကစားနေတယ်ဆိုတာ ဆာလာလည်း သိပါတယ်။ သူက သိပ်ကောင်းတဲ့ ပုံစံ ရနေတာပါ။ သူကစားတာ ကြည့်ရတာ ပျော်ဖို့ ကောင်းပါတယ်။

လီဗာပူးနိုင်လိမ့်မယ်လို့ ကျနော် ခံစားမိနေတယ်။ ဒီအသင်းရဲ့ သွေးကြောမှာ ယုံကြည်မှုတွေ ဖြတ်သန်း စီးဆင်းနေတယ်။ ဆာလာက သူ့ကစားသမားဘဝ အကောင်းဆုံး ပုံစံကောင်းတွေ ရနေခြင်းက မန်စီးတီး ခံစစ်ကို ပြဿနာတွေ ပေးပါလိမ့်မယ်။

စီးတီးရဲ့ အစွန်သမားတွေက ပြေးလွှားကစားလိုမှာ ဖြစ်ပေမယ့် သူတို့ထံက နေရာလွတ်တွေ ဖြစ်လာခဲ့ရင် ဆာလာက သူတို့ကို ဒုက္ခပေးမှာဖြစ်ပါတယ်။ စီးတီးရဲ့ ခံစစ်က လာပေါ်တေး၊ ဒီယော့စ်တို့နဲ့ သိပ်ကောင်းနေတာဆိုပေမယ့် ဆာလာထံ ဘောလုံးပေးမှုကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ အခုချိန်မှာ ဆာလာကို ဘယ်အသင်းကမှ မထိန်းနိုင်ပါဘူး ” လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအပတ်မှာ နှစ်သင်းထဲက ဘယ်အသင်းနိုင်ပြီး ဇယားထိပ်ကို ရောက်အောင် စွမ်းဆောင်ပြနိုင်မလဲက စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ လီဗာပူးနဲ႔ မန္စီးတီးပြဲမွာ အိမ္ရွင္အသင္းက ရလဒ္ပိုင္း အသာရမယ္လို႔ ဂ်င္မီ ရက္နက္က ယံုၾကည္ေနပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းက ရပ္တန္႔မရႏိုင္ျဖစ္ေနတဲ့ ဆာလာရဲ႕ ပံုစံေကာင္းေတြက လီဗာပူးအသင္းဘက္က မန္စီးတီးကို ျပႆနာၾကီးေတြ ေပးႏုိင္မယ့္ အဓိက အားသာခ်က္လို႔ ျမင္ပါတယ္။ ဆာလာ တိုက္စစ္မွာ လြတ္လပ္စြာ ကစားရေအာင္ကလည္း ဗန္ဒိုက္ ဦးေဆာင္တဲ့ ခံစစ္က အေကာင္းဆံုး ျဖစ္ေနတယ္လို႔ သူက ျမင္ပါတယ္။

ရက္နက္က “ ဗန္ဒိုက္ ခံစစ္မွာ ျပန္ပါလာတာကို ဆာလာက ေပ်ာ္ရႊင္ေနရပါတယ္။ အမွတ္ေပးဖလား အႏုိင္ရတဲ့ အသင္းမွာ သူပါဝင္ကစားေနတယ္ဆိုတာ ဆာလာလည္း သိပါတယ္။ သူက သိပ္ေကာင္းတဲ့ ပံုစံ ရေနတာပါ။ သူကစားတာ ၾကည့္ရတာ ေပ်ာ္ဖို႔ ေကာင္းပါတယ္။

လီဗာပူးႏုိင္လိမ့္မယ္လို႔ က်ေနာ္ ခံစားမိေနတယ္။ ဒီအသင္းရဲ႕ ေသြးေၾကာမွာ ယံုၾကည္မႈေတြ ျဖတ္သန္း စီးဆင္းေနတယ္။ ဆာလာက သူ႔ကစားသမားဘဝ အေကာင္းဆံုး ပံုစံေကာင္းေတြ ရေနျခင္းက မန္စီးတီး ခံစစ္ကို ျပႆနာေတြ ေပးပါလိမ့္မယ္။

စီးတီးရဲ႕ အစြန္သမားေတြက ေျပးလႊားကစားလိုမွာ ျဖစ္ေပမယ့္ သူတို႔ထံက ေနရာလြတ္ေတြ ျဖစ္လာခဲ့ရင္ ဆာလာက သူတို႔ကို ဒုကၡေပးမွာျဖစ္ပါတယ္။ စီးတီးရဲ႕ ခံစစ္က လာေပၚေတး၊ ဒီေယာ့စ္တို႔နဲ႔ သိပ္ေကာင္းေနတာဆိုေပမယ့္ ဆာလာထံ ေဘာလံုးေပးမႈကို ရပ္တန္႔ႏုိင္မွာ မဟုတ္ပါဘူး။ အခုခ်ိန္မွာ ဆာလာကို ဘယ္အသင္းကမွ မထိန္းႏုိင္ပါဘူး ” လို႔ ဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ဒီအပတ္မွာ ႏွစ္သင္းထဲက ဘယ္အသင္းႏုိင္ျပီး ဇယားထိပ္ကို ေရာက္ေအာင္ စြမ္းေဆာင္ျပႏုိင္မလဲက စိတ္ဝင္စားဖို႔ ေကာင္းေနခဲ့ျပီျဖစ္ပါတယ္။