ဝက်စ်ဟမ်းအသင်းဟာ ဒီနွေမှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ထွက်ခွင့်ပေးရမယ်ဆိုရင် ပြောင်းရွှေ့ကြေးကို ဘယ်လင်ဟမ် ဈေးလောက်နီးနီး အလိုရှိနေပါတယ်။
ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး အာမက် ဒီယာလို က နောက်ရာသီမှာလည်း ဆန်းဒါးလန်မှာ ထပ်မံ ကစားလိုကြောင်း ဖွင့်ဟလာပါတယ်။ ဒီယာလို က ဒီရာသီ ချန်ပီယံရှစ်ကလပ်မှာ ကစား ခြေစွမ်းပြနေတာပါ။
အန်ဖီးကွင်းကို တိုးချဲ့နေတဲ့ လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အစမှာ ကွင်းအပြီးသတ် ကိစ္စတွေ လုပ်ဆောင်ဖို့ ရှိနေတာကြောင့် ရာသီအဖွင့်ပွဲကို အဝေးကွင်း ကစားခွင့်ပေးဖို့ လိဂ်ကို တောင်းဆိုထားပါတယ်။
ဂိုးသမား ဒေးဗစ် ဒီဂီယာက မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ သက်တမ်းတိုး စာချုပ်သစ် အတွက် သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက အခိုင်အမာ ဖော်ပြလာပါတယ်။
ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဖာရန် တောရက်စ်က ဒီနွေမှာ အက်စတွန်ဗီလာထံ ပြောင်းလာဖို့ သတင်းစထွက်နေပါတယ်။
မနှစ်ကနွေမှာ မတ်ဒီဆန်အတွက် ကမ်းလှမ်းပေမယ့် ငြင်းဆန်ခံခဲ့ရတဲ့ နယူးကာဆယ်ဟာ ဒီနွေမှာ အင်္ဂလန်သားအတွက် နောက်တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ မက်အယ်လစ်စတာကော ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကိုပါ ဒီနွေမှာ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဒီနွေမှာ မာနေးကို ထွက်ခွင့်ပေးမှာဖြစ်ပြီး အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေပေမယ့် ဟယ်ရီကိန်းကို သေချာပေါက် ခေါ်ယူမယ်လို့ အာမခံချက် မရှိသေးပါဘူး။ မာနေးကို ခေါ်ယူဖို့ ချယ်ဆီးက သတင်းထွက်နေပါတယ်။
အက်စတွန်ဗီလာအသင်းဘက်က စိတ်ဝင်စားနေပေမယ့် မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်က မန်ချက်စတာ ကလပ်မှာ ဆက်ရှိနေချင်နေပါတယ်။
လန်ဒန်ကလပ်တွေဖြစ်တဲ့ စပါး၊ ဘရန့်ဖိုဒ့်၊ ဘရိုက်တန်တို့ဟာ လီဗာပူး အရန် ဂိုးသမား ကလယ်ဟာကို ခေါ်ယူဖို့ မျက်စိကျနေပြီး အိုင်ယာလန် လက်ရွေးစင်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၂၀ ပေးရမှာ ဖြစ်ပါတယ်။
ပဲလေစ့် တောင်ပံသမား မိုက်ကယ် အိုလစ်ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်း စိတ်ဝင်စားနေပါတယ်။ အိုလစ်ဟာ ပြင်သစ် လူငယ်အသင်းအတွက် ကိုယ်စားပြုဖူးသူပါ။
ဘရန့်ဖို့ဒ်အသင်းဟာ သူတို့ ဂိုးသမား ဒေးဗစ် ရာယာ ကို မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ ပစ်မှတ် ထားနေတာကြောင့် အစားထိုး ပစ်မှတ် ရှာဖွေနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ စပါးအသင်းမှာ ခက်ခဲတဲ့ ကစားသမားဘဝကို ရင်ဆိုင်နေရတဲ့ အသက် ၂၃ နှစ်အရွယ် စပိန်သား ပေါ်ရိုကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။