မန်ချက်စတာ ယူနိုက်တက် က ဒီဂီယာရဲ့ နေရာ အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေနေပြီး ဘရန့်ဖို့ဒ်မှ ဒေးဗစ် ရာယာ၊ ပေါ်တိုမှ ဒီယေဂို ကော်စတာနဲ့ ဗလင်စီယာရဲ့ Mamardashvili တို့ကို ပစ်မှတ်ထားနေပါတယ်။
လီဗာပူးအသင်းရဲ့ အသက် ၂ဝ အရွယ် ကွင်းလယ် ကစားသမားလေး ဖာဘီယို ကာဗာရို ဟာ နောက်ရာသီမှာ အငှား ထွက် ကစားဖို့ စီစဉ်ထားပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ ချယ်ဆီး ကြယ်ပွင့်တွေ ဖြစ်တဲ့ ကန်တေနဲ့ အူဘာမီးယန်းကို လာမယ့်နွေမှာ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ဘရိုက်တန် ကွင်းလယ် မက် အယ်လစ်စတာကို အပြိုင် ပစ်မှတ်ထားနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ဈေးကွက်ဖွင့်ပြီး ကာလထိ မစောင့်ဘဲ မကြာခင်ပဲ ဆွေးနွေးမှုတွေ စတင်တော့မယ်လို့ သတင်းထောက် ရိုမန်နို က ဖော်ပြထားပါတယ်။
ဘိုင်ယန်မြူးနစ် အသင်း အကြီးအကဲတွေက သောမတ်စ် တူချယ်နဲ့ ပြောဆို ဆွေးနွေးပြီး နွေမှာ တိုက်စစ်မှုး တစ်ဦး ခေါ်ဖို့ စီစဉ်နေပါတယ်။ ဘိုင်ယန်ရဲ့ အဓိက နံပါတ်တစ် ပစ်မှတ်က အိုဆင်ဟန် ဖြစ်နေဆဲ ဖြစ်ပြီး ၎င်းက အပြင် ဟယ်ရီကိန်း၊ အတ္တလန္တာမှ ဟော့ချ်လန်းနဲ့ ဖရန့်ဖတ်မှ မူအမ်နီ တို့ကိုလည်း ပစ်မှတ်စာရင်း သွင်းထားပါတယ်။
နယူးကာဆယ် အသင်းဟာ ဘာစီလိုနာ ကြယ်ပွင့် ရာဖင်ဟာ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဘရာဇီးသား ဟာ နည်းပြ ဇာဗီရဲ့ ဦးစားပေး မခံရတာကြောင့် ပွဲကစားခွင့် ပေးမယ် ဆိုတဲ့ မက်လုံးနဲ့ ကာဆယ်တို့ ကြိုးစားမှာပါ။
ချယ်ဆီးက ဘင်ဖီကာ အသင်းမှ အသက် ၁၈ နှစ် အရွယ် အံ့ဖွယ် တောင်ပံ ကစားသမားလေး ဒီယေဂို မိုရီရာ ကို ခေါ်ယူနိုင်ဖို့ အတော် နီးစပ်နေပြီ ဖြစ်ပါတယ်။
ဘရိုက်တန် ကွင်းလယ် ကစားသမား ကိုင်စီဒို က ရီးရဲလ်မက်ဒရစ် အသင်းကို နှစ်သက်ပြီး ရီးရဲလ်မှာ ကစားခွင့်ရဖို့၊ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ခွင့် ရဖို့က သူ့အိပ်မက် ဖြစ်တယ် လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။
ရိုးမားက ဒိုင်ဘားလားကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတော် နီးစပ်ပြီ ဖြစ်ပါတယ်။ အသက် ၂၉ နှစ် အရွယ် ကစားသမား ဂျူဗင်တပ်ကနေ ထွက်လာပြီးနောက် မော်ရင်ညို အသင်းမှာ ခြေစွမ်းကောင်းတွေ ပြန်ရနေပါတယ်။