ဖရန့်ဖတ်ဟာ ဒီနွေရာသီမှာ ပြင်သစ်တိုက်စစ်မှူး ရန်ဒယ် မူအာနီအတွက် ယူနိုက်တက်ထံက ကမ်းလှမ်းမှု ရဖို့ကို စောင့်ဆိုင်းနေပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရင် ဆော်ဒီကို တစ်နှစ်လုပ်ခ ပေါင် ၁၉၄ သန်းနဲ့ ပြောင်းဖို့ ရှိနေပါတယ်။ မက်ဆီရဲ့ ဖခင်ဖြစ်တဲ့ အေးဂျင့်ဂျော့ဟာ အင်္ဂါနေ့က ဆော်ဒီကို ရောက်ရှိခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ ဆော်ဒီမှာ ပြိုင်ဘက်အဖြစ် ထိပ်တိုက်တွေ့နိုင်ခြင်းကို ‘သဲဂန္တာရမြေပေါ်က ခြင်္သေ့တွေရဲ့ တိုက်ပွဲ’ အဖြစ် ဖော်ပြနေကြပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ အမေရိကကို ခရီးထွက်မှာဖြစ်ပြီး လက်စ်ဗီးဂက်စ်ကို သွားပြီးတော့ ရိုင်ယန်ရေးနိုးရဲ့ အင်္ဂလန်ကလပ် Wrexham ကလပ်နဲ့ ခြေစမ်းပွဲ ကစားနိုင်ခြေရှိပါတယ်။

ဘာစီလိုနာဟာ တနင်္ဂနွေနေ့ ရီးရဲလ်မက်ဒရစ်နဲ့ အယ်ကလပ်စီကို မတိုင်ခင် အထူးသီးသန့် ဂျာစီတစ်စုံကို ထုတ်ခဲ့ပြီး ကတ်တလန်အဆိုတော် ရိုဆယ်လီယာရဲ့ လိုဂိုပါဝင်တဲ့ ဂျာစီဟာ ပေါင် ၃၅၀ လောက် ဈေးရှိပါလိမ့်မယ်။

ချယ်ဆီးဟာ မိုချင်ဂလက်ဘက် ကွင်းလယ်လူ မာနူကိုနေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့သလို ရေပန်းစားမှုမှာ ပီအက်စ်ဂျီအသင်းကို ကျော်တက်သွားတော့မှာ ဖြစ်ပါတယ်။

ဂျူလီယန် အယ်ဗာရက်ဟာ မန်စီးတီးမှာ တစ်ပတ်လုပ်ခ ပေါင်၁သိန်းနဲ့ လက်ရှိ လုပ်ခကို နှစ်ဆတိုးစေမယ့် ၅ နှစ် စာချုပ်သစ် ချုပ်ဆိုတော့မှာဖြစ်ပါတယ်။

ကာရင်ဘန်ဇီမာဟာ စာချုပ်သစ်အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီးနောက် ဒီတစ်ပတ် အယ်ကလပ်စီကိုပွဲ မတိုင်ခင် ရီးရဲလ်မက်ဒရစ်အတွက် အားတက်စရာ သတင်းတစ်ခု ပေးတော့မှာပါ။

ဘာစီလိုနာဟာ ဘရာဇီးလူငယ်ကြယ်ပွင့် ဗစ်တာရိုကေကို ခေါ်ယူဖို့အတွက် အမ်ဘာပေကို ခေါ်ဖို့ ပီအက်စ်ဂျီသုံးခဲ့တဲ့ ဗျူဟာကို လိုက်သုံးဖို့ စဉ်းစားနေပါတယ်။

လီဗာပူးဟာ မကြာသေးမီကပဲ အဆန်စီယို၊ ဆီဘာယို့စ် နှစ်ယောက်လုံးနဲ့ အချိတ်အဆက် သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေကို မခေါ်ယူနိုင်ခဲ့ပါဘူး။

အာဆင်နယ်ဟာ မူဒရက်ခ်ကို မရတော့တဲ့နောက် ဇန်နဝါရီမှာ ထရော့ဆက်ကို ခေါ်လိုက်နိုင်တာက ထီဆုကြီးပေါက်သွားတာပဲလို့ အီယန်ရိုက်က ထင်မြင်နေပါတယ်။

ဂလေဇာမိသားစုဟာ INEOS ပိုင်ရှင် ဆာဂျင်ရတ်ကလစ်ကို ဦးစားပေးဖို့ ပျက်ကွက်ခဲ့တဲ့နောက် ရှိတ်ဂျက်ဆင်ဘင်ဟာမက် အယ်ထာနီဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ ရေပန်းစားလာပါတယ်။

UEFA ဟာ ချန်ပီယံလိဂ်မှာ ပိုင်ရှင်တူတဲ့ အသင်းတွေကို ကစားခွင့်ပေးဖို့ စဉ်းစားနေတယ်လို့ ဥက္ကဌ ဆီဖာရင်က ဆိုလိုက်ပြီး ဒါဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်း အရောင်းအဝယ် အပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။