လီဗာပူးနဲ့ မန်စီးတီး အသင်းတို့ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စူပါဆန်းဒေး ပွဲ အဖြစ် အန်းဖီးကွင်းမှာ ထိပ်တိုက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ တနင်္ဂနွေနေ့ ည ၁၀ နာရီမှာပါ။

ဒီနှစ်တွေ အတွင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ပခုံးချင်း အယှဉ်နိုင်ကြဆုံး အသင်းတွေ ပီပီ နည်းပြတွေ ဖြစ်တဲ့ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ကလည်း ဒီပွဲအတွက် အများကြီး ပြင်ဆင်ထားကြပုံ ရှိနေကာ ပွဲကြိုစကားတွေနဲ့ အပြန်အလှန် ချီးကျူးမြှောက်ပင့်နေကြပါတယ်။

နာမည်ကျေ်ာ တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင်က ဒီတစ်ပတ် လီဗာပူးနဲ့ စီးတီးတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဘရန့်ဖို့ဒ်နဲ့ ပွဲက လီဗာပူးအသင်း စွမ်းဆောင်ရည်က ထူးထူးဆန်းဆန်းပါ။ သူတို့ ၃ ဂိုးသွင်းခဲ့ပြီး ဂိုးတွေ ပိုရနိုင်တဲ့ အနေအထားတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ၃ ဂိုး ပြန်ပေးလိုက်ရတာကတော့ သတိထားစရာပါ။

ကလော့ပ်က ဒီကိစ္စ အတွက် အမျက်ထွက်ခဲ့တာကြောင့် ဒီတစ်ပတ် ပွဲမှာတော့ ဒါမျိုး ထပ်လာမှာ မဟုတ်တော့ပါဘူး။ ပေါ်တိုနဲ့ ပွဲက တုန့်ပြန်မှုကလည်း ကောင်းမွန်ခဲ့တယ်။ အဲဒီကို သွားပြီး ၅ ဂိုး သွင်းတယ် ဆိုတာ ထူးကို ထူးချွန်တဲ့ ခြေစွမ်းပါ။

စီးတီးကတော့ ဘာလို့ သူတို့ ချန်ပီယံ ဖြစ်ရသလဲ ဆိုတာ ပြီးခဲ့တဲ့ အပတ် ချယ်ဆီးနဲ့ တွေ့ချိန်မှာ ပြသခဲ့တယ်။ သူတို့ အနေနဲ့ ပွဲတစ်ပွဲကို အောက်အသင်း ဖြစ်သွားရတာ က ရှားရှားပါးပါးပါ။ ကြွေတက်နေတဲ့ ချယ်ဆီးလို အသင်းကို အထင်ကြီးဖွယ် အနိုင် ကစားပြလိုက်တာက သူတို့ရဲ့ ကြေငြာချက်ကြီး ထုတ်လိုက်သလိုလည်း ဖြစ်ခဲ့ပါတယ်။ အင်္ဂါနေ့က ပီအက်စ်ဂျီကို ရှုံးခဲ့ပေမယ့် အဲဒီပွဲမှာ မန်စီးတီးတို့ ကစားတာ ကောင်းခဲ့ပါတယ်၊ နည်းနည်း ပိုပြီး ထိရောက်မှု ရှိဖို့ပဲ လိုခဲ့တာ။

မန်စီးတီးနဲ့ အန်းဖီးမှာ တွေ့တဲ့အခါတိုင်း လီဗာပူးက မှတ်တမ်းကောင်းတွေ ရှိထားတာပါ။ ပြီးခဲ့တဲ့ ရာသီက စီးတီး အန်းဖီးမှာ နိုင်သွားတာဟာ ၂၀၀၃ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံး နိုင်ပွဲ ဖြစ်ခဲ့တယ်။ ဒီလို ပွဲကြီးမှာတော့ လီဗာပူးကပဲ အသာရသွားမယ်လို့ ကျနော် အမြဲ ထင်တယ်။ ကျနေ်ာကတော့ ဒီပွဲမှာ လီဗာပူး ၂-၁ နဲ့ အနိုင်ပဲ လို့ မှန်းချင်တယ်။ ” လို့ မိုက်ကယ် အိုဝင်က သုံးသပ် ခန့်မှန်းသွားပါတယ်။

Zawgyi

လီဗာပူးနဲ႕ မန္စီးတီး အသင္းတို႔ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ စူပါဆန္းေဒး ပြဲ အျဖစ္ အန္းဖီးကြင္းမွာ ထိပ္တိုက္ ယွဥ္ျပိဳင္ၾကရမွာ ျဖစ္ပါတယ္။ ဒီနွစ္သင္း ကစားမယ့္ ပြဲခ်ိန္ကေတာ့ တနဂၤေႏြေန႔ ည ၁၀ နာရီမွာပါ။

