ဒီနေ့ည ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး လန်ဒန် အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမှာပါ။ ကစားကြမယ့် ပွဲချိန်ကတော့ ဒီနေ့ တနင်္ဂနွေနေ့ည ၁၂ နာရီခွဲမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဝက်စ်ဟမ်း v မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်ချက်စတာ ယူနိုက်တက်က ဒီရာသီ အဝေးကွင်းတွေမှာ ရလဒ် မကောင်းပါဘူး။ သူတို့ ဘရိုက်တန်နဲ့ ကစားခဲ့ပြီး ဒုတိယပိုင်းမှာ အိမ်ရှင်အသင်းက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပြီး နာကျင်အချိန်ပိုမှာ အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန်ရမယ့် ပင်နယ်တီကို သွင်းယူခဲ့တာပါ။
ဒီပွဲကတော့ ၁-၁ ဖြစ်သွားမယ် ထင်ပါတယ်။ ဒီရာသီ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်ကို မန်ယူနိုက်တက်အတွက် ပိုပြီး အလေးပေးပါတယ်။ သူတို့ ချန်ပီယံလိဂ်ထဲ ပြန်ပြီး ပါဝင်လာနိုင်မှာပါ။
ဝက်စ်ဟမ်း အတွက်ကတော့ သူတို့ တန်းဆင်းမယ်လို့ မထင်ပါဘူး။ သူတို့မှာ ယူအီးအက်ဖ်အေ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားဖို့လည်း ရှိနေပါတယ်။ ဒီရာသီက ဟမ်းမားတို့အတက် အမှတ်ရစရာတွေ ဖြစ်လာနိုင်ဆဲပါ။
မန်ယူနိုက်တက်ရဲ့ လက်ရှိ တိုက်စစ် ၃ ဦးက မာရှယ်၊ ရက်ဖိုဒ့်၊ အန်တိုနီတို့ပါ။ ဒီနွေမှာတော့ ဒီတိုက်စစ်က သေချာပေါက်ကို အပြောင်းအလဲ ရှိလာမှာပါ။ သူတို့က မန်စီးတီးနဲ့ ၁၆ မှတ်လောက် ပြတ်နေပြီး ဒီအသင်းနဲ့ပဲဆိုရင် နောက်ရာသီ ပရီးမီးယားလိဂ်ဖလားအနား ကပ်နိုင်မှာ မဟုတ်ပါဘူး။
ယူနိုက်တက်ရဲ့ တိုက်စစ်မှာ ဟယ်ရီကိန်းကို လိုပါတယ်။ မာရှယ်ကတော့ ယူနိုက်တက်အတွက် ဆက်ပြီး ကစားပေးရတော့မယ် မထင်ပါဘူး။” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ ဝက်စ်ဟမ်း ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။