မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူရေးအတွက် ပေါင် သန်း ၆၀ ဖြင့် သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီအပတ်အကုန်မှာ မောင့်ကို ဆေးစစ်မှာဖြစ်ပြီး ၂၀၂၈ ခုနှစ်ထိ ရှိနေစေမယ့် စာချုပ်တစ်ခုကို လက်မှတ်ထိုးမှာပါ။
အာဆင်နယ်နဲ့ ခံစစ်မှူး ဆာလီဘာတို့ဟာ စာချုပ်သစ်ကိစ္စ သဘောတူညီမှု ရထားခဲ့ပြီးပါပြီ။ ဒီနွေအားလပ်ရက် အပြီးမှာတော့ တရားဝင် ကြေညာမှု ထွက်ရှိလာပါမယ်။
လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာလာတဲ့ ဖာမင်နိုဟာ ဆော်ဒီကလပ် Al Ahli အသင်းနဲ့ စာချုပ်ချုပ်ဖို့ သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး နောက်ဆုံးအဆင့် လက်မှတ်ထိုးဖို့ပဲ ကျန်ရှိ ပါတယ်။ စာချုပ်က ၂၀၂၆ ခုနှစ်ထိ ဖြစ်မှာပါ။
အာဆင်နယ်နဲ့ အေဂျက်တို့ဟာ ခံစစ်သမား တင်ဘာအတွက် ပေါင် ၄၀.၅ ဖြင့် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို ဆက်လက် ညိနှိုင်းနေကာ ဆေးစစ်ဖို့ ကိစ္စကို ပါ စီစဉ်လာတော့မှာပါ။
ချယ်ဆီးအသင်းဟာ ကွင်းလယ်လူ ကိုင်ဆီဒိုကို ခေါ်ယူရေး စတင် စကားပြောနေပါတယ်။ ပုဂ္ဂိုလ်ရေးပိုင်း သဘောတူညီမှု ရထားတာမို့ အပြောင်းအရွှေ့ ဖြစ်မြောက်ရေး စတင်နေတာဖြစ်ပေမယ့် ဘရိုက်တန်နဲ့ ညိနှိုင်းရေးက အရမ်းကြီး လွယ်ကူမနေပါဘူး။
ဆော်ဒီကလပ် Al Hilal အသင်းက မော်ရင်ညိုကို တစ်နှစ် ယူရို ၃၀ သန်း ပေးမယ့် စာချုပ်ဖြင့် ချိတ်ဆက်ပေမယ့် ပေါ်တူဂီသားကြီးက ရိုးမားမှာပဲ ဆက်နေလိုတာမို့ ပယ်ချလိုက်ပါတယ်။
တိုက်စစ်မှူး ဂွန်ကာလို ရာမိုစ့်အတွက် မန်ချက်စတာ ယူနိုက်တက်ဘက်က ကမ်းလှမ်းမယ်ဆိုရင် ပေါင် ၆၉ သန်းဖြင့် စကားပြောဖို့ ဘင်ဖီကာဘက်က အဆင်သင့် ဖြစ်နေပါတယ်။
အာဆင်နယ်ဟာ အေဂျက် ခံစစ်သမား တင်ဘာကို ကမ်းလှမ်းဖို့ပဲ ပြင်ဆင်ထားပြီး ဝုဒ်ဘတ် ခံစစ်သမား ဗန်ဒီဗန်ကို ကြားဝင် ချိတ်ဆက်သွားမှာ မဟုတ်ပါဘူး။
မန်ချက်စတာ ယူနိုက်တက်ဟာ အင်တာမီလန် ဂိုးသမား အိုနာနာကို အလိုရှိနေဆဲ ဖြစ်ပေမယ့် တရားဝင် ကမ်းလှမ်းမှုတော့ အခုချိန်ထိ မလုပ်ရသေးပါဘူး။
အက်စတွန်ဗီလာဟာ ဗီလာရီးရဲလ် ခံစစ်မှူး ပေါလ်တောရက်စ်ကို ၂၀၂၈ ခုနှစ်ထိ သက်တမ်းရှိမယ့် စာချုပ်တစ်စောင် ပေးသွားမှာပါ။ ဆေးစစ်ဖို့အတွက်လည်း ရက်ချိန်း ယူထားပြီးပါပြီ။
လော့တပ်ချိစ်ဟာ အေစီမီလန်နဲ့ ဆေးစစ်မှု အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ လက်မှတ်ထိုးမှုကို နောက်ရက်မှာ ကြေညာမှာဖြစ်ကာ ချယ်ဆီးဘက်က ပြောင်းရွှေ့ကြေး ယူရို ၁၆ သန်း + ယူရို ၄ သန်း ရရှိပါမယ်။