လီဗာပူးအသင်းဟာ အန်ဖီးကွင်းရဲ့ အဓိက ပွဲကြည့်စင် လေးခုထဲက တစ်ခုဖြစ်တဲ့ Anfield Road တိုးချဲ့ရေးအတွက် ကုန်ကျစရိတ်ကို နောက်ထပ် ပေါင် သန်း ၂၀ ထပ်တိုးခဲ့ပြီဖြစ်ပါတယ်။

ဒီတည်ဆောက်မှုကြောင့် ပရိသတ်ထိုင်ခုံ ၇၀၀၀ ထပ်တိုးနိုင်မှာဖြစ်ကာ တစ်ကွင်းလုံး ဝင်ဆံ့မှု ၆၁၀၀၀ ထိ ရှိလာမှာ ဖြစ်ပါတယ်။ ကနဦး အစီအစဉ်အရ တည်ဆောက်မှုကို ၂၀၂၃ ခုနှစ်အတွင်း အပြီးသတ်နိုင်ဖို့ ရည်မှန်းထားပြီး ကုန်ကျစရိတ် ပေါင် သန်း ၆၀ ရှိပါမယ်။ ဒါပေမယ့်လို့ ထပ်တိုး အစီအစဉ်တွေအရ ကွင်းတိုးချဲ့မှုရဲ့ ကုန်ကျစရိတ်က ပေါင် သန်း ၈၀ ထိ အကုန်အကျခံမယ်လို့ သိရတယ်။

The Athletic မှ လီဗာပူးသတင်းထောက် Simon Hughes ရဲ့ အဆိုအရတော့ “ ဒီဇိုင်းပိုင်း ပြောင်းလဲမှုတွေကြောင့် တည်ဆောက်ရေး ကုန်ကျစရိတ်ဟာ ပေါင် သန်း ၈၀ ထိ ရောက်သွားပါမယ် ” လို့ ဖော်ပြခဲ့တယ်။ အဆိုပါ တည်ဆောက်ရေး စရိတ်တွေဟာ FSG ကနေ လီဗာပူးအသင်းထံ တိုက်ရိုက် ချေးငွေဖြင့် တည်ဆောက်မှာပဲ ဖြစ်ပါတယ်။

အဆိုပါ တည်ဆောက်မှု အပြီးသတ်မယ်ဆိုရင် FSG ဟာ အဓိကပွဲကြည့်စင်၊ လေ့ကျင့်ရေးစင်တာနဲ့ Anfield Road အတွက် လီဗာပူးအသင်းကို တည်ဆောက်ရေး စရိတ် ချေးငွေဟာ ပေါင် ၂၅၀ သန်းထိ ရောက်ရှိမှာဖြစ်ပါတယ်။ အန်ဖီးကွင်းကတော့ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ ကွင်းတွေနဲ့ အင်္ဂလန်ရဲ့ တတိယမြောက် အကြီးဆုံးကွင်း ဖြစ်လာပါမယ်။

အန်ဖီးကွင်းကို တိုးချဲ့ပြီးပါက အဓိက အားကစားပွဲတွေကို ကျင်ပဖို့အပြင် အခမ်းအနားဆိုင်ရာ ပွဲတွေကို ကျင်းပသွားနိုင်မှာဖြစ်တယ်။ ပရိသတ်ဝင်ဆံ့မှု ပိုများလာခြင်းက လီဗာပူးရဲ့ ကွင်းဝင်ကြေးအပေါ်လည်း တိုက်ရိုက် သက်ရောက်မှုရှိလာပါလိမ့်မယ်။

ဒါ့အပြင် အန်ဖီးကွင်းဟာ ဥရောပရဲ့ အကြီးဆုံး ကွင်း ၂၀ ထဲကို ပါဝင်နိုင်မှာဖြစ်ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲလို ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဧည့်ခံကျင်းပခွင့်ကိုပါ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အန္ဖီးကြင္းရဲ႕ အဓိက ပြဲၾကည့္စင္ ေလးခုထဲက တစ္ခုျဖစ္တဲ့ Anfield Road တိုးခ်ဲ႔ေရးအတြက္ ကုန္က်စရိတ္ကို ေနာက္ထပ္ ေပါင္ သန္း ၂၀ ထပ္တိုးခဲ့ျပီျဖစ္ပါတယ္။

