ဒီရာသီကို ရှုံးပွဲမရှိ စတင်လာနိုင်ခြင်းကို ကျေနပ်ပေမယ့်လို့ အဲ့လောက်ထိ လုပ်ထားနိုင်လို့ပဲ ဒီအပတ် မန်စီးတီးနဲ့ပွဲကို လီဗာပူးက ယှဉ်ပြိုင်နိုင်မယ် အနေအထားမှာ ရှိနေတာပါလို့ ကလော့ပ်က ပြောလာပါတယ်။

ဒီအပတ်မှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးတွေထဲက နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲကို စောင့်ကြည့်နေမယ့် ဘောလုံးပရိသတ်တွေ များပြားသလို အနိုင်ရတဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်သွားလိမ့်မယ်လို့ ယူဆခံနေရတာ ဖြစ်ပါတယ်။

ကလော့ပ်က ” ကျနေ်ာတို့က ပုံစံကောင်းမှာ၊ အခိုက်အတန့်ကောင်းမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒါကြောင့်ပဲ ကျနေ်ာတို့က မန်စီးတီးကို ရင်ဆိုင်ကစားဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။ ကျနော်အတွက်တော့ မန်စီးတီးဟာ ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်ပါတယ်။ ခက်ခဲတဲ့ ပြိုင်ဘက်ပါပဲ။

ပြီးခဲ့တဲ့ အပတ်တုန်းက ချယ်ဆီးကို ရင်ဆိုင်ကစားခဲ့စဉ်မှာ လူတိုင်းက ချယ်ဆီးက ဘယ်လောက်ကောင်းတာဆိုပြီး ပြောနေခဲ့ကြတယ်။ ချယ်ဆီးက တကယ်လည်း ကောင်းပါတယ် ဒါပေမယ့် အဲ့နေ့တုန်းက မန်စီးတီးက ချယ်ဆီးထက်ကို သာလွန်နေခဲ့ပါတယ်။

ဒီပွဲကို နိုင်ဖို့ဆိုရင် ကျနေ်ာတို့ ဂိုးတွေ သွင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီတော့ ကုန်ခဲ့တဲ့ အပတ်တွေမှာ ဂိုးတွေ သွင်းထားနိုင်တာက အသင်းရဲ့ တိုက်စစ်ပိုင်းကို ယုံကြည်မှုတွေ ရှိနေစေမယ်လို့ ယူဆရတယ်။ ဒါပေမယ့် ပွဲထဲမှာ ဆက်ရှိနေဖို့ အမြင့်ဆုံး အဆင့်တွေနဲ့ ခုခံဖို့ လိုအပ်ပါမယ်။ ဂိုးတွေလည်း ရအောင် သွင်းရမှာပါ။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ကြားရက်က ပီအက်စ်ဂျီလို အသင်းကို အဝေးကွင်း သွားကစားရပေမယ့် လွှမ်းမိုးကစားနိုင်ခဲ့တာဖြစ်တယ်။ နေမာ၊ မက်ဆီတို့ ရှိနေတဲ့ အသင်းကိုတောင် အဲ့လိုကစားနိုင်မှတော့ မန်စီးတီးရဲ့ အဆင့်အတန်းကို စဉ်းစားကြည့်ပါတော့လို့ ကလော့ပ်က ထောက်ပြခဲ့တယ်။

ကလော့ပ်ကပဲ ” မန်စီးတီးက ပီအက်စ်ဂျီကို ရင်ဆိုင်ရာမှာ အရေးနိမ့်ခဲ့တယ်။ ပေါ်တိုပွဲအပြီးမှာ သူတို့ရဲ့ ရလဒ်ကို ကျနော် သိခဲ့ပါတယ်။ သူတို့ကလည်း အဲ့ရလဒ်ကနေ တုန့်ပြန်ပြလိုမှာပါ။ မန်စီးတီးက အရေးနိမ့်ခဲ့တယ်ဆိုပေမယ့် အခြေအနေ အတော်များများမှာ သူတို့ကတောင် ပိုကောင်းခဲ့သေးတာပါ။

ရလဒ်ကတော့ မန်စီးတီးက အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ ပီအက်စ်ဂျီက ဂိုးသွင်းခဲ့တာပဲဖြစ်ပါတယ်။ ပီအက်စ်ဂျီရဲ့ အရည်အချင်းကို စဉ်းစားကြည့်ပါ သူတို့ကို မန်စီးတီးက လွှမ်းမိုးကစားနိုင်တယ်ဆိုတာက သူတို့အသင်း ဘယ်လောက်တောင် အရည်အချင်းရှိသလဲဆိုတာကို ပြောပြနေပါတယ် ” ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီကို ရွံဳးပြဲမရွိ စတင္လာႏုိင္ျခင္းကို ေက်နပ္ေပမယ့္လို႔ အဲ့ေလာက္ထိ လုပ္ထားႏုိင္လို႔ပဲ ဒီအပတ္ မန္စီးတီးနဲ႔ပြဲကို လီဗာပူးက ယွဥ္ျပိဳင္ႏုိင္မယ္ အေနအထားမွာ ရွိေနတာပါလို႔ ကေလာ့ပ္က ေျပာလာပါတယ္။

