မာတီနက်စ်ဟာ အက်စတွန်ဗီလာမှာ သူနဲ့အတူ လီယွန်နယ် မက်ဆီကို လာကစားစေချင်ပြီး မက်ဆီသာ လာမယ် ဆိုရင် သူ့ရဲ့ လစာကို လျှော့ယူဖို့တောင် ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

မက်အယ်လစ်စတာဟာ ဘရိုက်တန်မှာ ပျော်ရွှင်နေပြီး ကလပ်ကလည်း နောက်ရာသီမှာ သူ့ကို ဆက်ထိန်းထားချင်တယ်လို့ အမှုဆောင်ချုပ် ပေါလ်ဘာဘာက ပြောဆိုခဲ့ပါတယ်။

အေဂျက်နောက်ခံလူ ဂျာရီယန် တင်ဘာဟာ မနှစ်က မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ရဖို့ နီးစပ်တဲ့ အခြေအနေဖြစ်ခဲ့ပေမယ့် အေဂျက်မှာ နောက်တစ်ရာသီ ဆက်နေဖို့ ရွေးချယ်ခဲ့သလို အခုလည်း အလားတူ အခြေအနေကို ရောက်ရှိနေပါတယ်။

ချယ်ဆီးနဲ့ အေစီမီလန်ဟာ ရူဘင် လော့ဖ်တပ်ချိခ်အတွက် အပြီးသတ် ပြောင်းရွှေ့ကြေးကို ဆွေးနွေးနေပြီ အငှားစာချုပ်တော့ မဖြစ်နိုင်ပါဘူး။

ဒေါ့မွန်ဟာ ခံစစ်မှူး မတ်ဟမ်းမဲလ်အတွက် စာချုပ်သစ် သဘောတူညီမှု မကြာခင် ရတော့မှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်နဲ့ ပီအက်စ်ဂျီဟာ နေမာရဲ့ ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပါတယ်။ ပီအက်စ်ဂျီနဲ့ ဆွေးနွေးနေတဲ့အထဲ ပရီးမီးယားလိဂ်ကလပ်များစွာ ပါဝင်ပေမယ့် ယူနိုက်တက်နဲ့ ဆွေးနွေးမှုက အရှည်ကြာဆုံး ဖြစ်ပါတယ်။

မန်ယူနိုက်တက်ဟာ မာဆယ် ဆာဘစ်ဇာကို အပြီးသတ် ခေါ်ယူဖို့ ပေါင်၂၂ သန်း ပေးရမယ်လို့ ဘိုင်ယန်မြူးနစ်က ပြောထားပါတယ်။ ကွင်းလယ်လူဟာ ရာသီကုန်အထိ အငှားစာချုပ် ရှိနေပြီး အနာဂတ်က မရေမရာ ဖြစ်နေဆဲပါ။

လီဗာပူးဟာ ဘရိုက်တန် ကွင်းလယ်လူ မက်ကယ်လစ်စတာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရဖို့ နီးစပ်နေပါတယ်။

စပယ်လက်တီဟာ ရာသီကုန်မှာ နာပိုလီကနေ ထွက်ခွာတော့မှာပါ။ ဒါပေမယ့် တချို့သတင်းမှာ သူက ကာလရှည် ခွင့်ယူမှာဖြစ်တယ်လို့ ဆိုပြီး တခြားသတင်းမှာတော့ ဆမ်ဒိုးရီးယားနဲ့ ရာသီနောက်ဆုံးပွဲကျရင် သူ့ရဲ့ ထွက်ခွာမှုကို အတည်ပြုလိမ့်မယ်လို့ ဆိုပါတယ်။

ဒီနွေရာသီမှာ ပီအက်စ်ဂျီကနေ မက်ဆီ ပြန်လာမှာလားဆိုတာ မသေချာသေးဘူးလို့ ဘာစီလိုနာနည်းပြ ဇာဗီက ဆိုပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ဘာမှ မဆုံးဖြတ်ရသေးပဲ အားလုံးက မက်ဆီအပေါ်မှာပဲ မူတည်တယ်လို့ ဇာဗီက ဝန်ခံခဲ့ပါတယ်။

ဘိုင်ယန်ဟာ ဒက်ကလန်ရိုက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။ တူချယ်ဟာ သူ့ကို ဂျာမနီ ခေါ်ချင်နေပေမယ့် အာဆင်နယ်ကလည်း ပေါင်သန်း ၇၀တန် ကြယ်ပွင့်အတွက် အပြိုင်ကြိုးစားနေတာပါ။

ဘာဆာဟာ ဝုဗ်ကြယ်ပွင့် ရူဘင်နီဗက်စ်ကို ခေါ်ယူချင်နေပေမယ့် အပြောင်းအရွှေ့က အကြောင်းရင်း အနည်းငယ်အပေါ် မူတည်နေပါတယ်။ သူ့အေးဂျင့် ဂျော့မန်ဒက်စ်အနေနဲ ဒီနွေရာသီမှာ အန်ဆူဖာတီ ထွက်သွားနိုင်အောင် စီစဉ်ပေးမှသာ ဘာစီလိုနာက နီဗက်စ်ကို ခေါ်ယူမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ပဲလေ့စ်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်၊ ယူနိုက်တက်၊ စပါးတို့နဲ့ အပြိုင်ကြိုးစားသွားမှာပါ။

လေဗာကူဆင်ဟာ ရှာကာကို ယူရို ၁၅ သန်းတန် ၄နှစ်စာချုပ်နဲ့ မကြာခင်မှာ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ကာလိုအန်ဆလော့တီဟာ ပီအက်စ်ဂျီကွင်းလယ်လူ မာကို ဗာရတ်တီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ တခုတည်းသော ပြဿနာက ကလပ်နှစ်သင်းရဲ့ ဒါရိုက်တာတွေကြား ဆက်ဆံရေး မပြေလည်တာဖြစ်ပါတယ်။