ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ တန်းဆင်းဇုန်မှာ ရုန်းနေရတဲ့ နော့တင်ဟမ် ဖောရက်စ်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ဒီနေ့ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ ဖောရက်စ်နဲ့ ယူနိုက်တက်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲကတော့ နိုင်ပွဲ ပျောက်နေတာ ၉ ပွဲ ရှိပြီ ဖြစ်ပြီး ဇယား အောက်ဆုံး ၃ သင်းထဲ ပါနေတဲ့ နော့တင်ဟမ် ဖောရက်စ် အတွက် ပွဲကြီးပွဲကောင်း ဖြစ်နေတယ်။ ကျနော်တို့ သူတို့ကို စပြီး လန့်နေမိပြီ။

ဖောရက်စ် က သူတို့က ဘယ်အသင်းနဲ့ တွေ့တွေ့ အမှတ် ရသလောက် ရအောင် ယူဖို့ ဖိအားအောက်ကို ရောက်နေတယ်။

ဒါကြောင့် ဒီပွဲက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း အဝေးကွင်း ပုံစံ မကောင်း သလို ဒီပွဲကို နိုင်ဖို့ လိုအပ်နေတဲ့ အသင်း ဖြစ်တယ်။

ကာစီမီရို ပွဲပယ်ကနေ ပြန်လာတာက အဲရစ်တန်ဟက် အသင်း အတွက် အင်အားကြီး တစ်ရပ်ပါ။ ဒါပေမယ့် သူတို့ က မားကပ် ရက်ဖို့ဒ်ကိုတော့ ဒဏ်ရာကြောင့် လက်လွှတ်ထားရဦးမယ်။ ယူရိုပါလိဂ်မှာ ကစားနေရတာကြောင့် လူကိုလည်း ချန် ကစားရဦးမယ်။ ဒါကြောင့် ဒီပွဲကို သရေလို့ပဲ ကျနော် ထင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်း ရလဒ်ကတော့ နော့တင်ဟမ် ဖောရက်စ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။