ဒီအပတ္မွာေတာ့ အမွတ္ေပးဇယား ထိပ္ဆံုးေတြထဲက ႏွစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔ မန္စီးတီးတို႔ဟာ အန္ဖီးကြင္းမွာ ထိပ္တိုက္ေတြ႔ၾကေတာ့မွာ ျဖစ္ပါတယ္။ ဒီပြဲကို ေစာင့္ၾကည့္ေနမယ့္ ေဘာလံုးပရိသတ္ေတြ မ်ားျပားသလို အႏုိင္ရတဲ့ အသင္းက ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္သြားလိမ့္မယ္လို႔ ယူဆခံေနရတာ ျဖစ္ပါတယ္။

ကေလာ့ပ္က ” က်ေန္ာတို႔က ပံုစံေကာင္းမွာ၊ အခိုက္အတန္႔ေကာင္းမွာ ရွိေနပါတယ္။ ဒါေပမယ့္ ဒါေၾကာင့္ပဲ က်ေန္ာတို႔က မန္စီးတီးကို ရင္ဆိုင္ကစားဖို႔ အခြင့္အေရးရွိေနတာ ျဖစ္ပါတယ္။ က်ေနာ္အတြက္ေတာ့ မန္စီးတီးဟာ ဥေရာပရဲ႕ အေကာင္းဆံုးအသင္းျဖစ္ပါတယ္။ ခက္ခဲတဲ့ ျပိဳင္ဘက္ပါပဲ။

ျပီးခဲ့တဲ့ အပတ္တုန္းက ခ်ယ္ဆီးကို ရင္ဆိုင္ကစားခဲ့စဥ္မွာ လူတိုင္းက ခ်ယ္ဆီးက ဘယ္ေလာက္ေကာင္းတာဆိုျပီး ေျပာေနခဲ့ၾကတယ္။ ခ်ယ္ဆီးက တကယ္လည္း ေကာင္းပါတယ္ ဒါေပမယ့္ အဲ့ေန႔တုန္းက မန္စီးတီးက ခ်ယ္ဆီးထက္ကို သာလြန္ေနခဲ့ပါတယ္။

ဒီပြဲကို ႏုိင္ဖို႔ဆိုရင္ က်ေန္ာတို႔ ဂိုးေတြ သြင္းႏုိင္ဖို႔ လိုအပ္ပါတယ္။ ဒီေတာ့ ကုန္ခဲ့တဲ့ အပတ္ေတြမွာ ဂိုးေတြ သြင္းထားႏုိင္တာက အသင္းရဲ႕ တိုက္စစ္ပိုင္းကို ယံုၾကည္မႈေတြ ရွိေနေစမယ္လို႔ ယူဆရတယ္။ ဒါေပမယ့္ ပြဲထဲမွာ ဆက္ရွိေနဖို႔ အျမင့္ဆံုး အဆင့္ေတြနဲ႔ ခုခံဖို႔ လိုအပ္ပါမယ္။ ဂိုးေတြလည္း ရေအာင္ သြင္းရမွာပါ။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ၾကားရက္က ပီအက္စ္ဂ်ီလို အသင္းကို အေဝးကြင္း သြားကစားရေပမယ့္ လႊမ္းမိုးကစားႏုိင္ခဲ့တာျဖစ္တယ္။ ေနမာ၊ မက္ဆီတို႔ ရွိေနတဲ့ အသင္းကိုေတာင္ အဲ့လိုကစားႏုိင္မွေတာ့ မန္စီးတီးရဲ႕ အဆင့္အတန္းကို စဥ္းစားၾကည့္ပါေတာ့လို႔ ကေလာ့ပ္က ေထာက္ျပခဲ့တယ္။

ကေလာ့ပ္ကပဲ ” မန္စီးတီးက ပီအက္စ္ဂ်ီကို ရင္ဆိုင္ရာမွာ အေရးနိမ့္ခဲ့တယ္။ ေပၚတိုပြဲအျပီးမွာ သူတို႔ရဲ႕ ရလဒ္ကို က်ေနာ္ သိခဲ့ပါတယ္။ သူတို႔ကလည္း အဲ့ရလဒ္ကေန တုန္႔ျပန္ျပလိုမွာပါ။ မန္စီးတီးက အေရးနိမ့္ခဲ့တယ္ဆိုေပမယ့္ အေျခအေန အေတာ္မ်ားမ်ားမွာ သူတို႔ကေတာင္ ပိုေကာင္းခဲ့ေသးတာပါ။

ရလဒ္ကေတာ့ မန္စီးတီးက အခြင့္အေရးေတြကို အသံုးမခ်ႏုိင္ဘဲ ပီအက္စ္ဂ်ီက ဂိုးသြင္းခဲ့တာပဲျဖစ္ပါတယ္။ ပီအက္စ္ဂ်ီရဲ႕ အရည္အခ်င္းကို စဥ္းစားၾကည့္ပါ သူတို႔ကို မန္စီးတီးက လႊမ္းမိုးကစားႏုိင္တယ္ဆိုတာက သူတို႔အသင္း ဘယ္ေလာက္ေတာင္ အရည္အခ်င္းရွိသလဲဆိုတာကို ေျပာျပေနပါတယ္ ” ဆိုခဲ့တာျဖစ္ပါတယ္။