ဂျိမ်းဘွန်း မင်းသားကြီး ဒန်နီရယ်ခရိတ်က No Time To Die ရုပ်ရှင်အတွက် ကြေညာမှု လုပ်စဉ်မှာ ဂျင်မီကာရေဂါနဲ့ အင်တာဗျူးတစ်ခုကို စကိုင်းစပေါ့မှာ လုပ်ခဲ့ပါသေးတယ်။

ခရိတ်ကတော့ သူဟာ ယာဂင်ကလော့ပ်ကို အထင်ကြီးကြောင်းနဲ့ ဂျာမာန်သားက ခေါင်းဆောင်မှု စွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။ ထုံးစံအတိုင်း စစ်စစ်ပေါက်ပေါက်မှ မေးတတ်တဲ့ ကာရေဂါက “ ယာဂင်ကလော့ပ်က ဂျိမ်းဘွန်းကောင်းတစ်ယောက် ဖြစ်နိုင်မလား?” လို့ လီဗာပူးပရိသတ် ဒန်နီရယ် ခရိတ်ကို မေးခဲ့တာပါ။

လီဗာပူးအမာခံ ပရိသတ်ဖြစ်တဲ့ ဒန်နီရယ်ခရိတ်ဟာ အန်ဖီးကွင်းထံ လာရောက်ပြီး အသင်းပွဲတွေကိုတောင် လာရောက် အားပေးဖူးသူဖြစ်တယ်။ သူဟာ ဒီတစ်ကြိမ် လီဗာပူးနဲ့ မန်စီးတီးပွဲကို တက်ရောက် အားပေးသွားဦးမလားက စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ခရိတ်က “ ကျနော် ကလော့ပ်ကို အထင်ကြီး လေးစားပါတယ်။ ဒီတော့ သူက ဂျိမ်းဘွန်းကောင်းဖြစ်မယ်လို့ ထင်ပါတယ်။ သူနဲ့ နှစ်ကြိမ်လောက် တွေ့ခဲ့ဖူးတာကလည်း ကံကောင်းတာပါပဲ။ မင်းတို့လည်း သဘောကျမှာပါပဲ။

ကုန်ခဲ့တဲ့ နှစ်တွေမှာ ဒီကာရိုက်တာအတွက် လူကောင်းနှစ်ယောက်လောက်ကို ကျနော် တွေ့ဖူးပါတယ်။ နောက်တစ်ယောက်ကတော့ ဆာအဲလက်စ် ဖာဂူဆန်ပေါ့။ ဒါပေမယ့် သူ့နာမည်ကတော့ ကျနော် ထည့်မပြောသင့်ဘူး ထင်ပါတယ်။

ကလော့ပ်က ခေါင်းဆောင်ကောင်းပါပဲ။ သူကတော့ ဂျိမ်းဘွန်းထက်တောင် ပိုသာသေးတယ်လို ကျနော် ထင်ပါတယ်။ ” ဆိုပြီး ပြောဆိုခဲ့တာပါ။

အဆိုပါ အင်တာဗျူးအောက်မှာ လီဗာပူးပရိသတ်တွေက ကလော့ပ် ပါဝင်နိုင်မယ့် ဂျိမ်းဘွန်းဇာတ်ကောင်းကို စိတ်ကူးယဉ် ပြောဆိုနေကြတယ်။ ရယ်စရာကတော့ ပရိသတ် အတော်များများက ဒေါသကြီးတဲ့ ကလော့ပ်ကို 007 နေရာမှာ မြင်ရဖို့ထက် ဗီလိန်ဇာတ်ကောင်အဖြစ် မြင်လိုနေကြတာပဲ ဖြစ်ပါတယ်။

ZAWGYI

ဂ်ိမ္းဘြန္း မင္းသားၾကီး ဒန္နီရယ္ခရိတ္က No Time To Die ရုပ္ရွင္အတြက္ ေၾကညာမႈ လုပ္စဥ္မွာ ဂ်င္မီကာေရဂါနဲ႔ အင္တာဗ်ဴးတစ္ခုကို စကိုင္းစေပါ့မွာ လုပ္ခဲ့ပါေသးတယ္။

ခရိတ္ကေတာ့ သူဟာ ယာဂင္ကေလာ့ပ္ကို အထင္ၾကီးေၾကာင္းနဲ႔ ဂ်ာမာန္သားက ေခါင္းေဆာင္မႈ စြမ္းရည္ရွိတယ္လို႔ ဆိုပါတယ္။ ထံုးစံအတိုင္း စစ္စစ္ေပါက္ေပါက္မွ ေမးတတ္တဲ့ ကာေရဂါက “ ယာဂင္ကေလာ့ပ္က ဂ်ိမ္းဘြန္းေကာင္းတစ္ေယာက္ ျဖစ္ႏုိင္မလား?” လို႔ လီဗာပူးပရိသတ္ ဒန္နီရယ္ ခရိတ္ကို ေမးခဲ့တာပါ။

လီဗာပူးအမာခံ ပရိသတ္ျဖစ္တဲ့ ဒန္နီရယ္ခရိတ္ဟာ အန္ဖီးကြင္းထံ လာေရာက္ျပီး အသင္းပြဲေတြကိုေတာင္ လာေရာက္ အားေပးဖူးသူျဖစ္တယ္။ သူဟာ ဒီတစ္ၾကိမ္ လီဗာပူးနဲ႔ မန္စီးတီးပြဲကို တက္ေရာက္ အားေပးသြားဦးမလားက စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

ခရိတ္က “ က်ေနာ္ ကေလာ့ပ္ကို အထင္ၾကီး ေလးစားပါတယ္။ ဒီေတာ့ သူက ဂ်ိမ္းဘြန္းေကာင္းျဖစ္မယ္လို႔ ထင္ပါတယ္။ သူနဲ႔ ႏွစ္ၾကိမ္ေလာက္ ေတြ႔ခ့ဲဖူးတာကလည္း ကံေကာင္းတာပါပဲ။ မင္းတို႔လည္း သေဘာက်မွာပါပဲ။

ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ ဒီကာရိုက္တာအတြက္ လူေကာင္းႏွစ္ေယာက္ေလာက္ကို က်ေနာ္ ေတြ႔ဖူးပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ဆာအဲလက္စ္ ဖာဂူဆန္ေပါ့။ ဒါေပမယ့္ သူ႔နာမည္ကေတာ့ က်ေနာ္ ထည့္မေျပာသင့္ဘူး ထင္ပါတယ္။

ကေလာ့ပ္က ေခါင္းေဆာင္ေကာင္းပါပဲ။ သူကေတာ့ ဂ်ိမ္းဘြန္းထက္ေတာင္ ပိုသာေသးတယ္လို က်ေနာ္ ထင္ပါတယ္။ ” ဆိုျပီး ေျပာဆိုခဲ့တာပါ။

အဆိုပါ အင္တာဗ်ဴးေအာက္မွာ လီဗာပူးပရိသတ္ေတြက ကေလာ့ပ္ ပါဝင္ႏုိင္မယ့္ ဂ်ိမ္းဘြန္းဇာတ္ေကာင္းကို စိတ္ကူးယဥ္ ေျပာဆိုေနၾကတယ္။ ရယ္စရာကေတာ့ ပရိသတ္ အေတာ္မ်ားမ်ားက ေဒါသၾကီးတဲ့ ကေလာ့ပ္ကို 007 ေနရာမွာ ျမင္ရဖို႔ထက္ ဗီလိန္ဇာတ္ေကာင္အျဖစ္ ျမင္လိုေနၾကတာပဲ ျဖစ္ပါတယ္။