ချယ်ဆီးအသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရပဲနဲ့တောင် နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူနိုင်တယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ အိုဆီမန်ကို မန်ယူကလည်း ချိန်ရွယ်နေပါတယ်။

တိုက်စစ်မှုး ဟယ်ရီကိန်းဟာ ယူနိုက်တက်နဲ့ ဘိုင်ယန်တို့ဆီက စိတ်ဝင်စားမှုကို ရနေပေမယ့်လည်း စပါးက နည်းပြသစ် ခန့်အပ်လိုက်တာနဲ့ အသင်းမှာ စာချုပ်သစ်ကိစ္စကို ပြန်သုံးသပ်ဖို့ စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်။

အသင်းဖော် ဆာနေးနဲ့ ရန်ပွဲ ဖြစ်ခဲ့သလို ဘိုင်ယန်မှာလည်း အခြေမကျသေးတဲ့ မာနေးက မပျော်ရွှင်တော့ဘဲ လီဗာပူးအသင်းကို လွမ်းဆွတ်နေကြောင်း မိတ်ဆွေတွေထံ ရင်ဖွင့်ခဲ့ပါတယ်။ ဆီနီဂေါသား က လာမယ့်နွေမှာ ပရီးမီးယားလိဂ် ပြန်လာဖို့ ကြံရွယ်နေပါတယ်။

ချယ်ဆီးဟာ ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီကို ခေါ်ယူဖို့အတွက် သူ့ကို ပရီးမီးယားလိဂ်မှာ လုပ်ခအများဆုံး ကစားသမား စာရင်းဝင်အောင် လုပ်ခနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။

စီးတီးနဲ့ လီဗာပူးဟာ လက်ရှိ ဘရိုက်တန်မှာ အငှားချထားတဲ့ ချယ်ဆီး နောက်ခံလူ လက်ဗီ ကိုလ်ဝဲကို ခေါ်ဖို့ အပြိုင် မျက်စိကျနေပါတယ်။

ကိုလ်ဝဲ အပြင် လီဗာပူးဟာ ချယ်ဆီးရဲ့ အင်္ဂလန်ကွင်းလယ်လူတွေဖြစ်တဲ့ ဂယ်လာဂါနဲ့ မေဆန်မောင့်တို့ကိုလဲ စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် ချယ်ဆီးကတော့ မောင့်ကို စာချုပ်သစ်ချုပ်ဖို့အတွက် နောက်ဆုံးအကြိမ် ထပ်ကြိုးစားဦးမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ်ဟာ ယူနိုက်တက်အတွက် ပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်လူ ပါလင်ညာအတွက် တန်ကြေးကို ပေါင်သန်း ၆၀ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ မန်စီးတီး အသင်းတို့ဟာ အင်တာမီလန် ဗဟိုနောက်ခံလူ ဘာစတိုနီကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရိုးမားအသင်းဟာ ဒီနွေရာသီမှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ဖာမင်နိုကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

မန်စီးတီးဟာ ပို့စ်မောက်ရဲ့ ၁၆နှစ်သား တောင်ပံနောက်ခံလူ ကိုဘီမော့တိုကို စောင့်ကြည့်နေတဲ့ ကလပ်များစွာထဲ ပါဝင်နေပါတယ်။