မနေ့ညက အာဆင်နယ်အသင်းဟာ ဂျာမနီ မှာ နုရင်ဘတ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားပြီး ၁-၁ နဲ့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဒီ ခြေစမ်းပွဲမှာ အာဆင်နယ် ကြယ်ပွင့် အချို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ အင်္ဂလန်မှာ ဝတ်ဖိုဒ့်နဲ့ ခြေစမ်းခဲ့ သေးပေမယ့် နုရင်ဘတ်နဲ့ပွဲကတော့ တရားဝင် ခြေစမ်းပွဲ ဖြစ်ခဲ့ပါတယ်။
ဒီပွဲ မတိုင်ခင်မှာ အိုဒီဂတ်၊ ထရော့ဆတ်တို့ ဒဏ်ရာရနေသလို လူငယ်ကြယ်ပွင့် မာလော့လည်း ဒဏ်ရာရခဲ့သေးတာမို့ ဗီအဲရာနဲ့ လူစားလဲခဲ့ရပါတယ်။
အာတီတာကပဲ ” မာတင် အိုဒီဂတ်နဲ့ ထရော့ဆတ်တို့က ကြံ့ခိုင်မှု ရုန်းကန်နေရပါတယ်။ အခြားအပတ်ကလည်း အချို့ ကစားသမားတွေ ကြံ့ခိုင်မှု ပြဿနာတွေ ရှိနေတာကြောင့် ကျနော်တို့ သတိထားရပါမယ်။
အခုက ရာသီကြိုဖြစ်ပြီး အချို့ ကစားသမားတွေက လေ့ကျင့်ချိန် ၂ ခု၊ ၃ ခုပဲ ဝင်ရသေးတာမို့ ကျနော်တို့ တစ်လှမ်းချင်း အာရုံ စိုက်သွားရပါမယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အိုဒီဂတ်နဲ့ ပတ်သက်လို့တော့ နည်းပြအာတီတာကပဲ ” သွေပူလေ့ကျင့်နေတုန်း သူ တစ်ခုခု ခံစားခဲ့ရတယ်။ ကြွက်သား ဘက်က ဖြစ်မယ် ထင်ပါတယ်။ ကစားဖို့ အဆင်မပြေဘူးလို့ သူခံစားခဲ့ရတာပါ။ ထရော့ဇက်လည်း တူတူပါပဲ။ ဒဏ်ရာတွေက မပြင်းထန်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆက်ပြောခဲ့ပါတယ်။
အာဆင်နယ်အတွက် အကောင်းမြင်စရာကတော့ ကွင်းလယ်လူ ဟာဗက်ဟာ ၄၅ မိနစ်ကြာ စတင် ပါဝင်ခဲ့ပါပြီ။ သောကြာနေ့မှာပဲ ဒီကလန်ရိုက်စ် အပြောင်းအရွှေ့ ပြီးမြောက်မယ်လို့ သိရပါတယ်။