ချယ်ဆီးအသင်းဟာ မေဆန်မောင့်အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တတိယမြောက် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် ဒီနွေမှာ သူတို့ ခေါ်ယူရမယ့် ပစ်မှတ်တွေအတွက် ဆက်လက် အားထုတ်နေပါတယ်။
အနောက်လန်ဒန်ကလပ်ဟာ ဈေးကွက်ထဲမှာ ကီပါနဲ့ မန်ဒီကို ရောင်းထုတ်ပြီး ဂိုးသမားသစ် အစားထိုးဖို့ ရည်ရွယ်နေတာပါ။ မန်ဒီက ဆော်ဒီကလပ်ထံ ပြောင်းရွှေ့ခဲ့သော်လည်း ကီပါရဲ့ အနာဂတ်ကတော့ ချယ်ဆီးမှာ ဆက်ရှိနေမယ့် အရိပ်အယောင်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
စတမ်းဖိုဒ့်ဘရစ်ချ် တာဝန်ရှိသူတွေကတော့ နည်းပြပိုချက်တီနိုအတွက် ဂိုးသမားသစ် တစ်ဦး အားဖြည့်ပေးဖို့ ကြိုးစားမှာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း စောင့်ကြည့်နေတဲ့ ပေါ်တို ဂိုးသမား ဒီယေဂို ကော်စတာအတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ကြံရွယ်နေတယ်လို့ သိရပါတယ်။
ပေါ်တိုဘက်က ယူရို ၇၅ သန်း ဈေးသတ်မှတ်ထားတဲ့ ကော်စတာကို ချယ်ဆီးတို့ ခေါ်ယူခဲ့ရင် ကီပါရဲ့နောက် ဘောလုံး သမိုင်းမှာ ဒုတိယမြောက် ဈေးအကြီးဆုံး ဂိုးသမား ဖြစ်လာပါလိမ့်မယ်။ ချယ်ဆီးဘက်ကတော့ ပြောင်းရွှေ့ကြေးကို ၃ ရစ် ပုံစံ ငွေပေးချေမှုဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါပြီ။
ယူနိုက်တက်ဟာ ဒီဂီယာနေရာ ရေရှည်အစားထိုးဖို့ အသက် ၂၃ နှစ်အရွယ် ကော်စတာကို အတော်လေး သဘောကျထားခဲ့ပြီး ပေါ်တူဂီ သတင်းတွေမှာ မန်ချက်စတာ ကလပ်နဲ့ အပြောင်းအရွှေ့ သတင်းတွေကို မကြာခဏ ဖော်ပြခြင်း ခံထားရတာပါ။
ဒါပေမယ့်လို့ အသုံးစရိတ် အကန့်အသတ်ရှိတဲ့ ယူနိုက်တက်ဟာ ကော်စတာအတွက် ယူရို ၇၅ သန်း ပေးဖို့ထက် အင်တာမီလန်မှ အိုနာနာကို ယူရို သန်း ၄၀ ဖြင့် ချိတ်ဆက်ဖို့ကိုပဲ ဦးတည်နေခဲ့ပြီ ဖြစ်ပါတယ်။