ဘာစီလိုနာဟာ ရူဘင်နီဗက်စ်ကို လက်လျှော့လိုက်တာနဲ့အတူ မန်ချက်စတာ ယူနိုက်တက်ဟာ ဝုဗ်ကြယ်ပွင့်ကို ခေါ်ယူနိုင်ရေး ပိုမို ရေပန်းစားလာတော့မှာ ဖြစ်ပါတယ်။

လီဗာပူး ဘယ်တောင်ပံလူ ဒီယက်ဇ်ဟာ ဒီအပတ်မှာ အကယ်ဒမီ အသင်းနဲ့ လေ့ကျင့်ရေး စဝင်ခဲ့ပြီး နိုင်ငံတကာ သီတင်းပတ်အပြီး စီနီယာအသင်း လေ့ကျင့်ရေးကို အပြည့် ပြန်ပါဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖိုဒ့်ဟာ မနှစ်ကနွေမှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းပေးမယ့် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး မန်ချက်စတာ ကလပ်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ စနေနေ့ လီဗာပူးနဲ့ပွဲမှာ ဟာလန်း ကစားနိုင်မလားဆိုတာကို သေချာသိရဖို့အတွက် ဒီအပတ်ထဲမှာ သူ့ရဲ့ ပေါင်ခြံဒဏ်ရာကို စစ်ဆေးမှု လုပ်သွားမှာပါ။

ဘူကာယို ဆာကာဟာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ ၅နှစ် စာချုပ်ဖို့ နီးစပ်နေပြီး အဆိုပါ လက်မှတ်ထိုးမှု ပြီးမြောက်ခဲ့ရင် တိုက်စစ်သမားဟာ အာဆင်နယ်ရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာမှာပါ။

စီးတီးကွင်းလယ်လူ ဂန်ဒိုဂမ်ဟာ ဒီနွေမှာ ဘာစီလိုနာထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ဖို့ ပိုနီးစပ်လာပြီ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ၂ရာသီဆက် အများကြီး ငွေကြေးဆုံးရှုံးမှု ဖြစ်ခဲ့တဲ့နောက် နောက်နှစ်မှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို မချိုးဖောက်မိစေဖို့အတွက် ဒီနွေမှာ ကစားသမားတွေ ရောင်းချဖို့ ငွေဖော်ဖို့ လိုအပ်နေပါတယ်။

ဆာဒီယိုမာနေးဟာ ဘိုင်ယန်က သူ့ကို ဘာလို့ခေါ်ခဲ့လဲဆိုတာကို သက်သေပြဖို့ မျှော်လင့်နေသလို တူချယ်နဲ့ တွဲဖက်အလုပ်လုပ်ဖို့ မျှော်လင့်စောင့်စားနေပါတယ်။

ဂေဘရီရယ် ဂျေးဆုဟာ အာဆင်နယ်မှာ ပထမဆုံးရက်မှာပဲ ပရီးမီးယားလိဂ်ဖလား အနိုင်ယူဖို့ သန္နိဌာန် ချထားခဲ့တာ ဖြစ်တယ်လို့ မက်ဂါးလက်စ်က ပြောပြခဲ့ပါတယ်။

အဲဗာတန်ရဲ့ ပရီးမီးယားလိဂ် အသုံးစရိတ် စည်းကမ်းချိုးဖောက်မှု စွပ်စွဲချက်ဟာ သူတို့ရဲ့ ကွင်းသစ် ပြီးဆုံးမှုကို ကြန့်ကြာမှု ဖြစ်သွားစေနိုင်ပါတယ်။ ကွင်းသစ်အတွက် ရင်းနှီးမြုပ်နှံမယ့် မိတ်ဖက်တွေဟာ ဒီပြဿနာ မပြီးခင်အထိ သူတို့ကို ပံ့ပိုးပေးဖို့ ဝန်လေးနေတာကြောင့် ဖြစ်ပါတယ်။