လီဗာပူးအသင်းဟာ ဒီတစ်ပတ်မှာ မန်စီးတီးအသင်းကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားမှာ ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ အမှတ်ဖြတ်နိုင်ဖို့ အခွင့်ကောင်းလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီကတော့ လီဗာပူးဟာ အိမ်ကွင်းမှာ စီးတီးကို ၄-၁ နဲ့ ရှုံးခဲ့ရတယ်။ ထိုပွဲဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း စီးတီး အတွက် ပထမဆုံးအကြိမ်အဖြစ် အန်ဖီးကွင်းမှာ လီဗာပူးအသင်းကို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာတော့ လီဗာပူးက ပြီးခဲ့တဲ့ ရာသီက ရှုံးကြွေးကို တုန့်ပြန်နိုင်မလား စိတ်ဝင်စားနေခဲ့ကြတာပါ။

ဒီတစ်ပတ် ပွဲ ကို လီဗာပူး အသင်း အနေနဲ့ သရေ တစ်မှတ် ရဖို့ ဦးစားပေး ပြင်ဆင်သွားမလား လို့ ပွဲကြို အင်တာဗျူးမှာ ကလော့ပ်က မေးခွန်းထုတ်ခံခဲ့ရပြီး ကလော့ပ်က ပွဲပြီးထိ ကြည့်ဖို့ အခုလို ဖြေကြားသွားခဲ့ပါတယ်။

” သရေ ဆိုတာ ကျနော်တို့ ဒီရာသီ ရှုံးပွဲ မရှိသေးဘူး ဆိုတဲ့ သဘောပေါ့။ အဲဒီ ရလဒ်ကို ယူမလား မေးရင်တော့ ဖြေဖို့ စောသေးတယ်။ ပွဲကို ကစားပါရစေဦး၊ ပြီးမှ ဒါမျိုး မေးပါ။ အခုထိတော့ ကျနေ်ာတို့ ရာသီအစက အိုကေပါတယ်။ ဒါပေမယ့် ဒိထက် ပို ကောင်းကောင်း မလုပ်နိုင်ဘူးလား ဆိုရင်တော့ မဟုတ်သေးဘူး၊ လုပ်နိုင်သေးတယ်လေ။

တကယ်လို့ ဒီပွဲနိုင်ရင်တော့ အဲဒါက ရာသီအစကောင်း ဖြစ်လာပါမယ်။ နောက်ပြီးရင် ဝက်ဖို့ဒ်၊ အက်သလက်တီကို၊ မန်ယူနိုက်တက် တို့နဲ့ တွေ့မှပါာ။ ” လို့ ကလော့ပ်က တုန့်ပြန်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၎င်းတို့ရဲ့ ၈ ရက်တာ ပွဲကြပ် ခရီးကြမ်းရဲ့ နောက်ဆုံး ပွဲ အဖြစ် အန်းဖီးကို လာပြီး လီဗာပူးကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင်က ချယ်ဆီး၊ ပီအက်စ်ဂျီတို့နဲ့ ရင်ဆိုင်ထားခဲ့တာပါ။ ချယ်ဆီးကို စီးတီးတို့ အနိုင် ကစားခဲ့ပေမယ့် ကြားရက်မှာတော့ ပီအက်စ်ဂျီကို ၂-၀ နဲ့ ရှုံးနိမ့်ထားခဲ့တာပါ။ ဒါပေမယ့် ကလော့ပ်ကတော့ စီးတီးကို လျှော့တွက်မထားပါဘူး။

” မန်စီးတီးက ကျနော့်အတွက်တော့ လက်ရှိ ဥရောပ အကောင်းဆုံး အသင်းပဲ။ ပြီးခဲ့တဲ့ သီတင်းပတ်က ချယ်ဆီးနဲ့ ကစားခဲ့တယ်။ သူတို့လည်း ကောင်းခဲ့ပေမယ့် စီးတီးက အဲဒီပွဲမှာ ပိုကောင်းခဲ့တယ်။ အဲဒီအသင်းကို ကျနော်တို့ ရင်ဆိုင်ရမှာ ဖြစ်တယ်။

ကျနေ်ာတို့ ဂိုးလည်း သွင်းမှ ဖြစ်မယ်။ ဒါမှသာ ကျနော်တို့ ခံစစ်မှာလည်း အမြင့်ဆုံး လယ်ဗယ်ထိ ကူညီပေးရာ ရောက်မယ်။ ကျနောတို့ ရဲရဲရင့်ရင့် ကစားရမယ်။ ကိုယ့် အကောင်းဆုံး ပုံစံ ရမှဖြစ်မယ်။ ဒါမှသာ ဒီပွဲကနေ အမှတ် ယူနိုင်မှာပါ။ ဒါကို ကျနော်တို့ ကြိုးစားသွားပါမယ်။ ဒီပွဲကတော့ ရင်ခုန်စရာပါပဲ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီတစ္ပတ္မွာ မန္စီးတီးအသင္းကို အိမ္ကြင္း အန္းဖီးမွာ ဧည့္ခံ ကစားမွာ ျဖစ္ျပီး အမွတ္ေပးဇယား ထိပ္ဆံုးေနရာကေန အမွတ္ျဖတ္နိုင္ဖို႔ အခြင့္ေကာင္းလည္း ရွိေနပါတယ္။

