မန်စီးတီးအသင်းဟာ မနှစ်တုန်းက သူတို့ မကျော်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို မနေ့ညက ဘာနေဗျူးကွင်းမှာ ၁-၁ ရလဒ် ထွက်အောင် ကစားနိုင်ခဲ့တာကြောင့် ဒုတိယအကျော့ အီတီဟက်မှာ လက်ရှိ ချန်ပီယံတွေကို ကျော်ဖြတ်နိုင်မယ်လို့ ရေပန်းစားလာခဲ့ပါပြီ။
ဒီအဆင့်ကို ကျော်ဖြတ်နိုင်တဲ့ အသင်းဟာ ဖိုင်နယ်မှာ အင်တာမီလန် vs အေစီမီလန် အတွဲက အနိုင်ရမယ့် အသင်းနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အကယ်လို့ မန်စီးတီးတို့ ဒီရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ် အဆင့် ၅ အသင်းက ဘာဖြစ်လာမှာပါလဲ?
မန်စီးတီး ချန်ပီယံလိဂ် အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် အဆင့် ၅ နေရာက အသင်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်မှာလား?
ကံဆိုးစွာဘဲ ဒီရာသီ အဆင့် ၅ နေရာကနေ ရာသီသိမ်းနိုင်တဲ့ နယူးကာဆယ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးထဲက တစ်သင်း သင်းဟာ မန်စီးတီးတို့ ချန်ပီယံလိဂ်ဖလား အနိုင်ရရင်တောင်မှပဲ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ပါဘူး။
ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ ပြည်တွင်းလိဂ် က အဆင့် ရပ်တည်ချက်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရထားခဲ့ပြီဖြစ်ပြီး အစ္စတန်ဘူလ်မှာ ချန်ပီယံလိဂ် ဖလားရခဲ့ရင် ဝင်ခွင့် ၂ မျိုးနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရမှာပါ။
အဲ့ဒီလိုဖြစ်လာခဲ့ရင် ယူအီးအက်ဖ်အေက အင်္ဂလန်လိဂ်က အဆင့် ၅ အသင်းကို ချန်ပီယံလိဂ်မှာ အစားထိုးပါဝင်ခွင့် တစ်နေရာ ခွဲပေးမှာ မဟုတ်ပါဘူး။ အဲ့အစား မန်စီးတီးရဲ့ တစ်နေရာစာဟာ ယူအီးအက်ဖ်အေ coefficient အရ အုပ်စုအဆင့်ထံ တိုက်ရိုက် ဝင်ခွင့် မရှိတဲ့ အသင်းတစ်သင်းကို လွဲပြောင်းပေးမှာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာတော့ ယူကရိန်း အမှတ်ပေးလိဂ် ချန်ပီယံဟာ ခြေစစ်ပွဲတွေ ယှဉ်ပြိုင်စရာ မလိုပါဘဲ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ရိုက်ရသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၅ အသင်းကတော့ ယူရိုပါလိဂ်ကိုပဲ အုပ်စုအဆင့်ထံ တိုက်ရိုက်ဝင်ခွင့်နဲ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ ဟာ တစ်နိုင်ငံတည်းက ကလပ် ၅ သင်းကို ချန်ပီယံလိဂ်မှာ ပါဝင်ခွင့် ပေးထားခဲ့ပေမယ့် ထိပ်ဆုံး ၄ သင်းပြင်ပကနေ ပြိုင်ပွဲထံ ပါဝင်ခွင့်ရရမယ့် အသင်းဟာ ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ် အနိုင် ရရမယ်လို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။