အာဆင်နယ်ဟာ ဒီကလန်ရိုက်စ်အတွက် နောက်ဆုံး ကမ်းလှမ်းထားတဲ့ ပေါင် ၇၅ သန်း + ပေါင် ၁၅ သန်းထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှု တစ်ခု ပေးမယ်လို့ ဝက်စ်ဟမ်းဘက်ကို ပြောဆိုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အိုနာနာရဲ့ အေးဂျင့်တို့ တွေ့ဆုံမှု မတိုင်ခင် အရင် ၂ ပတ်တည်းက ချယ်ဆီးကလည်း ချိတ်ဆက်မှု လုပ်ထားပါတယ်။ အင်တာကတော့ ဂိုးသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ရလိုပါတယ်။

ချယ်ဆီးဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ခေါ်ယူရေး ကိစ္စအား ထိန်းချုပ်ထားဆဲ ဖြစ်ကာ ပေါင် ၇၀ သန်း + ပေါင် ၁၀ သန်းဖြင့် ကမ်းလှမ်းလိုပါတယ်။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရဖို့ကလည်း နီးစပ်နေပါပြီ။

ယူနိုက်တက်ဟာ မေဆန်မောင့် အတွက် ၃ ကြိမ်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးက ငြင်းဆန်နေတာကြောင့် နောက်ဆုတ်သွားခဲ့ပြီး ကိုင်ဆီဒို ကို ပြောင်းလဲ ချိန်ရွယ်လာပါတယ်။

စပါးအသင်းဟာ လီဗာပူးအသင်းနဲ့ အပြိုင် ဝုဒ်ဘတ် ခံစစ်မှူး ဗန်ဒီဗန်ကို ခေါ်ယူရေး စိတ်ဝင်စားလာနေပါတယ်။ ၎င်းတို့ကလည်း ကစားသမားရဲ့ ကိုယ်စားလှယ်တွေဖြင့် ချိတ်ဆက်မှု လုပ်ထားခဲ့ပါတယ်။

ယူနိုက်တက်က လူငယ်ကြယ်ပွင့် ဂါနာချို အား လာမယ့် ရာသီမှာ နာမည်ကျော် ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ပေးဖို့ စဉ်းစားနေပါတယ်။

မန်စီးတီးဘက်က ပီအက်စ်ဂျီ အစွန်လူ ဟာကိမိကို ဒီနွေမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကစားသမားရဲ့ အေးဂျင့်ကတော့ ဟာကိမိဟာ ပြင်သစ်မြေမှာ ဆက်ရှိနေမှာပါလို့ ထုတ်ပြောလာပါတယ်။

လီဗာပူး၊ ယူနိုက်တက်တို့က ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူ ရာဘီယော့ကို စာချုပ်သက်တမ်း တိုးနိုင်မယ်လို့ ဂျူဗင်တပ်ဘက်က ယုံကြည်ချက် ရှိနေပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဒီနွေမှာ အငှားထွက်ဖို့ ပြင်ဆင်လာနေကာ စီးရီးအေကလပ် တစ်သင်းထံ ရောက်မယ်လို့ သတင်းကြီးနေပါတယ်။

ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာဟာ စီးရီးအေကလပ် အင်တာမီလန် အသင်းထံ ၂ ရာသီ စာချုပ်ဖြင့် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။