မန်ယူမှာ အငှားလာကစားနေတဲ့ ကွင်းလယ် ကစားသမား ဆာဘစ်ဆာ က မန်ချက်စတာ ကလပ် ထံ အပြီး ပြောင်းရွှေ့လိုနေပြီး ၎င်းရဲ့ မိခင် ကလပ် ဘိုင်ယန်မြူးနစ် ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ – သန်း ၃ဝ ကြားလောက် ရရင် နွေမှာ ရောင်းချဖွယ် ရှိပါတယ်။

ဟယ်ရီ ကိန်းကို အရ ခေါ်ယူမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြေးလမ်းထဲမှာ ဘိုင်ယန်မြူးနစ်ကတော့ ဝင်မပါဘူးလို့ သိရပါတယ်။ စပါး တိုက်စစ်မှုးကို နွေမှာ အရ ခေါ်ယူဖို့ နည်းပြ တန်ဟက်က စိတ်ပိုင်းဖြတ်ထားတာပါ။

ကိန်းကို အသည်းအသန် ချိတ်နေတဲ့ ယူနိုက်တက် အနေနဲ့ သူ့ကိုပဲ ပုံအော ကြိုးစားနေရင် ဘယ်သူ့ကိုမှ မရဘဲ ဈေးကွက် ပိတ်သွားလိမ့်မယ် လို့ ပေါစခိုးလ်က သတိပေးလိုက်ပါတယ်။

ဘရိုက်တန် ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ကိုင်စီဒိုနဲ့ မက် အယ်လစ္စတာ တို့ကို မန်ယူနည်းပြ တန်ဟက်က လာမယ့်နွေ ပစ်မှတ်စာရင်းမှာ ထည့်သွင်းထားကြောင်း တယ်လီဂရပ်ဖ်က ဖော်ထုတ်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ကွင်းလယ် ကစားသမား တော်မီနေးကို ပေါင် သန်း ၅ဝ လို့ ဈေးသ တ်မှတ်လိုက်ကြောင်း သိရပါတယ်။ နယူးကာဆယ် အသင်းက တော်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

စပိန်ဘက်က သတင်းတွေ အဆိုအရ ဘာစီလိုနာ အသင်းဟာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အန်ဆု ဖာတီ ကို နွေမှာ ရောင်းချတော့မယ် လို့ သိရပါတယ်။

ဘရန့်ဖို့ဒ် အသင်းဟာ သက်တမ်းတိုး စာချုပ်ကို ငြင်းပယ်နေတဲ့ ဂိုးသမား ဒေးဗစ် ရာယာ အား ယူရို သန်း ၄ဝ ရရင် ရောင်းချတော့မယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။ ၎င်းကို ယူနိုက်တက်က ပစ်မှတ်ထားနေပါတယ်။