ဘရာဇီးအသင်းဟာ ဗင်နီဇွဲလား (အောက်တိုဘာ ၈ ရက်)၊ ကိုလံဘီယာ (အောက်တိုဘာလ ၁၀ ရက်)နဲ့ ဥရုဂွေး (အောက်တိုဘာလ ၁၅ ရက်) ပွဲတွေအတွက် လူစာရင်း ရွေးချယ်ရာမှာ လီဗာပူးအသင်းမှ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ ပါဝင်ခဲ့ပါတယ်။

ဖာမင်နိုကိုတော့ ရွေးချယ်ခဲ့ခြင်း မရှိပေမယ့်လို့ ဘရာဇီးအသင်းကို သွားရမယ့် ကစားသမား နှစ်ဦးဟာ ဗြိတိန်ဘက်က အနီရောင်အဆင့် သတ်မှတ်ထားတဲ့ ဗင်နီဇွဲလား၊ ကိုလံဘီယာနဲ့ ဘရာဇီးတို့ကို ထွက်ခွာရမှာဖြစ်လို့ အင်္ဂလန်ကို ပြန်လာချိန်မှာ ကွာရန်တင်း ၁၀ ရက် ဝင်ရမှာဖြစ်ပါတယ်။

သို့ပေမယ့်လို့ သူတို့ နှစ်ဦးက ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားတာကြောင့် ကွာရန်တင်း ဝင်နေစဉ် ကာလမှာ တစ်ရက်ကို တစ်ကြိမ် လေ့ကျင့်ရေးကိစ္စအတွက် အပြင်ထွက်ခွင့်ရှိတယ်လို့ သိရပါတယ်။

အကယ်လို့ ဘရာဇီးအသင်းက လီဗာပူးကစားသမား နှစ်ဦးကို ဥရုဂွေးပွဲအထိ မသုံးဘူးဆိုရင် ဝတ်ဖိုဒ့်ပွဲအပြီးမှာ သူတို့ရဲ့ ကွာရန်တင်း ကိစ္စတွေ ပြီးမြောက်မှာဖြစ်တယ်။ ဒါကြောင့် ဝတ်ဖိုဒ့်နဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲမှာဖြစ်ပေမယ့် အက်သလက်တီကိုပွဲအတွက် ပါဝင်ကောင်း ပါဝင်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

လီဗာပူးဟာ အောက်တိုဘာလ ၁၉ ရက်နေ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲအတွက် သူတို့ နှစ်ဦးကို ခေါ်ယူသွားနိုင်မလားဆိုတာက စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့်လို့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ယူနိုက်တက်ပွဲမှာတော့ ပါဝင်သွားနိုင်မှာ ဖြစ်ပါတယ်။

ဝတ်ဖိုဒ့်နဲ့ ယူနိုက်တက်ပွဲမှာ မန်နေဂျာကလော့ပ်က ကလယ်ဟာကို ထုတ်သုံးရဖွယ် ရှိနေပြီး နိုင်ငံတကာသီတင်းပတ် အကုန်ုမှာ သီယာဂို ကွင်းလယ်ကနေ ပြန်ကစားနိုင်ဖို့ ရှိနေတာဖြစ်ပါတယယ်။

ZAWGYI

ဘရာဇီးအသင္းဟာ ဗင္နီဇြဲလား (ေအာက္တိုဘာ ၈ ရက္)၊ ကိုလံဘီယာ (ေအာက္တိုဘာလ ၁၀ ရက္)နဲ႔ ဥရုေဂြး (ေအာက္တိုဘာလ ၁၅ ရက္) ပြဲေတြအတြက္ လူစာရင္း ေရြးခ်ယ္ရာမွာ လီဗာပူးအသင္းမွ အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔ ပါဝင္ခဲ့ပါတယ္။

ဖာမင္ႏိုကိုေတာ့ ေရြးခ်ယ္ခဲ့ျခင္း မရွိေပမယ့္လို႔ ဘရာဇီးအသင္းကို သြားရမယ့္ ကစားသမား ႏွစ္ဦးဟာ ျဗိတိန္ဘက္က အနီေရာင္အဆင့္ သတ္မွတ္ထားတဲ့ ဗင္နီဇြဲလား၊ ကိုလံဘီယာနဲ႔ ဘရာဇီးတို႔ကို ထြက္ခြာရမွာျဖစ္လို႔ အဂၤလန္ကို ျပန္လာခ်ိန္မွာ ကြာရန္တင္း ၁၀ ရက္ ဝင္ရမွာျဖစ္ပါတယ္။

သို႔ေပမယ့္လို႔ သူတို႔ ႏွစ္ဦးက ကာကြယ္ေဆး ႏွစ္ၾကိမ္ ထိုးထားတာေၾကာင့္ ကြာရန္တင္း ဝင္ေနစဥ္ ကာလမွာ တစ္ရက္ကို တစ္ၾကိမ္ ေလ့က်င့္ေရးကိစၥအတြက္ အျပင္ထြက္ခြင့္ရွိတယ္လို႔ သိရပါတယ္။

အကယ္လို႔ ဘရာဇီးအသင္းက လီဗာပူးကစားသမား ႏွစ္ဦးကို ဥရုေဂြးပြဲအထိ မသံုးဘူးဆိုရင္ ဝတ္ဖိုဒ့္ပြဲအျပီးမွာ သူတို႔ရဲ႕ ကြာရန္တင္း ကိစၥေတြ ျပီးေျမာက္မွာျဖစ္တယ္။ ဒါေၾကာင့္ ဝတ္ဖိုဒ့္နဲ႔ ပရီးမီးယားလိဂ္ပြဲကို လြဲမွာျဖစ္ေပမယ့္ အက္သလက္တီကိုပြဲအတြက္ ပါဝင္ေကာင္း ပါဝင္ႏုိင္တဲ့ အေျခအေန ျဖစ္ပါတယ္။

လီဗာပူးဟာ ေအာက္တိုဘာလ ၁၉ ရက္ေန႔ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲအတြက္ သူတို႔ ႏွစ္ဦးကို ေခၚယူသြားႏုိင္မလားဆိုတာက ေစာင့္ၾကည့္ရဦးမွာပါ။ ဒါေပမယ့္လို႔ ေအာက္တိုဘာလ ၂၄ ရက္ေန႔မွာ ယွဥ္ျပိဳင္မယ့္ ယူႏုိက္တက္ပြဲမွာေတာ့ ပါဝင္သြားႏုိင္မွာ ျဖစ္ပါတယ္။

ဝတ္ဖိုဒ့္နဲ႔ ယူႏုိက္တက္ပြဲမွာ မန္ေနဂ်ာကေလာ့ပ္က ကလယ္ဟာကို ထုတ္သံုုးရဖြယ္ ရွိေနျပီး ႏုိင္ငံတကာသီတင္းပတ္ အကုန္ုမွာ သီယာဂို ကြင္းလယ္ကေန ျပန္ကစားႏုိင္ဖို႔ ရွိေနတာျဖစ္ပါတယယ္။