ပြီးခဲ့တဲ့ အမ်းမရိတ်ဖလား ပွဲ မတိုင်ခင်မှာ အာဆင်နယ် တိုက်စစ်မှူး ဂျေးဆုဟာ ဒဏ်ရာ ရသွားတာကြောင့် ပါဝင် ကစားနိုင်ခြင်း မရှိခဲ့ပါူဘး။

မနှစ်ကရာသီမှာ ဒဏ်ရာကြောင့် ၄ လကြာ အနားယူခဲ့ရဖူးတဲ့ ဂျေးဆုဟာ ဒူး ခွဲစိတ်ထားတဲ့ နောက်ဆက်တွဲ အဖြစ် အနားယူရဦးမယ် လို့ သိရပြီး သီတင်းပတ် အနည်းငယ် လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

ဂျေးဆုရဲ့ အခြေအနေအတွက် အာတီတာကပဲ ” ကံမကောင်းစွာဘဲ ဂျေးဆုက နည်းနည်း စောင့်ကြည့် စစ်ဆေးမှု ခံယူနေရပါတယ်။ သူ့ရဲ့ ဒူးမှာ မသက်မသာဖြစ်တဲ့ ခံစားချက်ရှိခဲ့တာမို့ အဲ့တာကို ဖြေရှင်းဖို့ လုပ်ခဲ့ရတာပါ။ ကိစ္စကြီး မဟုတ်ပေမယ့် သူ သီတင်းပတ် အချို့တော့ အနားယူရမယ်ထင်တယ် ” လို့ ပြောပြခဲ့တာပါ။

နည်းပြ အာတီတာအတွက် ဂျေးဆုနေရာမှာ စီမံဖို့ ရွေးချယ်စရာ ၂ ခု ရှိပါတယ်။ ပထမတစ်ခုက အသက် ၂၄ နှစ် အရွယ် တိုက်စစ်မှူး အန်ကတ်တီးရားကို အထောင် တိုက်စစ်နေရာ တိုက်ရိုက် အသုံးချဖို့ ဖြစ်ပါတယ်။ အန် ကတ်တီးရားဟာ မိုနာကိုပွဲမှာ ဂျေးဆုအစား ပွဲထွက်လာခဲ့ပြီး သွင်းဂိုး ရယူခဲ့ပါတယ်။

ဒုတိယ ရွေးချယ်စရာကတော့ ရာသီကြိုမှာ ခြေစွာနေတဲ့ ထရော့ဇတ်ကို တိုက်စစ်မှူးနေရာက ပွဲထွက်ကာ မာတင်နယ်လီ၊ ဆာကာတို့ဖြင့် တွဲပေးလိုက်ဖို့ ဖြစ်ပါတယ်။ ထရော့ဇက်က ကွင်းလယ်တိုက်စစ်၊ ဘယ်တောင်ပံ၊ ညာတောင်ပံနဲ့ တိုက်စစ်မှူး နေရာစုံမှာ ကစားနေပါတယ်။

ဒါဟာ အကောင်းဆုံး ရွေးချယ်မှု ၂ ခုဖြစ်ပေမယ့် လိုအပ်လာမယ်ဆိုရင် ချယ်ဆီးမှာ ကစားခဲ့သလိုပဲ ကိုင် ဟာဗက်ကို တိုက်စစ်မှူးနေရာ အသုံးပြုနိုင်သေးတာ ဖြစ်ပါတယ်။

ဂျေးဆု မပါဝင်နိုင်ပေမယ့် အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ရာသီအစ ပွဲတွေကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။