မန်နေဂျာ ကလော့ပ်က မန်စီးတီးပွဲအတွက် သူ့နည်းစနစ်မှာ အပြောင်းအလဲ တစ်ခုလုပ်ဖို့ အရိပ်အမြွက် ပြောလာခဲ့သလို ထရန့် မပါဝင်နိုင်ချိန် ညာအစွန်နေရာမှာ ပါဝင်ကစားမယ့် ကစားသမားကို အမည်တပ် ပြောပြဖို့ ဆန္ဒမရှိနေခဲ့ပါဘူး။

လီဗာပူးဟာ တနင်္ဂနွေနေ့မှာ ပွဲကြီးတစ်ပွဲ ကစားရဖို့ရှိပြီး အောက်တိုဘာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်မှာ နောက်ဆုံးပွဲအဖြစ် အန်ဖီးမှာ မန်စီးတီးကို ဧည့်ခံကစားရမှာပါ။ အသင်းဟာ ဒီရာသီမှာ ၂ ပွဲသာ သရေကျပြီး ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်နေကာ မန်စီးတီးအထက် ၁ မှတ်အကွာနဲ့ ဇယားထိပ်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ နောက်ထပ် ၃ မှတ် ရယူဖို့ လီဗာပူးအနေနဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ပြသရမယ်ဆိုတာကို ကလော့ပ်က သိထားပြီး ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် မကစားနိုင်တဲ့ ထရန့်ရဲ့ ညာအစွန်နေရာမှာ ဖြေရှင်းချက်တစ်ခု လိုအပ်နေတာ ဖြစ်သလို အဲ့ဒီ့အတွက် ရွေးချယ်စရာက သုံးခုရှိပါတယ်။

ဂျိမ်းစ်မီနာနဲ့ ဂျိုးဂိုမက်စ်တို့ နှစ်ဦးလုံးက ပေါ်တိုနဲ့ပွဲမှာ ပါဝင်ခဲ့ကြတယ်။ ဒဏ်ရာကနေ ပြန်လာနိုင်ပြီဖြစ်တဲ့ နီကိုး ဝီလီယမ်က နောက်ထပ်ရွေးချယ်စရာ တစ်ခု ဖြစ်စေဖို့ ရှိနေပါတယ်။ ဒါပေမယ့် မန်နေဂျာကလော့ပ်က နည်းစနစ် ပြောင်းလဲမှုလုပ်ဖို့လည်း အလားအလာရှိနေပါတယ်။

“ ကျွန်တော်တို့မှာ လူစာရင်းတစ်ခု ရှိတယ်။ ဒါက မရှင်းလင်းသေးဘူး။ နေရာတစ်ခုအတွက် ရွေးချယ်စရာ သုံးခုနဲ့အထက် ရှိနေတယ်။ ကျွန်တော်တို့မှာ ဂျိမ်းစ်ရှိတယ်။ ဂျိုးရှိတယ်။ နီကိုးရှိတယ်။ ကျွန်တော်တို့ နည်းစနစ်ကိုး ပြောင်းလဲလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အပြောင်းအလဲတချို့နဲ့အတူ ဒီတစ်ပတ်မှာ အဲ့ဒါကို လေ့ကျင့်ဖို့ အချိန်ရှိပါတယ်။

ဖြစ်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ အချိန်အကြာကြီး ဒီလို တစ်ယောက် တစ်ယောက်ချင်း စိန်ခေါ်မှုတွေပဲ ရှိသင့်တဲ့ ပွဲမျိုး မဟုတ်တော့ပါဘူး။ အချိန်တိုင်း ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီ့နေရာမှာ ဘယ်သူပဲ ကစားကစား၊ ညာအစွန်နေရာတစ်ခုမှာ အနည်းဆုံး ကစားသမား နှစ်ယောက်က ကာကွယ်ပေးသင့်ပါတယ်။

