မန်ယူ ပစ်မှတ်ထားနေတဲ့ လီဗာကူဆင် အစွန်နောက်ခံလူ ဖရင်းပေါင်ကို ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကပါ စိတ်ဝင်စား ချိတ်ဆက်လာပါတ်။
ဇီဒန်းဟာ အင်္ဂလိပ်စကား မတတ်တာကြောင့် ချယ်ဆီး ဒါမှမဟုတ် စပါးမှာ နည်းပြသစ် ဖြစ်လာမှာမဟုတ်ဘူးလို့ အီမန်နူရယ် ပီတစ်က ဆိုပါတယ်။
အင်တာမိုင်ယာမီဟာ ဒီနွေရာသီမှာ မက်ဆီကိုခေါ်ယူနိုင်ဖို့အတွက် ကလပ်က ရှယ်ယာ ရာခိုင်နှုန်းတစ်ခုပေးပြီး ကမ်းလှမ်းဖို့ ဆန္ဒရှိနေပေမယ့် ကစားသမားဟာ နောက်ဆုံးတကြိမ် ချန်ပီယံလိဂ်ရအောင် ကြိုးပမ်းဖို့ ၂၀၂၄ ကိုပါအမေရိက မတိုင်ခင်အထိ ဥရောပမှာ ဆက်နေလိုနေပါတယ်။
မက်ဆီကို အသင်းဟောင်း ဘာစီလိုနာ ကလည်း ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။
ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာဟာ နောက်ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ဖို့ မန်ချက်စတာ ယူနိုက်တက် အပြင် လာလီဂါ ထိပ်သီး ကလပ်တွေရဲ့ ရေဒါထဲမှာ ရှိနေတာကြောင့် သူ့ရဲ့ အသင်းသစ်ကို ဆုံးဖြတ်ရာမှာ ခေါင်းကိုက်ရနိုင်ပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ စာချုပ်သက်တမ်းကုန်တော့မယ့် ရေးစ်နယ်ဆန်ကို စာချုပ်သစ်ချုပ်ဖို့ စကားပြောဆိုနေပါတယ်။
လူးဝစ် အန်ရီကေးဟာ ဥက္ကဌ တော့ဒ်ဘိုးလီနဲ့ စကားပြောပြီးတဲ့နောက် ချယ်ဆီးကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်နေပြီး လမ်းပတ်ကတော့ ရာသီကုန်အထိ တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ရက်တွေအတွက် နောက်ထပ်ဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းမယ့်သူတွေကို ဖိတ်ခေါ် သွားမှာဖြစ်ပြီး အသင်းကို ရောင်းချဖို့က ဖြစ်နိုင်ပါသေးတယ်။
လီဗာပူးဂိုးသမား အယ်လစ်ဆန်ဟာ ချယ်ဆီးနဲ့ပွဲအတွင်း ဂျော်ဒန်ဟန်ဒါဆန်နဲ့ စကားများခဲ့တဲ့အကြောင်းကို ဖွင့်ဟခဲ့ပြီး အဲ့ဒါတွေက အခုချိန်မှာ ပြီးဆုံးသွားပြီဖြစ်ပြီး ဘာမှအရေးမပါတော့ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ နွေအပြောင်းအရွှေ့မှာ ဖရန့်ဖတ် ကွင်းလယ်ခံစစ် ကစားသမား ဒီဘရီစနိုးကို ပေါင်၁၃သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းနေပါတယ်။
လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရရေးအတွက် အတွေ့အကြုံရှိတဲ့ ယာယီနည်းပြတစ်ယောက်ကို စဉ်းစားနေပြီး နည်းပြဟောင်း မာတင်အိုနေးလ်နဲ့ ရာဖာ ဘင်နီတက်ဇ်တို့ကို ဆန်ကာတင်ရွေးထားပါတယ်။