ဒီတည္ေဆာက္မႈေၾကာင့္ ပရိသတ္ထိုင္ခံု ၇၀၀၀ ထပ္တိုးႏုိင္မွာျဖစ္ကာ တစ္ကြင္းလံုး ဝင္ဆံ့မႈ ၆၁၀၀၀ ထိ ရွိလာမွာ ျဖစ္ပါတယ္။ ကနဦး အစီအစဥ္အရ တည္ေဆာက္မႈကို ၂၀၂၃ ခုႏွစ္အတြင္း အျပီးသတ္ႏုိင္ဖို႔ ရည္မွန္းထားျပီး ကုန္က်စရိတ္ ေပါင္ သန္း ၆၀ ရွိပါမယ္။ ဒါေပမယ့္လို႔ ထပ္တိုး အစီအစဥ္ေတြအရ ကြင္းတိုးခ်ဲ႔မႈရဲ႕ ကုန္က်စရိတ္က ေပါင္ သန္း ၈၀ ထိ အကုန္အက်ခံမယ္လို႔ သိရတယ္။

The Athletic မွ လီဗာပူးသတင္းေထာက္ Simon Hughes ရဲ႕ အဆိုအရေတာ့ “ ဒီဇိုင္းပိုင္း ေျပာင္းလဲမႈေတြေၾကာင့္ တည္ေဆာက္ေရး ကုန္က်စရိတ္ဟာ ေပါင္ သန္း ၈၀ ထိ ေရာက္သြားပါမယ္ ” လို႔ ေဖာ္ျပခဲ့တယ္။ အဆိုပါ တည္ေဆာက္ေရး စရိတ္ေတြဟာ FSG ကေန လီဗာပူးအသင္းထံ တိုက္ရိုက္ ေခ်းေငြျဖင့္ တည္ေဆာက္မွာပဲ ျဖစ္ပါတယ္။

အဆိုပါ တည္ေဆာက္မႈ အျပီးသတ္မယ္ဆိုရင္ FSG ဟာ အဓိကပြဲၾကည့္စင္၊ ေလ့က်င့္ေရးစင္တာနဲ႔ Anfield Road အတြက္ လီဗာပူးအသင္းကို တည္ေဆာက္ေရး စရိတ္ ေခ်းေငြဟာ ေပါင္ ၂၅၀ သန္းထိ ေရာက္ရွိမွာျဖစ္ပါတယ္။ အန္ဖီးကြင္းကေတာ့ ယူႏုိက္တက္နဲ႔ စပါးတို႔ရဲ႕ ကြင္းေတြနဲ႔ အဂၤလန္ရဲ႕ တတိယေျမာက္ အၾကီးဆံုးကြင္း ျဖစ္လာပါမယ္။

အန္ဖီးကြင္းကို တိုးခ်ဲ႔ျပီးပါက အဓိက အားကစားပြဲေတြကို က်င္ပဖို႔အျပင္ အခမ္းအနားဆိုင္ရာ ပြဲေတြကို က်င္းပသြားႏုိင္မွာျဖစ္တယ္။ ပရိသတ္ဝင္ဆံ့မႈ ပိုမ်ားလာျခင္းက လီဗာပူးရဲ႕ ကြင္းဝင္ေၾကးအေပၚလည္း တိုက္ရိုက္ သက္ေရာက္မႈရွိလာပါလိမ့္မယ္။

ဒါ့အျပင္ အန္ဖီးကြင္းဟာ ဥေရာပရဲ႔ အၾကီးဆံုး ကြင္း ၂၀ ထဲကို ပါဝင္ႏုိင္မွာျဖစ္ကာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလို ျပိဳင္ပြဲကို အိမ္ရွင္အျဖစ္ ဧည့္ခံက်င္းပခြင့္ကိုပါ ေလွ်ာက္ထားႏုိင္မွာျဖစ္ပါတယ္။