ယူနိုက်တက်နဲ့ သတင်းထွက်ထားတဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် နေမာ ကို ဆော်ဒီဘက်က အသင်းတွေက ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ယူနိုက်တက်ဟာ အသင်းပိုင်ရှင်သစ် အဖြစ် ဗြိတိန်သူဌေးလား ကာတာ အုပ်စုလား ဆိုတာ ဒီတပတ်ထဲမှာ ဆုံးဖြတ်ချက် ချကာ လက်လွှဲရောင်းချတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပိုင်ရှင် ကိစ္စ မပြီးပြတ် မချင်း ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကလည်း နှောင့်နှေးနေတာကြောင့် ဖြစ်ပါတယ်။

စပါးအသင်းဟာ ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဆန်ချိုအား ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ စဉ်းစား နေကြောင်း သတင်းထွက်လာပါတယ်။ ဆန်ချိုကို အသင်းဟောင်း ဒေါ့မွန်ကလည်း အငှားနဲ့ ပြန် ခေါ်ယူလိုနေပါတယ်။

မေဆန်မောင့် အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၈၀ လို့ ချယ်ဆီးဘက်က ဈေးခေါ်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ကစားသမားနဲ့ သဘောတူညီမှု ရပြီး ဖြစ်လို့ ကမ်းလှမ်းမှုတွေကို လာမယ့် အပတ်ထဲမှာ လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။

ယူနိုက်တက်ဟာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာ ပါတယ်။ အင်္ဂလန်သား အတွက် ယူနိုက်တက်က ပေါင် သန်း ၃ဝ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး ၎င်းကို ချယ်ဆီး ကလည်း အလိုရှိနေပါတယ်။

စပါးတိုက်စစ်မှုး ဟယ်ရီ ကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်ရဲ့ မျှော်လင့်ချက်က နည်းသည်ထက် နည်းလာနေပြီ ဖြစ်ပါတယ်။ စပါးအသင်းဟာ ပြည်တွင်းပြိုင်ဘက် အသင်းထံ သူတို့ ကြယ်ပွင့် ကစားသမားကို မရောင်းချလိုပါဘူး။

ယူနိုက်တက်ဟာ ဒီဂီယာ နေရာ အစားထိုးဖို့ ပစ်မှတ်အဖြစ် ပေါ်တို ဂိုးသမား ဒီယေဂို ကော်စတာကို ချိန်ရွယ်နေသော်လည်း ပေါ်တို တောင်းဆိုတဲ့ ဈေး ယူရို ၇၅ သန်းကိုတော့ မပေးလိုဘူး ဖြစ်နေပါတယ်။