အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဒီနေ့ည အမ်းမရိတ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ တနင်္ဂနွေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။

ဝါရင့် ဘောလုံးသုံးသပ်သူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒါက ဒီရာသီရဲ့ အကြီးမားဆုံးပွဲပါ။ အာဆင်နယ် ဒီပွဲကိုနိုင်ရင် ယူနိုက်တက်တို့ ဖလားပြိုင်ပွဲကနေ ထွက်လိုက် ရနိုင်ပါတယ်။ မန်ယူနိုက်တက်အတွက် အရေးကြီးတဲ့ပွဲပါ။ သူတို့ ဒီပွဲကို ရှုံးရင် အာဆင်နယ်နဲ့ ၁၁မှတ် ကွာ သွားတော့မှာပါ။

အာဆင်နယ်အတွက်တော့ ဒီပွဲက စပါးနဲ့ပွဲထက် အများကြီး ပိုခက်ပါတယ်။ ကာဆီမီရိုက အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး သူသာ ကစားနိုင်ခဲ့ရင် ယူနိုက်တက်ဟာ အာဆင်နယ်လိုမျိုး အခွင့်အရေးအများကြီး ရှိနေမှာပါ။

သူက ကွင်းလယ်အတွက် အတွေ့အကြုံတွေ ယူလာပေးတယ်။ အိုဒီဂတ်ထက်လည်း ပိုသာနိုင်ပါလိမ့်မယ်။ အခုတော့ ဒီပွဲကို သူလွဲချော်ရတော့မှာပါ။

လုခ်ရှောဟာ ပြီးခဲ့တဲ့အပတ်က ဟာလန်းကို လူကပ်ထားခဲ့ပြီး လှုပ်မရအောင် ထိန်းထားခဲ့ပါတယ်။ ဒီပွဲကို ကာဆီမီရို လွဲချော်ခဲ့ရတာကြောင့် ကျွန်တော်ကတော့ အာဆင်နယ်နိုင်မယ်ပဲ ထင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၃-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။