ညာအစွန်လူနေရာကို ကာကွယ်ဖို့အတွက် ဗဟိုခံစစ်မှူး၊ ကွင်းလယ်လူနဲ့ တောင်ပံကစားသမားတွေက အသင့်တော်ဆုံးပါပဲ။ ကျွန်တော်တို့တွေ အသင်းလိုက် စုစည်းမှုရှိရှိနဲ့ ခုခံကာကွယ်ရမယ်။ အဲ့လိုကစားရင် လူတိုင်းအတွက် ခက်ခဲစေမှာပါ”လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ညာခြမ်းမှာ အစွန်-တောင်ပံသမား ထုတ်သုံးလာပြီး ခံစစ်မှူး သုံးဦးထားမယ့် ပုံစံဟာ ကလော့ပ် အရိပ်အမြွက်ပေးနေတဲ့ ကစားကွက်မျိုး ဖြစ်နိုင်ပါတယ်။ ယာဂင်ဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေ လုပ်ဖို့ကို ကြောက်ရွံ့မနေတတ်ပါဘူး။ ဒါပေမယ့် အလားတူပဲ ၄-၂-၃-၁ ပုံစံကိုလည်း စဉ်းစားနိုင်သေးတာဖြစ်တယ်။

နည်းစနစ်ပိုင်း ပြောင်းလဲမယ်ဆိုတာက ကလော့ပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးလား ဆိုတာတော့ ပွဲလူစာရင်းထုတ်မှပဲ သိရမှာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ကေလာ့ပ္က မန္စီးတီးပြဲအတြက္ သူ႔နည္းစနစ္မွာ အေျပာင္းအလဲ တစ္ခုလုပ္ဖို႔ အရိပ္အႁမြက္ ေျပာလာခဲ့သလို ထရန္႔ မပါဝင္ႏိုင္ခ်ိန္ ညာအစြန္ေနရာမွာ ပါဝင္ကစားမယ့္ ကစားသမားကို အမည္တပ္ ေျပာျပဖို႔ ဆႏၵမရွိေနခဲ့ပါဘူး။

လီဗာပူးဟာ တနဂၤေႏြေန႔မွာ ပြဲႀကီးတစ္ပြဲ ကစားရဖို႔ရွိၿပီး ေအာက္တိုဘာ ႏိုင္ငံတကာ သီတင္းပတ္ မတိုင္ခင္မွာ ေနာက္ဆုံးပြဲအျဖစ္ အန္ဖီးမွာ မန္စီးတီးကို ဧည့္ခံကစားရမွာပါ။ အသင္းဟာ ဒီရာသီမွာ ၂ ပြဲသာ သေရက်ၿပီး ရႈံးပြဲမရွိေသးတဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ေနကာ မန္စီးတီးအထက္ ၁ မွတ္အကြာနဲ႔ ဇယားထိပ္မွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

ဒီတစ္ပတ္မွာ ေနာက္ထပ္ ၃ မွတ္ ရယူဖို႔ လီဗာပူးအေနနဲ႔ အျမင့္ဆုံး စြမ္းေဆာင္ရည္ေတြ ျပသရမယ္ဆိုတာကို ကေလာ့ပ္က သိထားၿပီး ေျခသလုံးႂကြက္သား ဒဏ္ရာေၾကာင့္ မကစားႏိုင္တဲ့ ထရန္႔ရဲ႕ ညာအစြန္ေနရာမွာ ေျဖရွင္းခ်က္တစ္ခု လိုအပ္ေနတာ ျဖစ္သလို အဲ့ဒီ့အတြက္ ေ႐ြးခ်ယ္စရာက သုံးခုရွိပါတယ္။

ဂ်ိမ္းစ္မီနာနဲ႔ ဂ်ိဳးဂိုမက္စ္တို႔ ႏွစ္ဦးလုံးက ေပၚတိုနဲ႔ပြဲမွာ ပါဝင္ခဲ့ၾကတယ္။ ဒဏ္ရာကေန ျပန္လာႏိုင္ၿပီျဖစ္တဲ့ နီကိုး ဝီလီယမ္က ေနာက္ထပ္ေ႐ြးခ်ယ္စရာ တစ္ခု ျဖစ္ေစဖို႔ ရွိေနပါတယ္။ ဒါေပမယ့္ မန္ေနဂ်ာကေလာ့ပ္က နည္းစနစ္ ေျပာင္းလဲမႈလုပ္ဖို႔လည္း အလားအလာရွိေနပါတယ္။

