စပါးအသင်းဟာ နယူးကာဆယ် အသင်းကို အရှက်တကွဲ ၆-၁ နဲ့ ဂိုးပြတ် ရှုံးပြီးတဲ့နောက် ယာယီ နည်းပြ စတယ်လီနီ ကို ထုတ်ပယ်ဖို့ စီစဉ်လာပါတယ်။
အဲရစ်တန်ဟက်ဟာ ၂၀၂၃ အတွင်း ဘရူနိုဖာနန်ဒက်စ်၊ အဲရစ်ဆင်နဲ့ ကာဆီမီရိုတို့ ကွင်းလယ်အတွဲကို ၇ ပွဲသာ အသုံးပြုနိုင် ခဲ့ပေမယ့် အဲ့၇ ပွဲမှာ ၆ပွဲနိုင်၊ ၁ပွဲသရေကျခဲ့ပါတယ်။
မေဆန်မောင့်ဟာ ဒီနွေမှာ ချယ်ဆီးကနေ လီဗာပူးထံ ပြောင်းသွားမယ်ဆိုရင် ကစားသမားဘဝ တဆင့်မြှင့်လိုက်တာ ဖြစ်လိမ့်မယ်လို့ စတန်ကော်လီမိုးက ယုံကြည်နေပါတယ်။
ဘိုင်ယန် နည်းပြဟောင်း နာဂယ်စ်မန်းဟာ ချယ်ဆီးနည်းပြသစ် ဖြစ်လာဖို့ မရှိတော့ပေမယ့် ကလပ်ရဲ့ ဆန်ကာတင် စာရင်းထဲမှာ ဆဲလ်တစ် နည်းပြ ပိုစတီကို ဂလိုက အံ့ဩစရာ ပါဝင်လာပါတယ်။
ဇီဒန်းဟာ နည်းပြလောကထဲ ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီး အသင်းဟောင်း ဂျူဗင်တပ်က နည်းပြအလုပ်ကို ပစ်မှတ်ထား နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လူငယ် ပြင်သစ် ကစားသမားတွေ ခေါ်ယူမယ့် ဗျူဟာအသစ်ကို အစပျိုးနေပြီဖြစ်သလို မက်ဆီဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာသွားမှာဖြစ်ပြီး ဘာစီလိုနာက ၎င်းကို ပြန်လည် ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။
ချယ်ဆီးဟာ နည်းပြသစ်ရှာဖွေမှုကို အရှိန်တင်လာပြီး နောက်ရက်သတ္တပတ်အနည်းငယ်အတွင်း ခန့်အပ်မှု လုပ်ဖို့ မျှော်လင့်ရသလို တော့ဒ်ဘိုးလီရဲ့ အဝတ်လဲခန်းအတွင်း အမှာစကားပြောကြားမှု နောက်ဆက်တွဲတွေက ဆက်လက် ဂယက်ရိုက်နေပါတယ်။
ယူနိုက်တက်ဟာ နာပိုလီ တိုက်စစ်ကြယ်ပွင့် ဗစ်တာ အိုဆီမန်ကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ကလပ် အကြီးအကဲတွေဟာ ပြီးခဲ့တဲ့အပတ်က အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲကိုတောင် သူ့အတွက် လာကြည့်ခဲ့ပါတယ်။
အင်တာမီလန် တိုက်စစ်မှူး လူကာကူဟာ တစ်ပွဲပယ်ပြစ်ဒဏ်ကနေ ကင်းလွတ်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ ဂျူဗင်တပ်နဲ့ ကိုပါ အီတာလျံ ဆီမီးဖိုင်နယ်ပွဲမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။
ဇာဘီ အလွန်ဆိုဟာ ဒေးဗစ်မိုယက်စ် ထွက်ခွာသွားမယ် ဆိုရင် ဝက်စ်ဟမ်းနည်းပြသစ်ဖြစ်ဖို့ ရေပန်းစားနေပါတယ်။
အက်ဒီဟောင်းဟာ ဘယ်နောက်ခံလူသစ် ရှာဖွေနေသလို နယူးကာဆယ်ဟာ အာဆင်နယ်ရဲ့ တီယာနေးကို ခေါ်ယူဖို့ ယုံကြည်မှု ရှိနေပါတယ်။