အင်္ဂလန်သား တိုက်စစ်မှုး ရာဟင်း စတားလင်းကတော့ ချယ်ဆီးမှာ သူ့ခြေစွမ်းက အကောင်းဆုံး ဆိုတဲ့နားကို မနီးစပ်သေးကြောင်း ဝန်ခံစကား ဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ နယူးအင်္ဂလန် ဂိုးသမား ပီထရိုဗစ်ကို ၇ နှစ်စာချုပ်ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ ဆားဘီးယားသား အတွက် ချယ်ဆီးက ပြောင်းရွှေ့ကြေး ပေါင် ၁၂.၅ သန်း + ထပ်ဆောင်းကြေး ၁.၅ သန်းနဲ့ ခေါ်ယူမှာ ဖြစ်ပါတယ်။

ချယ်ဆီးအကယ်ဒမီထွက် လူငယ် ကြယ်ပွင့်လေး လူးဝစ် ဟောလ်ကို ခေါ်ယူနိုင်လိုက်ကြောင်း နယူးကာဆယ် အသင်းက တရားဝင် ကြေညာသွားပါတယ်။

ဟောလ်ကို ကာဆယ်က ကနဦး အငှား၊ သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည် ရောက်ရင် ပေါင် ၂၈ သန်း + ၇ သန်း နဲ့ ဝယ်ယူနိုင်မှာပါ။

အာဆင်နယ် အသင်းထံမှ တိုက်စစ်မှုး ဘာလိုဂန်ကို ခေါ်ယူဖို့ ချယ်ဆီး ဆွေးနွေး ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ဂန်းနားတွေကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅ဝ ကျော်မှ ရောင်းမယ်လို့ ဆိုနေပါတယ်။

အိုဒွိုင်းကို ခေါ်ယူရေး ဖူလ်ဟမ် က ကစားသမားနဲ့ သဘောတူညီမှု ရထားပြီး ဖြစ်ပေမယ့် အဲဗာတန်နဲ့ နော့တင်ဟမ် ဖောရက်စ်တို့ကလည်း ပါဝင် ချိတ်ဆက်လာပါတယ်။ ဖူလ်ဟမ်က ချယ်ဆီးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုတော့ မရသေးပါဘူး။

တိုက်စစ်မှုး လူကာကူ အပြောင်းအရွှေ့ အတွက် ချယ်ဆီးနဲ့ ဂျူဗင်တပ်တို့ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။