အာဆင်နယ်တို့ မနေ့ညက အန်းဖီးမှာ လီဗာပူးအသင်းနဲ့ ၂-၂ သရေကျပြီး တစ်မှတ် ရခဲ့တာကို ကျေနပ် သင့်ကြောင်း မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်ဟာ အတော်လေး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့အတူ ပွဲကို ဦးဆောင်ခဲ့တာပါ။ မာတင်နယ်လီ၊ ဂျေးဆုတို့ သွင်းဂိုးတွေ ရခဲ့အပြီးမှ နိုင်ပွဲယူနိုင်ပြီ ထင်ပြီးမှ ပွဲပြီးခါနီး တုန့်ပြန်လာတဲ့ လီဗာပူးကြောင့် သရေ ရအောင် မနည်း ထိန်းခဲ့ရပါတယ်။
ဒီပွဲ အမှတ်လျော့သွားလို့ တစ်ပွဲလျော့ ကစားတဲ့ မန်စီးတီးနဲ့ ၆ မှတ်သာ ကွာတဲ့ အနေအထားကို ပြန်ရောက် လာသော်လည်း ဘေးစကား ဖိအားတွေကို နားမဝင်ဖို့လည်း ရွိုင်ကိန်းက အာဆင်နယ် အား တိုက်တွန်းခဲ့ပါတယ်။
ရွိုင်ကိန်းက ” အာဆင်နယ်က တမှတ်ရတာကို ပျော်နေသင့်ပါတယ်။ ကျနော် အတည်ပြောတာပါ။ လူတွေ အားလုံးကို ခြုံကြည့်ပြီး စီးတီးက ပြန်ပြီး ထိန်းချုပ်သွားနိုင်တဲ့အကြောင်း ပြောနေကြတာဖြစ်ပေမယ့် အာဆင်နယ်အတွက် ဒီ ၁ မှတ် က သိပ်ကောင်းပါတယ်။
သူတို့ ၂-၀ ဂိုးပြတ်နေတာကနေ ဒီရလဒ် ထွက်သွားတာကို ကျနော် သိပါတယ်။ သက်သောင့်သက်သာ နိုင်သင့်တာ မျိုးပေါ့။ ဒါပေမယ့် နောက်ဆုံး ၁၅ မိနစ်အတွင်း လီဗာပူးပရိသတ်တွေရှေ့မှာ လီဗာပူးကို ရင်ဆိုင်ကစားပြီး သူတို့ ၁ မှတ် ရခဲ့ပါတယ်။ ဒီအမှတ်က သိပ်တန်ဖိုးရှိပါတယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီး အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲက အီတီဟက်မှာ ထိပ်တိုက်တွေ့ကြတဲ့ ပွဲနဲ့ အဆုံးအဖြတ် ဖြစ်လာဖွယ် ရှိနေပါတယ်။