ျပီးခဲ့တဲ့ရာသီကေတာ့ လီဗာပူးဟာ အိမ္ကြင္းမွာ စီးတီးကို ၄-၁ နဲ႕ ရွံဳးခဲ့ရတယ္။ ထိုပြဲဟာ ၂၀၀၃ ခုႏွစ္ေနာက္ပိုင္း စီးတီး အတြက္ ပထမဆံုးအၾကိမ္အျဖစ္ အန္ဖီးကြင္းမွာ လီဗာပူးအသင္းကို အနုိင္ရခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရာသီမွာေတာ့ လီဗာပူးက ျပီးခဲ့တဲ့ ရာသီက ရွံဳးေၾကြးကို တုန္႔ျပန္နုိင္မလား စိတ္၀င္စားေနခဲ့ၾကတာပါ။

ဒီတစ္ပတ္ ပြဲ ကို လီဗာပူး အသင္း အေနနဲ႕ သေရ တစ္မွတ္ ရဖို႔ ဦးစားေပး ျပင္ဆင္သြားမလား လို႔ ပြဲၾကိဳ အင္တာဗ်ဴးမွာ ကေလာ့ပ္က ေမးခြန္းထုတ္ခံခဲ့ရျပီး ကေလာ့ပ္က ပြဲျပီးထိ ၾကည့္ဖို႔ အခုလုိ ေျဖၾကားသြားခဲ့ပါတယ္။

” သေရ ဆိုတာ က်ေနာ္တို႔ ဒီရာသီ ရွံဳးပြဲ မရွိေသးဘူး ဆိုတဲ့ သေဘာေပါ့။ အဲဒီ ရလဒ္ကို ယူမလား ေမးရင္ေတာ့ ေျဖဖို႔ ေစာေသးတယ္။ ပြဲကို ကစားပါရေစဦး၊ ျပီးမွ ဒါမ်ိဳး ေမးပါ။ အခုထိေတာ့ က်ေန္ာတို႔ ရာသီအစက အိုေကပါတယ္။ ဒါေပမယ့္ ဒိထက္ ပို ေကာင္းေကာငး္ မလုပ္နုိင္ဘူးလား ဆိုရင္ေတာ့ မဟုတ္ေသးဘူး၊ လုပ္နိုင္ေသးတယ္ေလ။

တကယ္လို႔ ဒီပြဲနိုင္ရင္ေတာ့ အဲဒါက ရာသီအစေကာင္း ျဖစ္လာပါမယ္။ ေနာက္ျပီးရင္ ၀က္ဖို႔ဒ္၊ အက္သလက္တီကို၊ မန္ယူနိုက္တက္ တို႔နဲ႕ ေတြ႔မွပါာ။ ” လို႔ ကေလာ့ပ္က တုန္႔ျပန္ခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ၄င္းတို႔ရဲ႕ ၈ ရက္တာ ပြဲၾကပ္ ခရီးၾကမ္းရဲ႕ ေနာက္ဆံုး ပြဲ အျဖစ္ အန္းဖီးကို လာျပီး လီဗာပူးကို ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒီပြဲ မတိုင္ခင္က ခ်ယ္ဆီး၊ ပီအက္စ္ဂ်ီတို႔နဲ႕ ရင္ဆိုင္ထားခဲ့တာပါ။ ခ်ယ္ဆီးကို စီးတီးတို႔ အနုိင္ ကစားခဲ့ေပမယ့္ ၾကားရက္မွာေတာ့ ပီအက္စ္ဂ်ီကို ၂-၀ နဲ႕ ရွံဳးနိမ့္ထားခဲ့တာပါ။ ဒါေပမယ့္ ကေလာ့ပ္ကေတာ့ စီးတီးကို ေလွ်ာ့တြက္မထားပါဘူး။

” မန္စီးတီးက က်ေနာ့္အတြက္္ေတာ့ လက္ရွိ ဥေရာပ အေကာင္းဆံုး အသင္းပဲ။ ျပီးခဲ့တဲ့ သီတင္းပတ္က ခ်ယ္ဆီးနဲ႕ ကစားခဲ့တယ္။ သူတို႔လည္း ေကာင္းခဲ့ေပမယ့္ စီးတီးက အဲဒီပြဲမွာ ပိုေကာင္းခဲ့တယ္။ အဲဒီအသင္းကို က်ေနာ္တို႔ ရင္ဆိုင္ရမွာ ျဖစ္တယ္။

က်ေန္ာတို႔ ဂိုးလည္း သြင္းမွ ျဖစ္မယ္။ ဒါမွသာ က်ေနာ္တို႔ ခံစစ္မွာလည္း အျမင့္ဆံုး လယ္ဗယ္ထိ ကူညီေပးရာ ေရာက္မယ္။ က်ေနာတို႔ ရဲရဲရင့္ရင့္ ကစားရမယ္။ ကိုယ့္ အေကာင္းဆံုး ပံုစံ ရမွျဖစ္မယ္။ ဒါမွသာ ဒီပြဲကေန အမွတ္ ယူနိုင္မွာပါ။ ဒါကို က်ေနာ္တို႔ ၾကိဳးစားသြားပါမယ္။ ဒီပြဲကေတာ့ ရင္ခုန္စရာပါပဲ။ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။