လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာသွားတဲ့ ကွင်းလယ်လူ နာဘီကိတ်တာဟာ ဘွန်ဒက်လီဂါကလပ် ဝါဒါဘရီမင် အသင်းထံ ရောက်ရှိသွားပါပြီ။
နည်းပြတန်ဟက်က ခံစစ်မှူး လင်ဒီအော့ကို လုံးဝ လက်လွတ်ခံမှာ မဟုတ်ဘဲ လာမယ့်ရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက်အတွက် ဆက်ထိန်းသွားမှာပါ။
ရီးရဲလ်မက်ဒရစ်က ချယ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ကို သဘောကျပေမယ့် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ပေးဖို့တော့ ဆန္ဒမရှိဘူး ဖြစ်နေပါတယ်။
တောင်တင်ဟမ်နဲ့ နယူးကာဆယ်တို့ဟာ မတ်ဒီဆန်ကို လက်မှတ်ထိုးရေး ပြိုင်ဆိုင်သွားကြဖွယ် ရှိပါတယ်။ လက်စတာ ကနေ ထွက်ခွာမယ့် အင်္ဂလန်သားကို ကလပ် ၂ သင်းလုံးက အလေးအနက် စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်သမား ဂရင်းဝုဒ်ကို လာမယ့်ရာသီအတွက် အငှားချဖို့ စီစဉ်နေကာ ဥရောပကလပ်တွေထံက ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပါတယ်။
မန်စီးတီး ကွင်းလယ်လူ ဂွမ်ဒိုဂန်ရဲ့ အနာဂတ်ဟာ ချန်ပီယံလိဂ် ဖိုင်နယ်အပြီးမှ ဆုံးဖြတ်နိုင်မှာ ဖြစ်ပြီး အခုချိန်ထိ ဘာဆုံးဖြတ်ချက်မှ မလုပ်ရသေးပါဘူး။
လိုက်ဇစ်အသင်းဟာ လီဗာပူး ကွင်းလယ်လူ ကာဗာရိုအတွက် ထပ်မံ စကားပြောနေပြီး အန်ဖီးကလပ်ကတော့ ပေါ်တူဂီသားကို အပြီးသတ် မဟုတ်တဲ့ ထွက်ခွာခြင်းမျိုးပဲ ခွင့်ပြုလိုနေပါတယ်။
ဘရန့်ဖိုဒ့် ဂိုးသမား ယာယာကို မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ပေးရပါလိမ့်မယ်။
ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်ဟာ မန်စီးတီးထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ စပါးတို့ဟာ လက်စတာကနေ ထွက်ခွာမယ့် ဟာဗေးဘန်းစ်ကို ခေါ်ယူနိုင်ရေး အပြိုင်အဆိုင် ကြိုးစားကြမှာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ တိုက်စစ်အင်အားကို မြှင့်တင်ဖို့အတွက် ပရီးမီးယားလိဂ်နဲ့ လာလီဂါ တိုက်စစ်မှူးဟောင်း မိုရာတာကို အလိုရှိနေပေမယ့် စပိန်သားဟာ အက်သလက်တီကိုမှာ ၂၀၂၅ ခုနှစ်ထိ ရှိနေမယ့် စာချုပ်သစ် လက်မှတ်ထိုးလိုက်ပါတယ်။