လီဗာပူးအသင်း ချိတ်ဆက်နေတဲ့ ဝုဗ်ဘတ် နောက်ခံလူ ဗန်ဒီဗန် အား တော့တင်ဟမ် စပါးအသင်းကလည်း ချဉ်းကပ်လာပါတယ်။ ဝုဗ်ဘတ်က ဗန်ဒီဗန် အတွက် ယူရို သန်း ၃ဝ ဈေး သတ်မှတ်ထားပါတယ်။

လိုင်ယွန်အသင်းဟာ ချယ်ဆီးအသင်းရဲ့ အမေရိကန် ကွင်းလယ်တိုက်စစ်သမား ပူလီဆစ် အတွက် ဆက်သွယ် မေးမြန်းလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့်ကို ဈေးကိုင်နေတဲ့ ချယ်ဆီးအား အမျက်ထွက်လာတာကြောင့် အင်္ဂလန်သား အား ခေါ်ယူရေး နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

မောင့် ကို ခေါ်ဖို့ နောက်ဆုတ်ပြီးနောက် ယူနိုက်တက်ဟာ ဘရိုက်တန် ကွင်းလယ်ကစားသမား ကိုင်စီဒိုအား ဦးစားပေး ပစ်မှတ် အဖြစ် ပြောင်းလဲ ချိန်ရွယ်လာပါတယ်။

မန်စီးတီးအသင်းဟာ လိုက်ပ်ဇစ် နောက်ခံလူ ဂါဗာဒီယော ကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားပြီ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။ လိုက်ပ်ဇစ်ကတော့ သူတို့ ကြယ်ပွင့် ကစားသမား အတွက် အနည်းဆုံး ယူရို သန်း ၁ဝဝ အလိုရှိနေပါတယ်။

ယူနိုက်တက် ပစ်မှတ် နာပိုလီ နောက်ခံလူ ကင်မင်ဂျယ် အား မန်ချက်စတာစီးတီးကလည်း ချိန်ရွယ်လာပါတယ်။ ၎င်းရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် သန်း ၅ဝ ရှိတာပါ။

အင်တာမီလန် ဂိုးသမား အိုနာနာ ကို ခေါ်ယူရေး ယူနိုက်တက်က ဆက်သွယ် မေးမြန်းခဲ့ရာ ယူရို သန်း ၅ဝ ပြောင်းရွှေ့ကြေး ပေးရမယ်လို့ စီးရီးအေကလပ်က အကြောင်းပြန်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဒီကလန် ရိုက်စ်တို့ အဆင်ပြေမှု ရှိခဲ့ပေမယ့် လက်ရှိမှာတော့ မန်စီးတီးဟာ ရိုက်စ်ကို ခေါ်ယူရေး ဝက်စ်ဟမ်းနဲ့ ဆွေးနွေးမှု အရေးသာနေပြီ သတင်းထွက်လာပါတယ်။