ဟွိုင်လန်းကို လက်လွတ်လိုက်ရတဲ့ ပီအက်စ်ဂျီဟာ ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ကာလို ရာမိုစ့်ကို ယူရို သန်း ၈၀ ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
စပါးအသင်းဟာ အာဂျင်တီးနား ကလပ် Rosario Central အသင်းမှ အသက် ၂၀ အရွယ် တိုက်စစ်မှူး ဗယ်လစ်ကို ခေါ်ယူဖို့ စကားပြောဆိုနေပါပြီ။
တူရကီကလပ် ဂါလာတာစရေး အသင်းဟာ မန်ယူ ကွင်းလယ်လူ ဖရတ်ကို ခေါ်ယူလိုနေဆဲ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက မန်စီးတီး အစွန်လူ ကန်ဆယ်လိုအတွက် ကြိုးစားနေဆဲဖြစ်ကာ ပေါ်တူဂီသားကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင် ဗယ်လာဒိုးလစ်မှ ဖရက်စနာဒါကို ပြောင်းလဲ ချိတ်ဆက်ပါမယ်။
လူကာကူနဲ့ ဂျူဗင်တပ်တို့ဟာ ၃ နှစ်စာချုပ်အပြင် နောက်ထပ် ၁ ရာသီ စာချုပ်ချုပ်ခွင့်နဲ့ သဘောတူညီမှု ရခဲ့ပါပြီ။ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဝန်းကျင် တန်ကြေးရှိမှာဖြစ်ကာ ချယ်ဆီးဘက်က ဗလာဟိုဗစ်ကို ခေါ်ယူလိုမလား စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
အာဆင်နယ် တိုက်စစ်မှူး ဘာလိုဂန်ကို ခေါ်ယူရေးကနေ နောက်ဆုတ်ခဲ့တဲ့ အင်တာမီလန်ဟာ ဝက်စ်ဟမ်း တိုက်စစ်သမား စကမ်မက်ကာကို ယူရို ၂၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
မန်စီးတီးဟာ လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီအောကို ယူရို သန်း ၉၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီခဲ့ပြီဖြစ်ကာ ထပ်တိုးကြေးတွေနဲ့ဆိုရင် ယူရို သန်း ၁၀၀ ကို ရောက်ရှိနိုင်ပါတယ်။
တိုက်စစ်မှူး ဂျေဆု ဒူးဒဏ်ရာ ရသွားခဲ့တာမို့ သူ့နေရာမှာ ဘာလိုဂန်ကို ယာယီ အသုံးပြုရဖွယ် ရှိနေပါတယ်။
စပါးအသင်းဟာ ဝုဒ်ဘတ် ခံစစ်မှူး ဗန်ဒီဗန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေက အချိန်အတော်ကြာကြာတည်းက အောင်မြင်ထားပါပြီ။
အာဆင်နယ် တိုက်စစ်မှူး ပေပေကို ခေါ်ယူဖို့ တူရကီကလပ် ဘက်ဆစ်တက် အသင်းက စိတ်ဝင်စားလာနေပါတယ်။