လီဗာပူး တိုက်စစ်မှုးဟောင်း ဒန်နီရယ် စတားရစ်ဟာ တူရကီကလပ် ထရာဇွန်စပေါကနေ ထွက်ခွာခဲ့ပြီးနောက် ၁၉ လ တာ အသင်းလက်မဲ့ ဖြစ်နေခဲ့ရပြီး အခုတော့ ကလပ်အသင်းသစ် ရှာဖွေ တွေ့ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် အင်္ဂလန်သားဟာ မတ် ၂၀၂၀ မှာ အက်ဖ်အေရဲ့ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်တာကြောင့် ၄လ ပွဲပယ်ခံခဲ့ရတာ ဖြစ်ပြီး ထိုတည်းက ပွဲကစားခွင့် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကနေ ၂၀၁၉ မှာ ထွက်ခွာသွားတဲ့ စတားရစ်ဟာ ထရာဇွန်စပေါမှာ ထိုသို့ ပြသနာ ဖြစ်ခဲ့ပြီးနောက် အသင်းသစ် ရှာဖွေမတွေ့ဘဲ ဖြစ်နေခဲ့ပြီး ပြီးခဲ့တဲ့နွေမှာ ရီးရဲလ်မာလိုကာ အသင်း်နဲ့ အတူ လေ့ကျင့်ရေး ဆင်းခဲ့ပါတယ်။ အဲဒီနောက် သြစတေးလျကလပ် ပါ့သ် ဂလိုရီ အသင်းနဲ့ လက်တွဲဖို့ သဘောတူညီမှုရကာ လက်မှတ်ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

” အခုလို စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ခွင့် ရတာက တကယ့် အခွင့်အရေးကောင်းပါ။ ဒီလို အခွင့်ကောင်း ရလာချိန်မှာ ကျနော် က ဒါဟာ လမ်းကြောင်းမှန်ပဲ လို့လည်း ခံစားမိပါတယ်။ ကျနော်က ပြိုင်ဆိုင်မှု ကောင်းတဲ့ လိဂ်တစ်ခုမှာ ကိုယ့် အရည်အသွေးကိုယ် ပြသချင်တာပါ။ အသင်းကို သူတို့ အောင်မြင်နိုင်သလောက် များများရောက်အောင် ကူညီပေးချင်တယ်။

ကျနော်ရဲ့ တိုက်စစ် ခြေစွမ်းကို အကောင်းဆုံး ရအောင် ကျနော် ပြသသွားမှာပါ။ အလုပ်ကို ကြိုးစားလုပ်မယ်၊ အသင်းကို ကူညီမယ်။ ရာသီကုန်မှာ ကျနေ်ာတို့ ဘယ်လောက် မြင့်မြင့်ရောက်မလဲ ကြည့်ကြတာပေါ့။ ” လို့ စတားရစ်က ပြောဆိုခဲ့ပါတယ်။

ပါ့သ် ဂလိုရီ အသင်းမှာ လီဗာပူး တိုက်စစ်မှုးဟောင်း ရော်ဘီဖောင်လာလည်း သွားရောက် ကစားခဲ့ဖူးပါတယ်။ ဘောလုံးနဲ့ ဝေးကွာနေရတဲ့ စတားရစ်ချ် တစ်ယောက် ကလပ်အသင်းသစ်မှာ ခြေစွမ်းကောင်းတွေ ပြန် ပြသနိုင်ဖို့ မျှော်လင့်ရပါတယ်။

Zawgyi

လီဗာပူး တိုက္စစ္မႈးေဟာင္း ဒန္နီရယ္ စတားရစ္ဟာ တူရကီကလပ္ ထရာဇြန္စေပါကေန ထြက္ခြာခဲ့ျပီးေနာက္ ၁၉ လ တာ အသင္းလက္မဲ့ ျဖစ္ေနခဲ့ရျပီး အခုေတာ့ ကလပ္အသင္းသစ္ ရွာေဖြ ေတြ႔ရွိသြားခဲ့ျပီ ျဖစ္ပါတယ္။

အသက္ ၃၂ နွစ္ အရြယ္ အဂၤလန္သားဟာ မတ္ ၂၀၂၀ မွာ အက္ဖ္ေအရဲ႕ ေလာင္းကစားစည္းမ်ဥ္းေတြ ခ်ိဳးေဖာက္တာေၾကာင့္ ၄လ ပြဲပယ္ခံခဲ့ရတာ ျဖစ္ျပီး ထိုတည္းက ပြဲကစားခြင့္ ေပ်ာက္ဆံုးသြားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းကေန ၂၀၁၉ မွာ ထြက္ခြာသြားတဲ့ စတားရစ္ဟာ ထရာဇြန္စေပါမွာ ထိုသို႔ ျပသနာ ျဖစ္ခဲ့ျပီးေနာက္ အသင္းသစ္ ရွာေဖြမေတြ႔ဘဲ ျဖစ္ေနခဲ့ျပီး ျပီးခဲ့တဲ့ေႏြမွာ ရီးရဲလ္မာလိုကာ အသငး္္နဲ႕ အတူ ေလ့က်င့္ေရး ဆင္းခဲ့ပါတယ္။ အဲဒီေနာက္ ၾသစေတးလ်ကလပ္ ပါ့သ္ ဂလိုရီ အသင္းနဲ႕ လက္တြဲဖို႔ သေဘာတူညီမႈရကာ လက္မွတ္ထိုးနိုင္ခဲ့တာ ျဖစ္ပါတယ္။

” အခုလို စိန္ေခၚမႈအသစ္ကို ရင္ဆုိင္ခြင့္ ရတာက တကယ့္ အခြင့္အေရးေကာင္းပါ။ ဒီလို အခြင့္ေကာင္း ရလာခ်ိန္မွာ က်ေနာ္ က ဒါဟာ လမ္းေၾကာင္းမွန္ပဲ လို႔လည္း ခံစားမိပါတယ္။ က်ေနာ္က ျပိဳင္ဆိုင္မႈ ေကာင္းတဲ့ လိဂ္တစ္ခုမွာ ကိုယ့္ အရည္အေသြးကိုယ္ ျပသခ်င္တာပါ။ အသင္းကို သူတို႔ ေအာင္ျမင္နိုင္သေလာက္ မ်ားမ်ားေရာက္ေအာင္ ကူညီေပးခ်င္တယ္။

က်ေနာ္ရဲ႕ တိုက္စစ္ ေျခစြမ္းကို အေကာင္းဆံုး ရေအာင္ က်ေနာ္ ျပသသြားမွာပါ။ အလုပ္ကို ၾကိဳးစားလုပ္မယ္၊ အသင္းကို ကူညီမယ္။ ရာသီကုန္မွာ က်ေန္ာတို႔ ဘယ္ေလာက္ ျမင့္ျမင့္ေရာက္မလဲ ၾကည့္ၾကတာေပါ့။ ” လို႔ စတားရစ္က ေျပာဆိုခဲ့ပါတယ္။

ပါ့သ္ ဂလိုရီ အသင္းမွာ လီဗာပူး တိုက္စစ္မႈးေဟာင္း ေရာ္ဘီေဖာင္လာလည္း သြားေရာက္ ကစားခဲ့ဖူးပါတယ္။ ေဘာလံုးနဲ႕ ေ၀းကြာေနရတဲ့ စတားရစ္ခ်္ တစ္ေယာက္ ကလပ္အသင္းသစ္မွာ ေျခစြမ္းေကာင္းေတြ ျပန္ ျပသနိုင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။