၂၀၂၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးရ အချက်အလက်တွေကို ကိုးကားပြီး အင်္ဂလန် သတင်းဌာန စကိုင်းဘက်က ပရီးမီးယားလိဂ်ရဲ့ အားပေးမှု အကောင်းဆုံး ကွင််း(၅) ကွင်းကို ဖော်ပြလာပါတယ်။

ဒီမဲပေးမှုကို ပရီးမီးယားလိဂ် ပရိသတ်တွေက သူတို့ ဆန္ဒသဘောထားကို အွန်လိုင်းကနေ vote ပေးပြီး ရွေးချယ်ခဲ့တာလို့ Sky က ဖော်ပြပါတယ်။ ထပ်ဆုံးမှာ အန်ဖီးကွင်းရှိနေပြီး ဒီတစ်ကြိမ် အပါဆိုရင် လီဗာပူး အိမ်ကွင်းဟာ ၃ ရာသီဆက် အကောင်းဆုံး ကွင်းအဖြစ် မဲပေးခံရခြင်း ဖြစ်ပါတယ်။

ဒီစာရင်းအတွက် အန်ဖီးကွင်းက ၂၇% ဖြင့် မဲပေးခံရခြင်းဖြစ်ပြီး ဒုတိယနေရာမှာ စိန့်ဂျိမ်းပက်ခ်က ၁၆%၊ တတိယနေရာမှာ အိုးထရတ်ဖိုဒ့်ကွင်းက ၁၀% တို့ ရွေးချယ်ခံရပါတယ်။ နယူးကာဆယ်ဟာ ပိုင်ရှင် အပြောင်းအလဲ နောက်ပိုင်း ရလဒ်တွေ တိုးတက်လာကာ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိထားပါတယ်။

အဆိုပါ ကွင်း ၃ ကွင်းရဲ့ နောက်မှာတော့ အမ်းမရိတ်ကွင်းနဲ့ အီသီဟဒ်တို့ အစဉ်လိုက် ရပ်တည်နေပါတယ်။