“ ကြၽန္ေတာ္တို႔မွာ လူစာရင္းတစ္ခု ရွိတယ္။ ဒါက မရွင္းလင္းေသးဘူး။ ေနရာတစ္ခုအတြက္ ေ႐ြးခ်ယ္စရာ သုံးခုနဲ႔အထက္ ရွိေနတယ္။ ကြၽန္ေတာ္တို႔မွာ ဂ်ိမ္းစ္ရွိတယ္။ ဂ်ိဳးရွိတယ္။ နီကိုးရွိတယ္။ ကြၽန္ေတာ္တို႔ နည္းစနစ္ကိုး ေျပာင္းလဲလိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ အေျပာင္းအလဲတခ်ိဳ႕နဲ႔အတူ ဒီတစ္ပတ္မွာ အဲ့ဒါကို ေလ့က်င့္ဖို႔ အခ်ိန္ရွိပါတယ္။

ျဖစ္ႏိုင္တဲ့ အရာေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ ေဘာလုံးဆိုတာ အခ်ိန္အၾကာႀကီး ဒီလို တစ္ေယာက္ တစ္ေယာက္ခ်င္း စိန္ေခၚမႈေတြပဲ ရွိသင့္တဲ့ ပြဲမ်ိဳး မဟုတ္ေတာ့ပါဘူး။ အခ်ိန္တိုင္း ေျပာင္းလဲမႈေတြ ရွိေနပါတယ္။ ဒါေပမယ့္ အဲ့ဒီ့ေနရာမွာ ဘယ္သူပဲ ကစားကစား၊ ညာအစြန္ေနရာတစ္ခုမွာ အနည္းဆုံး ကစားသမား ႏွစ္ေယာက္က ကာကြယ္ေပးသင့္ပါတယ္။

ညာအစြန္လူေနရာကို ကာကြယ္ဖို႔အတြက္ ဗဟိုခံစစ္မွဴး၊ ကြင္းလယ္လူနဲ႔ ေတာင္ပံကစားသမားေတြက အသင့္ေတာ္ဆုံးပါပဲ။ ကြၽန္ေတာ္တို႔ေတြ အသင္းလိုက္ စုစည္းမႈရွိရွိနဲ႔ ခုခံကာကြယ္ရမယ္။ အဲ့လိုကစားရင္ လူတိုင္းအတြက္ ခက္ခဲေစမွာပါ”လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

ညာျခမ္းမွာ အစြန္-ေတာင္ပံသမား ထုတ္သံုးလာျပီး ခံစစ္မွဴး သံုးဦးထားမယ့္ ပံုစံဟာ ကေလာ့ပ္ အရိပ္အႁမြက္ေပးေနတဲ့ ကစားကြက္မ်ိဳး ျဖစ္ႏိုင္ပါတယ္။ ယာဂင္ဟာ အခ်ိန္နဲ႔အမွ် အေျပာင္းအလဲေတြ လုပ္ဖို႔ကို ေၾကာက္႐ြံ႕မေနတတ္ပါဘူး။ ဒါေပမယ့္ အလားတူပဲ ၄-၂-၃-၁ ပုံစံကိုလည္း စဥ္းစားႏိုင္ေသးတာျဖစ္တယ္။

နည္းစနစ္ပိုင္း ေျပာင္းလဲမယ္ဆိုတာက ကေလာ့ပ္ရဲ႕ စိတ္ဓာတ္စစ္ဆင္ေရးလား ဆိုတာေတာ့ ပြဲလူစာရင္းထုတ္မွပဲ သိရမွာ ျဖစ္ပါတယ္။