ပီအက်စ်ဂျီအသင်းက အမ်ဘာပေအား စာချုပ်သစ် ချုပ်မလား အသင်းက ထွက်မလား ဒီနှစ်ပတ် အတွင်း အဖြေပေးဖို့ ရာဇသံ ပေးလိုက်ပြီ ဖြစ်ပါတယ်။ သက်တမ်းမတိုးရင် ဘာပေကို ပီအက်စ်ဂျီက ဒီနွေမှာ ရောင်းချလိုနေပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ခံလူ တင်ဘာကို ခေါ်ယူရေး အေဂျက်အသင်းနဲ့ သဘောတူညီမှု ရခဲ့ပါပြီ။ ကနဦး ပေါင် ၃၄.၃ သန်းအပြင် ထပ်တိုးကြေး ပေါင် ၄.၃ သန်းဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ပူလီဆစ် အတွက် ယူရို သန်း ၂ဝ ကျော်တဲ့ ပမာဏနဲ့ ချယ်ဆီးအသင်းထံ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။ ယခင် ကမ်းလှမ်းမှုက ပေါင် ၁၄ သန်း ဖြစ်ပြီး ချယ်ဆီးက ပေါင် ၂၅ သန်း ဈေးဆိုထားတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ အင်တာမီလန် ဂိုးသမား အိုနာနာအတွက် ပေါင် ၃၉ သန်းတန် တန်ကြေးရှိမယ့် စာချုပ်နဲ့ ကမ်းလှမ်းပြီ ဖြစ်ပါတယ်။ အင်တာဘက်ကတော့ ပေါင် သန်း ၅ဝ လောက် ရလိုနေပါတယ်။

ချယ်ဆီးနဲ့ ဘရိုက်တန်တို့ဟာ ကိုင်ဆီဒို အပြောင်းအရွှေ့ စတင် လုပ်ဆောင်နေပါပြီ။ အရင်အပတ်တည်းက နှစ်သင်းကြား တိုက်ရိုက် စကားပြော ဆွေးနွေးမှု ရှိတာ ဖြစ်ပါတယ်။

ဆော်ဒီကလပ် Al Ahli အသင်းဟာ လာမယ့်ရက်တွေအတွင်း ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာနေးကို ၃ နှစ် စာချုပ်ဖြင့် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ အမာရာဘတ်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

လီဗာပူးအသင်းက တိုရီနိုအသင်းမှ ခံစစ်မှူး ပါရှူးစ်ကို ယူရို သန်း ၃၀ ဖြင့် ကမ်းလှမ်းပေမယ့် စီးရီးအေကလပ်က ပယ်ချခဲ့တယ် လို့ အီတလီသတင်းတွေမှာ ဖော်ပြနေပါတယ်။

အင်တာမီလန်ဟာ တိုက်စစ်မှူး လူကာကူအတွက် ချယ်ဆီးအသင်းနဲ့ ချဉ်းကပ် စကားပြောဖို့ ဆုံးဖြတ်လိုက်ပါပြီ။ လာမယ့် ရက်တွေအတွင်း ညိနှိုင်းမှု ပြန် စလာနိုင်ပါတယ်။

၂၀၂၄ မှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် နည်းပြ အန်ဆယ်လော့တီဟာ ဘရာဇီး လက်ရွေးစင်အသင်းကို တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပါတယ်။