ဆော်ဒီကလပ် အယ်နက်ဆာ အသင်းဟာ မန်စီးတီး နောက်ခံလူ လာပေါ့တ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကို အတိအကျ မသိရသေးသလို ကစားသမားနဲ့ ဆက်လက် ညှိနှိုင်းနေပါတယ်။

မက်ဂွဲရား ကိစ္စ အပြီးသတ်ဖို့ ကြံ့ကြာနေခြင်းကြောင့် ဝက်စ်ဟမ်းဟာ အင်္ဂလန်ခံစစ်မှူးကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူရေးကနေ နောက်ဆုတ်သွားပါပြီ။ မက်ဂွဲရားဟာ ယူနိုက်တက်ထံက လျော်ကြေး ပေါင် ၇ သန်းကို တောင်းဆိုနေခဲ့တာကြောင့် အချိန်ကြာနေခဲ့တာပါ။

ချယ်ဆီး ကွင်းလယ်လူ ကာဆာဒီဟာ လက်စတာအသင်းထံ တစ်ရာသီ အငှားဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို ၂၀၂၆ ထိ သက်တမ်းတိုး ဖို့ သဘောတူညီမှု ရသွားခဲ့ပါပြီ။ စာချုပ် လက်မှတ်ထိုးမှုကို ဒီသီတင်းပတ်ကုန် နောက်ဆုံးထား လုပ်ဆောင်မှာပါ။ ဘာနာဒိုဟာ ယခင်က ဘာစီလိုနာ ထံ သွားဖို့ သတင်းကြီးခဲ့ပါသေးတယ်။

ချယ်ဆီးဟာ တောင်ပံသမား အိုလစ်အတွက် စာချုပ် ဖျက်သိမ်းကြေး ပေါင် ၃၅ သန်းပေးဖို့ သဘောတူလိုက်ကာ ပြင်သစ်သားကို လက်မှတ်ထိုးနိုင်ဖို့ ဆက်လက် လှုပ်ရှားနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပီအက်စ်ဗီ ကွင်းလယ်လူ ဆန်ဂါရေးကို စာချုပ်ပါကြေး ယူရို ၃၇ သန်းပေးဖို့ ညိနှိုင်းနေပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပါပြီ။

ဆော်ဒီကလပ် အယ်နက်ဆာ အသင်းက လီဗာပူး ဂိုးသမား အယ်လီဆန်ကို ခေါ်ယူလိုပေမယ့် ဘရာဇီး လက်ရွေးစင်က မာဆေးဆိုဒ်မှာပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒီဘရိုင်း ဒဏ်ရာကြောင့် ၄ လဝန်းကျင် အနားယူရမှာဖြစ်ကာ မန်စီးတီးဟာ ကွင်းလယ် ကစားသမား တစ်ဦးကို စတင် ရှာဖွေနေပြီ ဖြစ်ပါတယ်။

ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာဟာ ချယ်ဆီးအသင်းထံ တရားဝင် မရောက်သေးပေမယ့်လို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဝန်းကျင်ဖြင့် သဘောတူညီမှု ရရှိမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပဲလေစ့်မှာ အိုလစ်ကို ချယ်ဆီးအသင်းထံ လက်လွတ်ရတဲ့နောက် ပြင်သစ်လိဂ်မှ တိုက်စစ်သမား ဒိုကူကို ခေါ်ယူနိုင်ရေး ကြိုးစားနေပြီး ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာနဲ့ ပဲလေစ့် ကွင်းလယ်လူ ဒိုကူရေတို့ကို ချိန်ရွယ်လာပေမယ့် ၎င်းတို့အတွက် ပေါင် သန်း ၆၀ နဲ့ ပေါင် သန်း ၇၀ တို့ ပေးရမှာဖြစ်ပါတယ်။

အာဆင်နယ်က ဂိုးသမား ရာယာကို အပြီး ဝယ်ယူလိုပေမယ့် ကနဦး အငှားဖြင့် ခေါ်ယူခြင်းဟာ FFP စည်းမျဉ်းနဲ့ မငြိစွန်းအောင် ဖြစ်ပါတယ်။