ဒီနွစ္ေတြ အတြင္း ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ ပခံုးခ်င္း အယွဥ္နုိင္ၾကဆံုး အသင္းေတြ ပီပီ နည္းျပေတြ ျဖစ္တဲ့ ကေလာ့ပ္နဲ႕ ဂြာဒီယိုလာတို႔ကလည္း ဒီပြဲအတြက္ အမ်ားၾကီး ျပင္ဆင္ထားၾကပံု ရွိေနကာ ပြဲၾကိဳစကားေတြနဲ႕ အျပန္အလွန္ ခ်ီးက်ဴးေျမွာက္ပင့္ေနၾကပါတယ္။

နာမည္ေက်္ာ တိုက္စစ္မႈးေဟာင္း မိုက္ကယ္ အို၀င္က ဒီတစ္ပတ္ လီဗာပူးနဲ႕ စီးတီးတို႔ ပြဲ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဘရန္႔ဖို႔ဒ္နဲ႕ ပြဲက လီဗာပူးအသင္း စြမ္းေဆာင္ရည္က ထူးထူးဆန္းဆန္းပါ။ သူတို႔ ၃ ဂိုးသြင္းခဲ့ျပီး ဂိုးေတြ ပိုရနိုင္တဲ့ အေနအထားေတြလည္း ရွိခဲ့ပါတယ္။ ဒါေပမယ့္ ၃ ဂိုး ျပန္ေပးလိုက္ရတာကေတာ့ သတိထားစရာပါ။

ကေလာ့ပ္က ဒီကိစၥ အတြက္ အမ်က္ထြက္ခဲ့တာေၾကာင့္ ဒီတစ္ပတ္ ပြဲမွာေတာ့ ဒါမ်ိဳး ထပ္လာမွာ မဟုတ္ေတာ့ပါဘူး။ ေပၚတိုနဲ႕ ပြဲက တုန္႔ျပန္မႈကလည္း ေကာင္းမြန္ခဲ့တယ္။ အဲဒီကို သြားျပီး ၅ ဂိုး သြင္းတယ္ ဆိုတာ ထူးကို ထူးခၽြန္တဲ့ ေျခစြမ္းပါ။

စီးတီးကေတာ့ ဘာလို႔ သူတို႔ ခ်န္ပီယံ ျဖစ္ရသလဲ ဆိုတာ ျပီးခဲ့တဲ့ အပတ္ ခ်ယ္ဆီးနဲ႕ ေတြ႔ခ်ိန္မွာ ျပသခဲ့တယ္။ သူတို႔ အေနနဲ႕ ပြဲတစ္ပြဲကို ေအာက္အသင္း ျဖစ္သြားရတာ က ရွားရွားပါးပါးပါ။ ေၾကြတက္ေနတဲ့ ခ်ယ္ဆီးလို အသင္းကို အထင္ၾကီးဖြယ္ အနုိင္ ကစားျပလိုက္တာက သူတို႔ရဲ႕ ေၾကျငာခ်က္ၾကီး ထုတ္လိုက္သလိုလည္း ျဖစ္ခဲ့ပါတယ္။ အဂၤါေန႔က ပီအက္စ္ဂ်ီကို ရွံဳးခဲ့ေပမယ့္ အဲဒီပြဲမွာ မန္စီးတီးတို႔ ကစားတာ ေကာင္းခဲ့ပါတယ္၊ နည္းနည္း ပိုျပီး ထိေရာက္မႈ ရွိဖို႔ပဲ လိုခဲ့တာ။

မန္စီးတီးနဲ႕ အန္းဖီးမွာ ေတြ႔တဲ့အခါတိုင္း လီဗာပူးက မွတ္တမ္းေကာင္းေတြ ရွိထားတာပါ။ ျပီးခဲ့တဲ့ ရာသီက စီးတီး အန္းဖီးမွာ နုိင္သြားတာဟာ ၂၀၀၃ ေနာက္ပိုင္း သူတို႔ရဲ႕ ပထမဆံုး နုိင္ပြဲ ျဖစ္ခဲ့တယ္။ ဒီလို ပြဲၾကီးမွာေတာ့ လီဗာပူးကပဲ အသာရသြားမယ္လို႔ က်ေနာ္ အျမဲ ထင္တယ္။ က်ေန္ာကေတာ့ ဒီပြဲမွာ လီဗာပူး ၂-၁ နဲ႕ အနုိင္ပဲ လို႔ မွန္းခ်င္တယ္။ ” လို႔ မိုက္ကယ္ အို၀င္က သံုးသပ္ ခန္႔မွန္းသြားပါတယ္။