မန်ချက်စတာ ယူနိုက်တက်ရဲ့ အဝေးကွင်းမှာ စပါး ကို ၂-၀ နဲ့ အရေးနိမ့်တဲ့ပွဲ အပြီးမှာ ယူနိုက်တက် အသင်းသား အချို့အား သရဲနီဟောင်းကြီး ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးတို့က ဝေဖန်လိုက်ပါတယ်။
ယူနိုက်တက်ဟာ ဂိုး အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ကစားကွက်ပိုင်းမှာ စပါးတို့ရဲ့ လွှမ်းမိုးမှုကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဘစ်ဆိုမာနဲ့ မတ်ဒီဆန်တို့ရဲ့ အားကောင်းတဲ့ ကစားမှုကို မေဆန်မောင့်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။
ယူနိုက်တက် ရုန်းကန်ရတဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး ရွိုင်ကိန်းက ‘ ရက်ဖိုဒ့်က အလယ်ကြောကနေ ထပ်ပြီး ကစားခဲ့ပါတယ်။ သူက ကွင်းလယ်ကနေ ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ ကလေးတစ်ယောက်လိုပါပဲ။ သူ့ရဲ့ ပထမ ထိချက်တွေက ကွင်းလယ်မှာ မကစားချင်ပဲ ကစားနေရတဲ့ သူတစ်ယောက်ရဲ့ ပုံစံတွေပါ။ ’ လို့ ဝေဖန်ပါတယ်။
ဂယ်ရီနဗီးကတော့ ‘ နှစ်ပွဲလုံး မေဆန်မောင့် ရုန်းကန်နေရပါတယ်။ ဆစ်ဆိုမာနဲ့ မတ်ဒီဆန်တို့က ယူနိုက်တက် ကွင်းလယ်ကို လွှမ်းမိုးသွားခဲ့တာပါ။ ရာသီစပဲ ရှိသေးတာမို့ သိပ်ပြီး လွန်လွန်ကျူးကျူး တုန့်ပြန်တာတွေ လုပ်ဖို့ မလိုသေးပေမယ့် ယူနိုက်တက် ကွင်းလယ်က အားဖြည့်ဖို့ လိုနေပါတယ်။
နည်းပြ တန်ဟက်က တော်မီနေးကို ပြန်သုံးဖို့ လိုအပ်တယ်။ ဒါပေမယ့် လူစားလဲမှု ၅ ခုလောက် လုပ်ခဲ့တာမို့ လုပ်ခွင့်မသာခဲ့ဘူး။ ပိုင်ရှင်က မက်ဂွဲရားကို မရောင်းနိုင်သေးသမျှ ကစားသမားသစ်ရမှာ မဟုတ်ဘူးလို့ ပြောထားတယ်။ တော်မီနေးလည်း တူတူပါပဲ။
ကုန်ခဲ့တဲ့ နှစ်တွေမှာ တော်မီနေးက ဘောလုံးကိုင် ကစားဖို့ မလုံလောက်ဘူးလို့ ပရိသတ်တွေ မြင်ထားကြပေမယ့် ပြိုင်ဘက်ရဲ့ ကစားကွက်ကို ဖြိုခွင်းဖို့ဆိုရင် သူ့လိုလူ လိုအပ်ပါတယ်။ ’ က ဆိုသွားခဲ့တာ ဖြစ်ပါတယ်။